spot_img

ဗာဂျယ်ဗန်ဒိုက်ရဲ့ ဒဏ်ရာနဲ့ ပက်သက်ပြီး အပေါင်းလက္ခဏာဆောင်တဲ့ အခြေအနေကို ပြောပြသွားခဲ့ကြတဲ့ ကလော့ နဲ့ လော့ဗရန်

လီဗာပူး နည်းပြ ယာဂန်ကလော့က ပြင်းထန်တဲ့ ဒူးဒဏ်ရာ ကနေ ဗာဂျယ်ဗန်ဒိုက်ရဲ့ ပြန်လည် နလန်ထမှုဟာ အရမ်းကို အလားအလားကောင်း နေတယ်လို့ ပြောလိုက်တာကြောင့် နယ်သာလန် နောက်ခံလူ အနေနဲ့ ဒီရာသီ လီဗာပူး အတွက် ပြန်လည် ကစား ပေးနိုင်ဖို့ ဖြစ်နိုင်ခြေ ရှိနေ ပါသေးတယ်။ နယ်သာလန် နောက်ခံလူဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက မာဆေးဆိုက် ဒါဘီပွဲစဉ်မှာ အဲဗာတန် ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ်ရဲ့ ဆိုးရွားတဲ့ challenge ကြောင့် ဒူးအရွတ် စုတ်ပြဲ ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။

ဗန်ဒိုက် အနေနဲ့ အဆိုပါ ဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူဖို့ လိုအပ်ခဲ့ကာ ခွဲစိတ်မှု အောင်မြင် ခဲ့ပေမယ့်လည်း လီဗာပူး ဘက်ကတော့ ၎င်းပြန်လာမယ့် အချိန်ကို သတ်မှတ် ထားခဲ့ခြင်း မရှိပါဘူး။ အသက် ၂၉ နှစ် အရွယ် နောက်ခံလူ အနေနဲ့ လာမည့် ရာသီမှသာ အသင်း အတွက် ပြန်ကစား ပေးနိုင်မယ်လို့ ယူဆ ခဲ့ကြပေမယ့်လည်း လက်ရှိ ဗန်ဒိုက်ရဲ့ recovery ဟာ မျှော်လင့်ထား ခဲ့တဲ့ အတိုင်း တိုးတက်မှုတွေ ကောင်းမွန် နေတာကြောင့် ဒီရာသီ မကုန်မီ ပြန်ကစား နိုင်မယ် ဆိုတဲ့ ယူဆချက်တွေ မြင့်တက် လာခဲ့ပါတယ်။

myan789

ကလော့ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဗန်ဒိုက်ရဲ့ အခြေအနေကို check လုပ်ခဲ့ပြီး မနေ့ညက ဘန်လေနဲ့ ပွဲစဉ် မတိုင်မီ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေက ဗန်ဒိုက် အနေနဲ့ ဒီရာသီ အသင်း အတွက် ပြန်ကစား ပေးနိုင်ဖို့ ရှိနေသလား ဆိုပြီး မေးမြန်း ခဲ့ပါတယ်။

ကလော့က “ဖြစ်နိုင်ခြေ ရှိသလား ဖြစ်နိုင်ခြေ မရှိဘူးလား ဆိုတာကို ကျွန်တော်လည်း မသိပါဘူး။ ကျွန်တော်ဟာ ဒီကိစ္စကို ၁၀၀% အတိအကျ အကဲဖြတ် နိုင်တဲ့သူ မဟုတ်ပါဘူး။ သူ့ရဲ့ အခြေအနေ တကယ် ကောင်းနေပါတယ်။ ကျွန်တော် ဒီမနက် သူနဲ့ စကား ပြောဆို ခဲ့ပါတယ်။ ကျွန်တော် သူ့ကို ဖုန်းခေါ် ခဲ့တာ ဖြစ်ပြီး သူဟာ တကယ့်ကို mood ကောင်းနေ ပါတယ်။ ဒါ့ကြောင့် ဒါဟာ အရမ်းကို အလားအလာ ကောင်းနေတဲ့ ပုံစံပါပဲ။ ဒါပေမယ့် သူ ဘယ်အချိန် ပြန်လာနိုင် မလဲ ဆိုတာ ကျွန်တော် မသိပါဘူး။

သူ့အနေနဲ့ recovery လုပ်ရာမှာ ကျော်ဖြတ် သွားရမယ့် အဆင့်တွေ အများကြီး ကျန်နေသေးတာ ကတော့ အသေအချာ ပါပဲ။ ဒါကတော့ ရှင်းပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း ဒီလိုမျိုး ဒဏ်ရာ ရခဲ့ဖူး ပါတယ်။ ဒါပေမယ့် အခုချိန်မှာ သူ နားနေရတာ အချိန်အတိုင်းအတာ တစ်ခု ရှိနေပါပြီ။ သူ့ရဲ့ ပြန်လည် နလန်ထတဲ့ လုပ်ဆောင်မှု တွေကလည်း အချိန်တစ်ခု ရှိနေတယ်။ သူ့ရဲ့ အခြေအနေဟာ အရမ်း အရမ်းကို အလားအလာကောင်း နေပါတယ်။ ဒါပေမယ့် ဒီလောက်ပဲ ပြောနိုင်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

လီဗာပူး နောက်ခံလူဟောင်း ဒီဂျန်လော့ဗရန် ကလည်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဒူဘိုင်းမှာ ပြန်လည် နလန်ထမှု လုပ်နေတဲ့ ဗန်ဒိုက်နဲ့ ရိုက်ထားတဲ့ ဓာတ်ပုံကို လူမှုကွန်ယက်ကို တင်ကာ နယ်သာလန် နောက်ခံလူရဲ့ အပေါင်းလက္ခဏာဆောင် နေတဲ့ နောက်ဆုံးရ ဒဏ်ရာ အခြေအနေကို ပြောပြ သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ခရိုအေးရှား နောက်ခံလူက ဗန်ဒိုက် အနေနဲ့ ကြံ့ခိုင်မှု ၁၀၀% မပြည့်မီ ယူရိုပြိုင်ပွဲ အတွက် ရွေးချယ်ခံရဖို့ အတွက် သတ်မှတ်ထားတဲ့ အချိန်ထက် စောကာ ပြန်ကစားဖို့ တိုက်တွန်း ခဲ့ပါတယ်။

လော့ဗရန်က “သူ့ရဲ့ recovery နဲ့ ပက်သက်ပြီး ကျွန်တော်တို့ စကား ပြောဖြစ် ခဲ့ကြပါတယ်။ ခင်ဗျားတို့ သိကြတဲ့ အတိုင်းပဲ ဗာဂျယ်ဟာ ပြင်းထန်တဲ့ ဒူးအရွတ် စုတ်ပြဲ ဒဏ်ရာကို ရခဲ့တာပါ။ ဒီဒဏ်ရာ ရခဲ့တဲ့ အချိန်မှာ ပထမဦးဆုံး မှာတော့ သူ ဘာကိုမှ မခံစား မိခဲ့ပါဘူး။ သူ လမ်းလျှောက် ခဲ့တာကြောင့် အားလုံး အိုကေတယ်လို့ ထင်ခဲ့ပေမယ့် ခြေလှမ်း အနည်းငယ် လှမ်းပြီးတဲ့နောက်မှာ အခြေအနေက ဆိုးသထက် ဆိုးလာ ခဲ့ပါတယ်။

ဒါပေမယ့် သူမကြာခင် ပြန်ကစား နိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့် ပါတယ်။ ကျွန်တော် ဗန်ဒိုက်ကို ယူရိုပြိုင်ပွဲ အမှီ ပြန်လည် ကြံ့ခိုင်မှု ရှိဖို့ အတွက် recovery ကို အလောတကြီး မလုပ်သွားဖို့ အကြံပေးခဲ့ပါတယ်။ ဒါဟာ ပြန်လည် ဒဏ်ရာ ရဖို့ အန္တရာယ် ရှိပါတယ်။ စိတ်ရှည်ရှည် လုပ်သွားတာ ကပဲ အကောင်းဆုံးပါ။ ဗာဂျယ်ဟာ အသက် ၂၉ နှစ်သာ ရှိသေးတဲ့ ငယ်ရွယ်တဲ့ နောက်ခံလူ ဖြစ်ပါတယ်။ သူ့ရဲ့ ကစားသမား ဘဝမှာ အဓိက ပြိုင်ပွဲကြီးတွေ အများကြီး ကစား ရအုံးမှာပါ။” လို့ ပြောခဲ့ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular