လီယွန်နယ် မက်ဆီ နဲ့ ခရစ္စတီယာနို ရိုနယ်ဒို တို့ အကြားမှာ ဘယ်သူက ပိုကောင်းတဲ့ ကစား သမားလဲ ဆိုတာ ကို အခုချိန်ထိ ငြင်းခုန်နေကြ ဆဲပါပဲ ။ ဒါပေမယ့် သေချာတာ တစ်ခု ကတော့ ရိုနယ်ဒို ဟာ ဂိုးသွင်း အရမ်း ကောင်းတဲ့ ကစား သမား ဆိုတာပါ ။ လာမယ့် ဖေဖော်ဝါရီ မှာ ၃၆ နှစ် ပြည့်တော့မှာ ဖြစ်ပေမယ့် ပေါ်တူဂီ သားကြီး ကတော့ ဂိုးတွေ သွင်းကောင်း နေတုန်း ပါပဲ ။ Greatest Goalscorer of All Time ဆိုတဲ့ ဂုဏ်ပုဒ် ဟာ ရိုနယ်ဒို အတွက် ထိုက်တန် ခဲ့ ပါတယ် ။
ရိုနယ်ဒို ဟာ မနေ့ ညက ကစား ခဲ့တဲ့ စူပါ ကိုပါ အီတလီယာ ဖလား ပွဲ ( အီတလီ စူပါ ဖလား ) မှာ နာပိုလီ ဘက်ကို ဂိုးသွင်းယူ ပြီး သူ့အတွက်ရော ယူဗင်တပ် အတွက်ပါ ကောင်းကျိုးတွေ ကို ယူဆောင် ပေးနိုင် ခဲ့ ပါတယ် ။ ဒုတိယပိုင်း ၆၄ မိနစ် မှာ ထောင့်ကန်ဘော ကနေ နာပိုလီ နောက်တန်းကို ထိပြီး ကျလာတဲ့ ဘောလုံးကို ရိုနယ်ဒို က အပိုင်အဆုံးသတ် ခဲ့တာပါ ။
ဒီဂိုး ဟာ ရိုနယ်ဒို ကို ပရော်ဖက်ရှင်နယ် ဘောလုံး သမား ဘ၀ မှာ တရားဝင် သွင်းဂိုးပေါင်း 760 ပြည့်မြောက် သွားစေ ခဲ့ပြီး ဂျိုဆပ် ဘီကန် ကို ကျော်ကာ သမိုင်း တစ်လျောက် ဂိုးအများဆုံး သွင်းတဲ့ ဘောလုံး သမား ဖြစ်လာခဲ့ ပါတယ် ။
ရိုနယ်ဒို ဟာ ဇန်နဝါရီ လ ၁၀ ရက်နေ့ တုန်းက ဆာဆူအိုလို အသင်း ကို ၃-၁ နဲ့ အနိုင် ရခဲ့တဲ့ ပွဲစဉ်မှာ ၇၅၉ ဂိုးမြောက် ကို သွင်းယူ ခဲ့ပြီး ဘီကန် နဲ့ ဂိုးအရေ အတွက်ချင်း တူညီ ခဲ့ ပါတယ် ။ နောက်ထပ် ၁၀ ရက် အကြာ မှာတော့ ရိုနယ်ဒို တစ်ယောက် ဒီစံချိန် ကို မောင်ပိုင် သိမ်းသွားခဲ့ ပါပြီ ။
ဒါတင် မကသေး ပါဘူး ။ ရိုနယ်ဒို ရဲ့ ဂိုးဟာ ယူဗင်တပ် ကို နာပိုလီ အပေါ် အသာရစေ ခဲ့ပြီး အီတလီ စူပါ ဖလား ကို ရရှိ စေခဲ့ ပါတယ် ။ နာပိုလီ ဘက်က မိနစ် ၈၀ ကျော်မှာ ပင်နယ်တီ ရခဲ့ပေမယ့် လော်ရန်ဇို အင်ဆစ်ဂ်နီ ရဲ့ ကန်ချက် လွဲချော် ခဲ့တာကြောင့် များစွာ နစ်နာ ခဲ့ရ ပါတယ် ။
ပွဲအပြီး မှာတော့ ပီယာလို အနေနဲ့ ယူဗင်တပ် နည်းပြ ဘ၀ ပထမဆုံး ဖလား ကို ရခဲ့သလို ရိုနယ်ဒို အနေနဲ့လည်း အီတလီ မြေကို ရောက်အပြီး တတိယ မြောက် ရာသီမှာ စူပါဖလား ကို ပထမဆုံး ဆွတ်ခူး နိုင်ခဲ့ တာပဲ ဖြစ် ပါတယ် ။
ရိုနယ်ဒို ရဲ့ ဂိုးသွင်းမှတ်တမ်းများ –
ညာခြေ – ၄၈၈ ဂိုး
ဘယ်ခြေ – ၁၃၈ ဂိုး
ခေါင်းတိုက် – ၁၃၁ ဂိုး
အခြားအစိတ် အပိုင်း – ၁ ဂိုး
လက်မောင်း – ၁ ဂိုး
ကစားကွက်မှ သွင်းဂိုး – ၅၆၉ ဂိုး
ပင်နယ်တီ – ၁၃၃ ဂိုး
ဖရီးကစ် – ၅၇ ဂိုး
အိမ်ကွင်း – ၄၁၅ ဂိုး
အဝေးကွင်း – ၃၀၄ ဂိုး
ကြားကွင်း – ၄၅ ဂိုး
ရိုနယ်ဒို ရဲ့ နှစ်အလိုက် သွင်းဂိုးများ ( ကလပ် + နိုင်ငံ )
၂၀၀၂ ( ၅ ) ၊ ၂၀၀၃ ( ၁ ) ၊ ၂၀၀၄ ( ၁၄ ) ၊ ၂၀၀၅ ( ၁၅ ) ၊ ၂၀၀၅ ( ၂၄ ) ၊ ၂၀၀၇ ( ၃၄ ) ၊ ၂၀၀၈ ( ၃၅ ) ၊ ၂၀၀၉ ( ၃၀ ) ၊ ၂၀၁၀ ( ၄၈ ) ၊ ၂၀၁၁ ( ၆၀ ) ၊ ၂၀၁၂ ( ၆၃ ) ၊ ၂၀၁၃ ( ၆၉ ) ၊ ၂၀၁၄ ( ၆၁ ) ၊ ၂၀၁၅ ( ၅၇ ) ၊ ၂၀၁၆ ( ၅၅ ) ၊ ၂၀၁၇ ( ၅၃ ) ၊ ၂၀၁၈ ( ၄၉ ) ၊ ၂၀၁၉ ( ၃၈ ) ၊ ၂၀၂၀ ( ၄၂ ) ၊ ၂၀၂၁ ( ၄ )
Most Official Goals in Football History –
၁၀ ။ အာသာ ဖရန်းဒရစ်ချ် – ၅၅၄ ဂိုး
၉ ။ ဖရန့်စ် ဒက် – ၅၅၈ ဂိုး
၈ ။ အူဆီဘီယို – ၆၁၅ ဂိုး
၇ ။ ဖရန့်စ် ပွတ်ရှ်ကပ် – ၇၀၆ ဂိုး
၆ ။ ဂတ်မူလာ – ၇၂၀ ဂိုး
၅ ။ ရိုမာရီယို – ၇၃၄ ဂိုး
၄ ။ မက်ဆီ – ၇၄၆ ဂိုး
၃ ။ ပီလီ – ၇၅၇ ဂိုး
၂ ။ ဂျိုဆပ် ဘီကန် – ၇၅၉ ဂိုး
၁ ။ ခရစ္စတီယာနို ရိုနယ်ဒို – ၇၆၀ ဂိုး
ရိုနယ်ဒို ဟာ ပေါ်တူဂီ လက်ရွေးစင် အသင်း အတွက်လည်း ၁၀၂ ဂိုး သွင်းထားပြီး လက်ရွေးစင် သမိုင်းရဲ့ ဂိုးသွင်း အများဆုံး ကစား သမား အလီဒါယီ ရဲ့ ၁၀၉ ဂိုး စံချိန်ကို ချိုးဖျက် နိုင်ဖို့ အလားအလာ ကောင်းတွေ ပိုင်ဆိုင် လို့ နေပါတယ် ။
မက်ဆီ နဲ့ GOAT ကိစ္စ မှာ အဖြေမထုတ် နိုင်ပေမယ့် Greatest Goalscorer of All Time မှာတော့ ရိုနယ်ဒို က သူ့ရဲ့ အမည်ကို ရေးထိုး လိုက်နိုင်ခဲ့ ပါပြီ . . . . .