ပရီးမီးယားလိဂ်ရဲ့ အအောင်မြင်ဆုံး ကလပ် အသင်း နှစ်သင်း ဖြစ်ကြတဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ လီဗာပူး အသင်း တွေဟာ မနေ့ည ကတော့ အန်ဖီးလ် ကွင်းထဲမှာ ပရီးမီးယားလိဂ် ပွဲစဉ် 19 ကစားခဲ့ ကြပြီး 0 – 0 ဆိုတဲ့ ဂိုးမရှိ သရေ ရလဒ်ကိုသာ ဖော်ဆောင် နိုင်ခဲ့ကြ ပါတယ် ။
ဒီပွဲမှာတော့ လီဗာပူး အသင်းက ပိုမို ဖိအားပေး ကစားထားနိုင်ခဲ့ပေမယ့် ကြီးမားတဲ့ အခွင့်အရေးတွေ ကိုတော့ ယူနိုက်တက် အသင်းက ဖန်တီး သွားနိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် တူညီနေတာက နှစ်သင်းလုံးဟာ တိုက်စစ် ကစားပုံထက် ခံစစ်ကစားပုံ ပိုပြီး ထူးကဲ နေခဲ့ ကြတာ ပါပဲ ။
အဆုံးသတ် မှာတော့ သရေ ရလဒ် နဲ့ အတူ ယူနိုက်တက် တို့ဟာ အမှတ်ပေး ဇယားကို ဆက်လက် ဦးဆောင် သွားနိုင်ခဲ့ပြီး လီဗာပူး ကတော့ အဆင့် 4 အထိ ကျဆင်း သွားခဲ့ရ ပါတယ် ။ အခုတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား က သရေ ရလဒ် အတွက် စိတ်ပျက်ကြောင်း ပြောခဲ့လိုက် ပါတယ် ။
” ဟုတ်ပါတယ် ၊ ရိုးရိုးသားသား ပြောရမယ် ဆိုရင် ကျွန်တော်ဟာ လက်ရှိ အခိုက်အတန့်မှာ အနည်းငယ် စိတ်မကျေမနပ် ဖြစ်ခဲ့မိရ ပါတယ် ။ ဒါပေမယ့် ကျွန်တော် တို့ဟာ ပြိုင်ဖက်ကောင်း အသင်း နဲ့ ရင်ဆိုင်ခဲ့ ကြပြီး သူတို့ တွေဟာ ဘောလုံး ပိုင်ဆိုင်မှုလည်း ပိုများ ခဲ့ကြ ပါတယ် ”
” ခင်ဗျားဟာ ဒီကို လာရောက် ကစားတဲ့ အခါ ၊ သူတို့ အသင်းမှာ ဒဏ်ရာ ပြသနာတွေ အခုလို ဖြစ်နေခဲ့တာကို မြင်တွေ့ ရမယ် ဆိုရင် ခင်ဗျားက အနိုင် ရလဒ်ကို ရယူ နိုင်ခွင့် ရှိနေတယ်လို့ တွေးတောမိမှာ ပါပဲ ။ ဒါပေမယ့် ကျွန်တော်တို့ မရယူ နိုင်ခဲ့ ပါဘူး ။ နောက်ပွဲ နိုင်မယ် ဆိုရင်တော့ ဒီတစ်မှတ်က ok ပါတယ် ”
” ကျွန်တော် တို့ဟာ အနိုင် ရလဒ် ရရှိ နိုင်ဖို့ အတွက် လုံလောက်စွာ မကောင်းခဲ့ ကြဘူးလို့ ကျွန်တော် ထင်မိ ပါတယ် ။ အထူးသဖြင့် ပထမပိုင်း အတွင်းမှာပေါ့ဗျာ ။ ကျွန်တော် တို့ဟာ ပွဲစဉ် အတွင်း မှာတော့ ကောင်းသထက် ကောင်းအောင် ကစားပြ နိုင်ခဲ့ကြ ပါတယ် ”
” ပွဲစဉ် ပြီးဆုံးခါနီး မှာတော့ အနိုင် ရရှိနိုင်ခြေ ရှိတဲ့ အသင်းက ကျွန်တော်တို့ ဖြစ်ခဲ့ကြ ပါတယ် ။ ကျွန်တော် တို့ဟာ ကြီးမားတဲ့ အခွင့်အရေး နှစ်ကြိမ် အထိ ဖန်တီး သွားနိုင်ခဲ့ ကြတယ်လေ ။ သူတို့ရဲ့ ဂိုးသမား ကတော့ တစ်ကယ့်ကို တော်လွန်းတဲ့ ဂိုးပေါက် ကာကွယ်မှု နှစ်ကြိမ် လုပ်ပြ သွားနိုင်ခဲ့ ပါတယ် ”
” ကျွန်တော်တို့ ဒီထက် ပိုကောင်းအောင် ကစား နိုင်ခဲ့သင့် ပါတယ် ။ ဒါကို ကျွန်တော်တို့ သိကြ ပါတယ် ။ ကျွန်တော်တို့ ပိုပြီး စုစည်းစွာ ကစားရင်း ဘောလုံးကိုင် ကစားခွင့် ရနိုင် ခဲ့သင့် ပါတယ် ။ ကျွန်တော်တို့ မကြာခန ခံစစ် ကစားခဲ့ ကြရ ပါတယ် ။ ကျွန်တော်တို့ မကြာခန ဘောလုံး အပေးမှား ခဲ့ကြ ပါတယ် ”
” အချို့ အခိုက်အတန့်တွေ မှာတော့ ကျွန်တော်တို့ အခွင့်အရေး လွဲချော် ခဲ့ကြ ပါတယ် ။ မားကပ်စ် ကလည်း လူကျွံတာ များခဲ့တယ်လေ ။ သူ ပြေးထွက် သွားတဲ့ အခါတိုင်း ကျွန်တော်တို့ ဘောလုံး မပေးကောင်း မပေးခဲ့သင့် ပါဘူး ။ တစ်ခါတလေ ကျတော့ ဘောလုံး ပေးသင့်ပေမယ့် ကျွန်တော်တို့ မပေးနိုင် ခဲ့ကြပါဘူး ”
” ဒါ့ကြောင့် အချို့ အရာတွေမှာ ကျွန်တော်တို့ တွေဟာ ဆက်လက် တိုးတက်ဖို့ လိုအပ်တယ် ဆိုတာကို သိရှိ ခဲ့ကြရ ပါတယ် ။ ကျွန်တော်တို့ တွေဟာ အချိန်ကိုက် လှုပ်ရှားမှု ၊ ပေးပို့မှု တွေကို လုပ်ဆောင် နိုင်စွမ်း ကင်းမဲ့ နေခဲ့ကြ ပါတယ် ” လို့ ဆိုးလ်ရှား က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။