အူဒီးနီးစ် – ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် ဇူလိုင် ၂၄ ရက် ဝဝးဝ၀ နာရီ)
ဂျူဗင်တပ်စ်က အမှတ်ဖြုန်းတီးလို့ရတဲ့အနေအထားဖြစ်နေပါပြီ။ ချန်ပီယံဆုအတွက် သေချာသလောက်ရှိနေချိန်မှာ စီးရီးအေထက် လာမယ့်လအတွင်းကစားရမယ့် ချန်ပီယံလိဂ်ကို ပိုပြီးအာရုံစိုက်နေပါလိမ့်မယ်။ အူဒီးနီးစ်က အမှတ်လိုအပ်နေသေးလို့ ဂျူဗင်တပ်စ် အလွန်ဆုံးကပ်နိုင်ရုံပါ
လာဇီယို – ကာဂလီယာရီ (မြန်မာစံတော်ချိန် ဇူလိုင် ၂၄ ရက် နံနက် ၂း၁၅ နာရီ)
အိမ်ကွင်းရလဒ်ဆိုးတွေကနေ လာဇီယို ရုန်းထွက်သင့်နေပါပြီ။ Covid ကာလမှာ လာဇီယိုက ယိမ်းယိုင်သွားပြီး ရလဒ်တွေဆိုးနေတာပါပဲ။ ကာဂလီယာရီကလည်း နောက်ပိုင်းပွဲတွေမှာ သာမန်ထက်မပိုတဲ့အားထုတ်မှုမျိုးနဲ့ ကစားနေတယ်။ စုဖွဲ့မှုမဆိုးပေမယ့် ကာဂလီယာရီရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်က မေးခွန်းထုတ်ချင်စရာကောင်းတယ်။ လာဇီယို အနိုင်သေချာတဲ့ပွဲမျိုးဖြစ်ပြီး (၂)ဂိုးပြတ်ပါလိမ့်မယ်။