spot_img

လီဗာပူးနဲ့ သရေရလဒ်အပြီး အဝတ်လဲခန်းထဲ ဘာဖြစ်ခဲ့လဲ ဆိုတာ ပြောပြလိုက်ပြီး ဒီနေ့ ဂိုးအတွက် အံ့သြမိကြောင်း ပြောလိုက်တဲ့ ပေါ့ဂ်ဘာ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက် မှာတော့ ပရီးမီးယားလိဂ် ရဲ့ ရာသီဝက် ပွဲစဉ် အဖြစ် ခရာဗန် ကော့တေ့ဂျ် ကွင်းထဲမှာ ဖူလ်ဟမ် အသင်းနဲ့ အဝေးကွင်း ပွဲစဉ် ကစားခဲ့ ရပြီး 1 – 2 ဆိုတဲ့ ရလဒ် နဲ့ အတူ အဖိုးတန် နိုင်ပွဲကို ပိုင်ဆိုင် သွားနိုင်ခဲ့ ပါတယ် ။

ဒီပွဲ မှာတော့ ပွဲချိန် 5 မိနစ် ကတည်းက ဖူလ်ဟမ် အသင်း အတွက် တိုက်စစ် ကစားသမား ဖြစ်သူ လွတ်ခ်မန်း က ဦးဆောင်ဂိုး သွင်းယူ ပေးသွား နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ပွဲချိန် 21 မိနစ် မှာပဲ ဂိုးသမားရဲ့ ကာကွယ်မှုက လျှံထွက် လာခဲ့တဲ့ ဘောလုံးကို ကာဗာနီ က ပိတ်သွင်းပြီး ခြေပ သွားနိုင်ခဲ့ ပါတယ် ။

myan789

အဲ့ဒီနောက် ပွဲချိန် 65 မိနစ်မှာ အဝေး ကန်ချက် နဲ့ အတူ ပေါ့ဂ်ဘာ က ယူနိုက်တက် အတွက် ဦးဆောင်ဂိုး သွင်းယူ ပေးသွား နိုင်ခဲ့ ပါတယ် ။ အဲ့ဒီနောက် ပွဲစဉ်က အဆိုပါ ရလဒ်နဲ့သာ ပြီးဆုံး သွားခဲ့ ရပြီး နောက်က လိုက်ကစားခဲ့ရတဲ့ ယူနိုက်တက် တို့လည်း အဝေးကွင်း နိုင်ပွဲ ရယူ သွားနိုင်ခဲ့ကြ ပါတယ် ။

အဆိုပါ ပွဲစဉ် မတိုင်မီ မှာတော့ ယူနိုက်တက် တို့ဟာ အန်ဖီးလ် ကွင်းထဲမှာ လီဗာပူး အသင်းကို ဧည့်ခံ ကစားခဲ့ သေးပြီး 0 – 0 ဆိုတဲ့ ဂိုးမရှိ သရေ ရလဒ် ထွက်ပေါ် ခဲ့ပါ သေးတယ် ။ အဲ့ဒီ ပွဲမှာတော့ ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဂ်ဘာဟာ ဂိုးသွင်းဖို့ အခွင့်အရေးကောင်း ပိုင်ဆိုင်ခဲ့ပေမယ့် မပြောင်းလဲ နိုင်ခဲ့ပါဘူူး ။

ဒီအတွက် သူဟာ ဝေဖန်မှုတွေ ခံခဲ့ရပါသေးတယ် ။ ဒါပေမယ့် ပွဲအပြီး သူဟာ အဝတ်လဲခန်းထဲမှာ အသင်းဖော် တွေကို တောင်းပန် ခဲ့တယ်လို့ Metro က ဖော်ပြခဲ့ ပါတယ် ။ အခုတော့ ပေါ့ဂ်ဘာ က အဝတ်လဲခန်း ထဲမှာ သူဟာ စိတ်ပျက် ဒေါသထွက် နေခဲ့ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ကျွန်တော် အသင်းဖော် တွေကို တောင်းပန် ခဲ့တဲ့ ပုံစံ မဟုတ်ခဲ့ရ ပါဘူး ။ ဒါပေမယ့် ကျွန်တော် တစ်ကယ်ပဲ ရူးသွပ် နေခဲ့ ပါတယ် ။ တစ်ကယ် စိတ်ပျက် ဒေါသထွက် နေခဲ့တာပါ ။ ကျွန်တော်ဟာ သွင်းဂိုး တစ်ဂိုး သွင်းယူ နိုင်ဖို့ နီးစပ် ခဲ့ပါ သေးတယ် ။ ကျွန်တော် ပိုကောင်းအောင် လုပ်ပြ နိုင်ခဲ့သင့် ပါတယ် ”

” ဒီနေ့တော့ ဂိုးပေါက် ကန်တာက ဂိုးဝင် သွားခဲ့ပြီး ဒီအတွက် ပျော်ရွှင် ခဲ့ရ ပါတယ် ။ ဂိုးပေါက် ကန်ချက် အဆင်ပြေ သွားခဲ့ ပါတယ် ။ ဘယ်ခြေ ကန်ချက်က ဒီလောက် အထိ ဖြစ်သွား လိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ခဲ့ ပါဘူး ။ အကယ်လို့ မကြိုးစားဘူး ၊ မကန်ရဲဘူး ဆိုရင် ဘာဖြစ်လာမလဲ ဆိုတာ မသိနိုင်ဘူးလေ ”

” ဒါက တစ်ကယ့်ကို လှပတဲ့ သွင်းဂိုး ဖြစ်ခဲ့ပြီး လှပတဲ့ နိုင်ပွဲလည်း ဖြစ်သွားခဲ့ ပါတယ် ။ ကျွန်တော်တို့ ခက်ခက်ခဲခဲ အနိုင်ရခဲ့တာပါ ။ ဒီလို ခက်ခဲမှုတွေ ကြုံရမယ် ဆိုတာ ကျွန်တော်တို့ ကြိုတင် သိခဲ့ကြ ပါတယ် ။ ကျွန်တော်တို့ဟာ ကြိုးစားပြီး လှပတဲ့ နည်းလမ်း နဲ့ နိုင်ပွဲ ရယူ သွားနိုင်ခဲ့ကြ ပါတယ် ” လို့ ပေါ့ဂ်ဘာ က ဖွင့်ပြော သွားခဲ့လိုက် ပါတယ် ။

အခုတော့ အဆိုပါ နိုင်ပွဲကြောင့် ယူနိုက်တက် တို့ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ပြန်လည် ဦးဆောင် နိုင်ခဲ့ကြပြီး အမှတ်ပေး ဖလားကို စိန်ခေါ်ရေး လမ်းကြောင်း အပေါ် ရောက်ခဲ့ကြ ပါတယ် ။ ပေါ့ဂ်ဘာကတော့ သူနဲ့ သူရဲ့ အသင်း နိုင်တဲ့ အခါမှာ ပျော်ရွှင်မှု တွေသာ ခံစားရကြောင်း ပြောခဲ့လိုက် ပါတယ် ။

” ကျွန်တော် အရင်က ပြောခဲ့သလို ပါပဲ ။ နိုင်ပွဲ တွေကို ကျွန်တော် ချစ်မြတ်နိုး ပါတယ် ။ ကျွန်တော့် ခေါင်းထဲ နိုင်ဖို့ အတွေးတွေပဲ ရှိနေ ပါတယ် ။ ကျွန်တော် ကွင်းထဲ ရှိတဲ့ အခါတိုင်း ရရှိတဲ့ နိုင်ပွဲတွေ အတွက် ပျော်ရွှင် နေမှာပါ ။ ရှုံးတဲ့ အခါတော့ ကျွန်တော် တစ်ဖန် ပြန်လည် ဒေါသ ထွက်မိ ပါလိမ့်မယ် ။ ကျွန်တော် က ဒီလို ပါပဲ ” လို့ ပေါ့ဂ်ဘာ က ဖြေကြားခဲ့ ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular