spot_img

‘နိုင်ပွဲယူပြီး လီဗာပူးပရိသတ် သူငယ်ချင်းဆီ သွားရောက်စကား ပြောရတာက အရမ်းကောင်းပါတယ်’ လို့ ပြောရင်း လီဗာပူးကို စကားစစ်ထိုးလိုက်တဲ့ ဘရူနို ဖာနန်ဒက်စ်

ဘရူနို ဖာနန်ဒက်စ် ဆိုတာ စပို့တင်း လစ္စဘွန်း အသင်းမှ မန်ချက်စတာ ယူနိုက်တက် အသင်းဆီကို ရောက်ရှိတာ အချိန် တစ်နှစ်နီးပါး ရှိနေခဲ့ ပါပြီ ။ ဒါပေမယ့် သူဟာ အခုထိ ခါးသီး ပြိုင်ဖက် ဖြစ်တဲ့ လီဗာပူး အသင်း နဲ့ ထိပ်တိုက် ရင်ဆိုင် ကစားခဲ့ဖူးခြင်း မရှိခဲ့သေး ပါဘူး ။

အခု တစ်ပါတ် မှာတော့ သူဟာ ယူနိုက်တက် ကစားသမား ဘဝ ရဲ့ ပထမဆုံးသော အင်္ဂလန် ဒါဘီ ပွဲစဉ်ကို အန်ဖီးလ် ကွင်းထဲ သွားရောက် ကစားရပါတော့မယ် ။ ဒါဟာ ပရီးမီးယားလိဂ် အမှတ်ပေး ဇယား ရဲ့ အဆင့် တစ် နေရာကို လုယူတဲ့ ပွဲစဉ် ဖြစ်တာကြောင့် အကြိတ်အနယ် ကစားရဖို့ ရှိနေ ပါတယ် ။

myan789

ဘရူနို ဖာနန်ဒက်စ် ကတော့ ဒီလို ပွဲစဉ်ကို မကစား ခဲ့ဖူးသေး ပေမယ့် ဒါဟာ အားပေးသူ ပရိသတ်တွေ အတွက်တော့ အသက် တမျှ အရေးကြီးတဲ့ ပွဲစဉ် ဖြစ်ကြောင်း ၊ ပြိုင်ဖက် အသင်း ဆု ဖလား တွေကို ဆွတ်ခူးတာ ဘယ်သူမှ မနှစ်သက်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ဟုတ်ပါတယ် ၊ ဒါဘယ်လောက် အရေးကြီးသလဲ ဆိုတာ ကျွန်တော် သိပါတယ် ။ လူတိုင်းလည်း သိကြ ပါတယ် ။ ခင်ဗျားက ခင်ဗျား ရဲ့ ပြိုင်ဖက် အသင်း ခင်ဗျား တို့နဲ့ အဆင့်တူ နေတာ ၊ ဆု ဖလား အရည်အတွက်တွေ တူညီ နေတာကို ဘယ်တော့မှ အလိုရှိမှာ မဟုတ် ပါဘူး ”

” ဒါက အသင်းရဲ့ ပရိသတ်တွေ အတွက် ဘယ်လောက် အထိ အဓိပ္ပါယ် လေးနက်တဲ့ ပွဲစဉ်မျိုး ဖြစ်သလဲ ဆိုတာကို အသင်းမှာ ရှိတဲ့ သူတွေ အားလုံး အပါအဝင် အဝတ်လဲခန်း ထဲမှာ ရှိနေတဲ့ သူတွေ အားလုံးကပါ ကောင်းကောင်း သိရှိကြ ပါတယ် ”

” ဟုတ်ပါတယ် ၊ သူတို့ အတွက်တော့ နောက်နေ့မှာ လီဗာပူး ပရိသတ် ဖြစ်တဲ့ သူငယ်ချင်းဆီကို သွားရောက် စကား ပြောတဲ့ အခါမှာ အရှုံးသမား ဖြစ်ခဲ့ရတာထက် အနိုင်ယူသူ ဖြစ်ရတာက ခံစားချက်တွေ အများကြီး ပိုကောင်း စေပါ လိမ့်မယ် ”

” ပြီးတော့ လီဗာပူး အသင်းက အမှတ်ပေး ဖလားကို 19 ကြိမ် ဆွတ်ခူး ထားတဲ့ အချိန် ကိုယ်က 21 ကြိမ်မြောက် ဆုဖလားကို ဆွတ်ခူးဖို့ အလေးသာ နေတယ် ဆိုတဲ့ ခံစားချက် ကလည်း တစ်ကယ့်ကို ပျော်ရွှင်စရာ ကောင်းလွန်းလှ ပါတယ် ” လို့ ဘရူနို က ပြောကြား သွားခဲ့လိုက် ပါတယ် ။

ဘရူနို ဖာနန်ဒက်စ် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရောက်ရှိ လာခဲ့တဲ့နောက် အသင်း အတွက် ပရီးမီးယားလိဂ် ပွဲစဉ် 31 ပွဲ ကစားပေးထား ခဲ့ပြီး ကိုယ်တိုင် 19 ဂိုး သွင်းယူ ၊ 14 ကြိမ် အထိ ဂိုး ဖန်တီးရင်း အသင်း ရဲ့ သွင်းဂိုး 33 ဂိုး နဲ့ တိုက်ရိုက် ပါဝင် ပတ်သက် နိုင်ခဲ့ ပါတယ် ။

အခြား တစ်ဖက် မှာတော့ လီဗာပူး အသင်း ကလည်း 2017 ဧပြီလ နောက်ပိုင်း အန်ဖီးလ်မှာ ကစားခဲ့တဲ့ အမှတ်ပေး ဖလား ပြိုင်ပွဲမှာ 67 ပွဲဆက် ရှုံးပွဲ လုံးဝ မရှိခဲ့သေးတဲ့ စပါယ်ရှယ် မှတ်တမ်းကောင်း တစ်ရပ်ကို ပိုင်ဆိုင် ထားနိုင်ခဲ့ ပါတယ် ။ ဖာနန်ဒက်စ် ကတော့ လီဗာပူးဟာ အိမ်ကွင်းမှာ တစ်ပွဲလောက် ရှုံးဖို့ အသင့် ရှိနေလိမ့်မယ် ၊ ဘယ်လို ဖိအားတွေ ရှိနေမလဲ ဆိုတာကို သိနေ လိမ့်မယ်လို့ စကားစစ်ထိုးလိုက်ပါတယ် ။

” လီဗာပူးက အရမ်းကောင်းတဲ့ အသင်း ဖြစ်တယ် ၊ အိမ်ကွင်းမှာ မရှုံးခဲ့တာ နှစ်ပေါင်း များစွာ ကြာပြီ ဆိုတာကို ကျွန်တော်တို့ သိရှိကြ ပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ တွေဟာ အမြဲတမ်းလိုပဲ အကောင်းဆုံး ကစား နိုင်ဖို့ ၊ နိုင်ပွဲ ရရှိဖို့ အတွက် အန်ဖီးလ် ကို သွားရောက် ယှဉ်ပြိုင် ကြမှာပါ ”

” ပွဲပြီးသွားရင် ဒါဟာ သူတို့ အတွက် ပြသနာ ဖြစ်နိုင် မလား ဆိုတာကို ကျွန်တော် မသိပါဘူး ။ လီဗာပူး ကတော့ အိမ်ကွင်းမှာ တစ်ပွဲလောက် ရှုံးဖို့ အဆင်သင့် ဖြစ်နေမယ်လို့ ကျွန်တော် ထင်မိ ပါတယ် ။ ဒါပေမယ့် ရှုံးပွဲ တစ်ပွဲက လီဗာပူူကို ဆိုးရွား စေနိုင် လိမ့်မယ်လို့ ကျွန်တော် မတွေးမိ ပါဘူး ”

” လက်ရှိ ချန်ပီယံ အနေနဲ့ သူတို့ ဘာတွေ လုပ်ရမလဲ ဆိုတာကို သိကြ လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် ။ သူတို့ဆီမှာ ဘယ်လို ဖိအားတွေ ရှိနေသလဲ ဆိုတာ သိကြပါ လိမ့်မယ် ။ ဒါပေမယ့် ကျွန်တော်တို့လည်း ဘာတွေ လုပ်ရမလဲ ဆိုတဲ့ အပေါ်ပဲ အာရုံစိုက်ကြရ ပါ့မယ် ။ ကျွန်တော်တို့ မှာလည်း ဖိအားတွေ ရှိနေတယ်လေ ”

” ဆက်လက် တိုးတက် ကောင်းမွန်ဖို့ ကြိုးစား နေဆဲ အသင်း တစ်သင်း အနေနဲ့ ကျွန်တော်တို့ တွေဟာ အခုလို ပွဲစဉ်ကို အနိုင် ကစားဖို့ စွမ်းနိုင် သမျှ ကြိုးစား အားထုတ် ကြရပါ လိမ့်မယ် ” လို့ ဘရူနို ဖာနန်ဒက်စ် က အရေးကြီး ပွဲစဉ် မတိုင်မီ မှတ်ချက်ပေးခဲ့လိုက် ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular