spot_img

Players’ Rating : အဆင့်၁ ကို အရယူခဲ့တဲ့ ပွဲမှာ ပေါ့ဘာ နဲ့ အတူ ဘယ်သူတွေကောင်းခဲ့ကြသလဲ ?

မန်ချက် စတာ ယူနိုက်တက် ဟာ ယမန်နေ့ ညက ဘန်လေ အသင်း ရဲ့ အိမ်ကွင်း ကို သွားရောက် ရင်ဆိုင် ကစား ခဲ့ပြီး ၁ – ၀ နဲ့ အနိုင် ရခဲ့ ပါတယ် ။ ဒီနိုင်ပွဲ ကြောင့် မန်ချက် စတာ ယူနိုက်တက် ဟာ အမှတ်တူ ရှိနေတဲ့ လီဗာပူး အသင်း ကို ကျော်ပြီး ၃ မှတ် အသာ နဲ့ အဆင့် ၁ နေရာကို ရယူ သွားနိုင် ခဲ့ ပါတယ် ။ ဒါဟာ အိုလီဂန်နာ ဆိုးရှား မန်ချက်စတာ ယူနိုက်တက် နည်းပြ ဖြစ်လာပြီး နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် အဆင့် ၁ နေရာကို တက်လှမ်း နိုင်ခဲ့တာပဲ ဖြစ် ပါတယ် ။

ယူနိုက်တက် ဟာ ဘန်လေ ရဲ့ ကျစ်လျစ်တဲ့ ခံစစ် ကို ထိုးဖောက်ရ ခက်ခဲ နေခဲ့ပြီး ဒုတိယပိုင်း 71 မိနစ် ရောက်မှသာ ဂိုးသွင်း နိုင်ခဲ့ ပါတယ် ။ ယူနိုက်တက် အတွက် တစ်လုံးတည်းသော အနိုင်ဂိုး ကိုတော့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာ က မားကပ် ရက်ဖိုဒ့် ရဲ့ ဖြတ်တင်ဘော ကို ဧရိယာ ပြင်ပကနေ ကန်သွင်းပြီး ရယူ ပေးခဲ့တာပဲ ဖြစ် ပါတယ် ။

myan789

ယမန်နေ့ ညက ကစား သွားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းသားတွေ ရဲ့ Rating တွေ ကတော့ –

ဒီဂီယာ ( ၆ )
အဆိပ်မဲ့တဲ့ ဘန်လေ တိုက်စစ်ကြောင့် ဒီညပွဲမှာတော့ အလုပ်အနည်းဆုံး ယူနိုက်တက် ကစား သမား ဖြစ်ခဲ့ ပါတယ် ။ ပေါ့ဘာ ရဲ့ ဂိုးဝင်သွားချိန် က အောင်ပွဲခံပုံ ကတော့ ပရိသတ်တွေ အကြိုက်မျိုး ပါပဲ ။

ဘစ်ဆာကာ ( ၆ )
ခံစစ် ကစားပုံ က သာမာန်ပဲ ဖြစ်ခဲ့သလို တိုက်စစ် လိုက်ပါမှု မှာလည်း ထိရောက်တဲ့ ဖြတ်တင်ဘောတွေ မထွက်လာ ခဲ့ ပါဘူး ။ တစ်ချိန်က ချန်ပီယံ ယူနိုက်တက် အသင်းတွေရဲ့ ညာနောက်ခံလူ တွေ နဲ့ ယှဉ်ရင်တော့ တိုက်စစ်လိုက်ပါမှု အပိုင်းမှာ လိုအပ်ချက်တွေ ရှိနေဆဲပါ ။

အဲရစ်ဘိုင်လီ ( ၈ )
မနေ့ညရဲ့ အကောင်းဆုံး ကစား သမားတွေထဲက တစ်ယောက် ဖြစ်ခဲ့ ပါတယ် ။ ပေါ့ဘာက အနိုင်ဂိုးကို သွင်းပေး ခဲ့သလို ဘိုင်လီ ကလည်း ဂိုးပြန်မပေး ရအောင် ကောင်းမွန်တဲ့ ပိတ်ဆို့ ကာကွယ်မှုတွေ ပြုလုပ် နိုင်ခဲ့ ပါတယ် ။ ပထမပိုင်း က ခရစ် ဝုဒ် ရဲ့ ကန်ချက် ကိုသာ မတားနိုင်ခဲ့ဘူး ဆိုရင် ၁ – ၀ ဖြစ်နေမှာက ယူနိုက်တက် မဟုတ်ဘဲ ဘန်လေ ဖြစ်သွားနိုင် ခဲ့တာပါ ။

ဟယ်ရီ မက်ဂွဲယား ( ၈ )
ဘန်လေ တိုက်စစ်ကို တားဆီး နိုင်ခဲ့သလို ကိုယ်တိုင်လည်း တိုက်စစ် အထိ လိုက်ပြီး ကစားနိုင် ခဲ့ ပါတယ် ။ ခေါင်းတိုက် ဂိုးသွင်း ခဲ့ပေမယ့် ဒိုင်လူကြီး က ပယ်ဖျက် ခဲ့တာကတော့ စိတ်မကောင်း စရာပါပဲ ။ ခံစစ် မှာတော့ တည်တည် ငြိမ်ငြိမ် ရှိခဲ့ ပါတယ် ။

လုခ်ရှော ( ၆ )
ဘစ်ဆာကာ ထက် တိုက်စစ် လိုက်ပါမှု များခဲ့ ပေမယ့် ထိရောက်မှု မရှိပုံချင်း ကတော့ တူညီခဲ့ ပါတယ် ။ အဝါကတ် လည်း ပြခံ ခဲ့ရတာကြောင့် ၆ မှတ်ပဲ ရခဲ့ တာပါ ။

ပေါ့ဘာ ( ၈ )
လိုအပ် နေတဲ့ အချိန်မှာ အနိုင်ဂိုးကို သွင်းပေးပြီး ယူနိုက်တက် ရဲ့ သူရဲကောင်း ဖြစ်ခဲ့ ပါတယ် ။ ပွဲချိန် တစ်လျောက် မှာလည်း ကွင်းလယ်ကို အကောင်းဆုံး ထိန်းကျောင်း ဦးဆောင် ကစားခဲ့ပြီး ယူနိုက်တက် တို့ လက်လွှတ်လို့ မရနိုင်တဲ့ သူ တစ်ယောက် ဖြစ်တယ် ဆိုတာကို ပြသသွားခဲ့ ပါတယ် ။

မာတစ် ( 7 )
ယူနိုက်တက် ရဲ့ နိုင်ပွဲမှာ အမေ့ခံ သူရဲကောင်း တစ်ယောက် ရှိပါတယ် ။ သူကတော့ မာတစ် ပါပဲ ။ ဘန်လေ ရဲ့ ဘောလုံး လမ်းကြောင်းတွေကို ဖြတ်တောက် ပေးခဲ့သလို ဘောလုံး ကိုင် ကစားရာမှာလည်း အဓိကကျတဲ့ အခန်းကဏ္ဍ ကနေ ပါဝင် ခဲ့ ပါတယ် ။

ဘရူနို ဖာနန်ဒက်စ် ( ၅ )
ညက ပွဲမှာတော့ ဘရူနို တစ်ယောက် ခြေမပေါ် ခဲ့ ပါဘူး ။ ရက်ဖိုဒ့် ကို ကူဖို့ ညာခြမ်းမှာ ကစားခဲ့ရတာ ကြောင့်လည်း ဖြစ်နိုင်ပါတယ် ။ ဒုတိယပိုင်း မှာတော့ ဘယ်ခြမ်းကို ပြန်သွား ကစားပြီး ပိုကောင်း လာခဲ့ ပါတယ် ။ ဒါပေမယ့် အမှတ်များများ ရဖို့တော့ မလုံလောက်ခဲ့ ပါဘူး ။

မားကပ်ရက်ဖိုဒ့် ( ၆ )
ညာခြမ်း ကို ပြောင်း ကစားရ ကတည်းက ရက်ဖိုဒ့် ရဲ့ အမှတ်တွေ ကျနေ ခဲ့တာပါ ။ ဒါဟာ အသင်းအတွက် အားကိုးလို့ ရတဲ့ ကစား သမား တစ်ယောက် အတွက် ရေရှည်မှာ မကောင်းလှ ပါဘူး ။ ညာတောင်ပံ တစ်ယောက် ထပ်မဝယ်ဘဲ ရက်ဖိုဒ့် ကို ဆက်သုံးနေရင်တော့ မြွေပါလည်းဆုံး သားလည်းဆုံး အဖြစ်ကို ရောက်သွား နိုင်ပါတယ် ။

အန်တိုနီ မာရှယ် ( 7 )
အပိုင်အခွင့် အရေးကိုသာ အသုံးချ နိုင်ခဲ့မယ် ဆိုရင် မာရှယ် က ပေါ့ဘာလိုပဲ ယူနိုက်တက် ရဲ့ သူရဲကောင်း ဖြစ်လာ မှာပါ ။ ဒါပေမယ့် ပြင်သစ်သားရဲ့ အဆုံးသတ် စွမ်းရည်က တိုးတက် မလာသေး ပါဘူး ။ ကာယပိုင်း အားကောင်းမှု နဲ့ ဘန်လေ ခံစစ်ကို အလုပ်ပေး နိုင်ခဲ့ပြီး ပထမပိုင်း ပြီးခါနီး က နစ်ပုပ် ကာကွယ် သွားတဲ့ ကန်ချက် ကလည်း တကယ် ကောင်းမွန် ခဲ့ ပါတယ် ။

အီဒီဆင် ကာဗာနီ ( 7 )
တိုက်စစ်မှူး တစ်ယောက်ရဲ့ တာဝန်ဟာ ဂိုးသွင်းဖို့ ပါ ။ ကာဗာနီ ကတော့ ကိုယ်တိုင် ဂိုးမသွင်း နိုင်ခဲ့ ပါဘူး ။ ဒါပေမယ့် သူ့ရဲ့ ကြိုးစားမှု ၊ နေရာစုံ လိုက် ကစားပေးမှု နဲ့ ကောင်းမွန်တဲ့ အရွေ့တွေ က ယူနိုက်တက် အသင်းဖော်တွေ ကို အထောက်အကူ ဖြစ်စေ ခဲ့ ပါတယ် ။

လူစားဝင် ကစား သမားတို့ရဲ့ Rating များ – ဂရင်းဝုဒ် ( ၆ ) ၊ တော်မီနေး ( ၆ ) တို့ ဖြစ်ကြပါတယ် ။ မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် တနင်္ဂနွေနေ့ မှာတော့ အန်ဖီးလ် ကွင်းကို သွားရောက်ပြီး အဆင့် ၂ နေရာက လီဗာပူး အသင်းနဲ့ ယှဉ်ပြိုင် ကစား သွားရမှာပဲ ဖြစ် ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular