spot_img

နောက်ပိုင်း ပွဲစဉ်တွေမှာ လီဗာပူး အသင်းရဲ့ ဂိုးပေါက် ပျောက်ဆုံးနေမှု အပေါ် ရှင်းပြလိုက်တဲ့ ယာဂန်ကလော့

ယာဂန်ကလော့က ပရီးမီးယားလိဂ်မှာ ဂိုးပေါက် ပျောက်နေတဲ့ သူ့ရဲ့ လီဗာပူး ကစားသမားတွေ အနေနဲ့ ဂိုးရှေ့မှာ ကျရှုံးဖို့ အသင့် ဖြစ်နေရန် ပြောသွားခဲ့ပါတယ်။ လီဗာပူးဟာ မန်ယူနိုက်တက် နဲ့ ပွဲစဉ်မှာ ဘောလုံး ပိုင်ဆိုင်မှု အသာစီးနဲ့ ကစားနိုင် ခဲ့ပေမယ့်လည်း ရှင်းလင်းတဲ့ အခွင့်အရေးတွေ ဖန်တီးနိုင်ရန် ရုန်းကန် ခဲ့ရပြီး အန်ဖီးမှာ မန်ယူနိုက်တက် နဲ့ ဂိုးမရှိသရေကျ သွားခဲ့ပါတယ်။

ရော်ဘတ်တိုဖာမီနိုဟာ ပထမပိုင်းမှာ အခွင့်အရေးကောင်းတွေ ရခဲ့ပေမယ့်လည်း အသုံးမချ နိုင်ခဲ့သလို တီယာဂိုအယ်ကန်တာရာရဲ့ အဝေးကန်ချက်ကိုလည်း ဒီဂီယာက ကာကွယ် သွားခဲ့ပါတယ်။ လီဗာပူးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး အများဆုံး အသင်း ဖြစ်နေ ပေမယ့်လည်း ၁၆ ခုနှစ် အတွင်း ပထမဦးဆုံး အကြိမ် ပရီးမီးယားလိဂ်မှာ ၃ ပွဲဆက် ဂိုးပေါက် ပျောက်ခဲ့ပါတယ်။

myan789

ဒါနဲ့ ပက်သက်ပြီး ကလော့က “ကြီးကြီးမားမား ခြားနား သွားတာ ဘာမှ မရှိပါဘူး။ ရလဒ်ပဲ ကွဲပြား သွားခဲ့တာပါ။ ကျွန်တော်တို့ ကြိုးစားတယ်။ ဂိုးမသွင်း နိုင်ခဲ့ပါဘူး။ ဒါမှမဟုတ် ကျွန်တော်တို့ ကြိုးစားတယ်။ ဂိုးရတယ်။ ရိုးရိုးသားသား ပြောရရင် ဒါပဲ ကြီးကြီးမားမား ခြားနား သွားတာပါ။ ကျွန်တော်တို့ ဒါနဲ့ ပက်သက်ပြီး ဘာမှ စိုးရိမ်စရာ မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဒီအပိုင်းကို အလုပ်လုပ် သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အချက်အလက် တွေကို လျစ်လျူရှု ထားတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အကောင်းဘက်ကို ပြန်ရောက်လာမယ်လို့ မျှော်လင့် ထားပါတယ်။

ဂိုးတွေ သွင်းယူနိုင်ဖို့ အတွက် တစ်ခုတည်းသော ဖြစ်နိုင်ခြေ ကတော့ ဂိုးသွင်းနိုင်တဲ့ အခြေအနေတွေ ဖန်တီး နိုင်ဖို့ပါပဲ။ ကျရှုံးမှုကို အတွက် အဆင်သင့် ပြင်ထားကာ ထပ်မံ ကြိုးစား သွားဖို့ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ အသင်း တောက်ပနေတဲ့ အချိန်မှာ ဆိုရင် ရသမျှ အခွင့်အရေးတိုင်းက ဂိုးဖြစ်နေခဲ့ပါတယ်။ ကျွန်တော်တို့ အခွင့်အရေး လွဲချော်မှု တွေကို ဒီထက် ပိုကောင်းအောင် ဖြေရှင်း သွားရမှာပါ။ ဒါကပဲ ခြားနားချက် ဖြစ်ပါတယ်။ အခြား မရှိပါဘူး။

ကျွန်တော့် အသင်း ကစားပုံကို ကျွန်တော် တွေ့ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ အသင်းဟာ super pass တွေ ၊ အရမ်းကောင်းတဲ့ counter-press တွေ ၊ ဂိုးသွင်းချင်တဲ့ စိတ်ဆန္ဒတွေနဲ့ ကောင်းကောင်း ကစားသွား ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဂိုးမသွင်း နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ အခွင့်အရေးတွေ ဖန်တီး သွားမှာ ဖြစ်ပြီး ဂိုးတွေလည်း ရလာမှာပါ။” လို့ ပြောလိုက် ပါတယ်။

ဆက်လက်ပြီး ကလော့က “ကျွန်တော်တို့ လာမည့် ကြာသာပတေးနေ့မှာ ဘန်လေနဲ့ ကစား သွားရပါမယ်။ သူတို့ဟာ ဂိုးတွေ သိပ်ပြီး ပေးရလေ့ မရှိတဲ့ အသင်း အဖြစ် နာမည်ကြီး ပါတယ်။ အဲဒီပွဲအပြီး ရက်အနည်းငယ် အကြာမှာ ကျွန်တော်တို့ အစွမ်းကုန် ကစားသွားမယ့် မန်ယူနိုက်တက်နဲ့ ထပ်မံ တွေ့ဆုံ ရအုံးမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ ဂိုးတွေ သွင်းယူ နိုင်အောင် လုပ်သွားမှာပါ။ လက်ရှိမှာ ကောင်လေးတွေ ကြုံတွေ့ နေရတဲ့ အခြေအနေကို ကျွန်တော် နားလည်ပါတယ်။ ကျွန်တော် သူတို့ကို တက်နိုင်သမျှ ကူညီ သွားမှာ ဖြစ်ပြီး ဖြစ်နိုင်သမျှ အမြန်ဆုံး အပြောင်းအလဲ ဖြစ်သွားအောင် လုပ်သွားမှာပါ။” လို့ ပြောခဲ့ပါတယ်။

ဒီပွဲစဉ်မှာတော့ အသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆန် နဲ့ ဖာဘင်ညို တို့ဟာ ဗဟိုခံစစ်မှာ တွဲဖက် ကစားခဲ့ကြပြီး ယူနိုက်တက် တိုက်စစ်ကို ပွဲချိန် အများစုမှာ ကောင်းကောင်း ထိန်းချုပ် နိုင်ခဲ့ပါတယ်။

ကလော့က “သူတို့ဟာ ခံစစ်ကို အကောင်းဆုံး ကစားခဲ့တဲ့ အပြင် ကောင်းမွန်တဲ့ build-up play တွေနဲ့ ယူနိုက်တက်တို့ press လုပ်ရတာ အရမ်း ခက်ခဲအောင် လုပ်ခဲ့ကြပါတယ်။ ယူနိုက်တက်ရဲ့ တကယ့် pressing situation ကို ကျွန်တော် မှတ်တောင် မမှတ်မိပါဘူး။ သူတို့ဟာ ဒါတွေ လုပ်ရာမှာ တကယ် ကောင်းတဲ့ အသင်းပါ။ ဒါ့ကြောင့် သူတို့ အတွဲ အကောင်းဆုံး လုပ်နိုင် ခဲ့ပါတယ်။” လို့ ဆိုသွား ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular