spot_img

ယူနိုက်တက်ကနေ ထွက်ခွာဖို့ အသင်းသား တစ်ဦးကို တိုက်တွန်းလိုက်ကြတဲ့ ဘာဘာတော့ဗ် နဲ့ အိုဝင်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးဟောင်း နှစ်ဦး ဖြစ်ကြတဲ့ ဒီမစ်တာ ဘာဘာတော့ဗ်နဲ့ အိုဝင် ဟားဂရေ့ဗ် တို့က လက်ရှိ အသင်းမှ ကွင်းလယ် တိုက်စစ် ကစားသမား ဖြစ်သူ ဂျက်စီ လင်ဂတ်ကို အိုးလ် ထရပ်ဖို့ဒ် မှ ထွက်ခွာဖို့ ကိုယ်စီ တိုက်တွန်း နှိုးဆော် သွားခဲ့လိုက်ကြ ပါတယ် ။

ဂျက်စီ လင်ဂတ် ဆိုတာ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ အကယ်ဒမီမှ ထွက်ပေါ်လာခဲ့တဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး လွန်ခဲ့တဲ့ 18 လတာ အချိန် ကာလ အတွင်း မှာတော့ ပုံမှန် ပွဲထွက် ကစားခွင့် တွေကို ပိုင်ဆိုင် နိုင်ဖို့ အတော်လေး ရုန်းကန် နေခဲ့ ရသူပဲ ဖြစ်ပါတယ် ။

myan789

အထူးသဖြင့် ယူနိုက်တက် အသင်းဆီ ဘရူနို ဖာနန်ဒက်စ် ရောက်ရှိ လာခဲ့တဲ့နောက် သူဟာ အသင်း ရဲ့ အရံ ကစားသမား စာရင်းထဲတောင် ပါဝင်ဖို့ ရုန်းကန် ခဲ့ရ ပါတယ် ။ လက်ရှိ ဘောလုံး ရာသီ မှာလည်း သူဟာ အသင်း အတွက် ပြိုင်ပွဲစုံ 3 ကြိမ်သာ ပါဝင် ကစားခွင့် ပိုင်ဆိုင် ထားနိုင်ခဲ့ ပါတယ် ။

အဲ့တာတွေ ကလည်း ပြည်တွင်း လိဂ် ဖလား ပြိုင်ပွဲ တွေမှာပဲ ကစားခွင့် ပိုင်ဆိုင် နိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ ယူနိုက်တက် အသင်းဆီ ဆိုးလ်ရှား စတင် ရောက်ရှိ ခဲ့စဉ် တုန်းကတော့ သူဟာ ပုံစံကောင်း အချို့ ပြသ ထားနိုင်ခဲ့ပေမယ့် အခုတော့ ရှားရှားပါးပါး ပွဲထွက်ခွင့်ရတဲ့ အချိန်တွေမှာတောင် ရုန်းကန် နေခဲ့ရ ပါတယ် ။

အခြား တစ်ဖက် မှာတော့ သူ့ကို ခေါ်ယူဖို့အတွက် နယူးကာဆယ် ၊ အင်တာ မီလန် နဲ့ ဆဲလ်တစ် အသင်း တွေက စိတ်ဝင်စား နေကြတယ်လို့ သိရ ပါတယ် ။ အခုတော့ ဘာဘာတော့ဗ် က လင်ဂတ် ကို အသင်း မှ ထွက်ခွာဖို့ အချိန်ကျပြီ ဖြစ်ကြောင်း တိုက်တွန်း နှိုးဆော် သွားခဲ့လိုက် ပါတယ် ။

” ရိုးရိုးသားသား ပြောရမယ် ဆိုရင် သူ့ရဲ့ အချိန်တွေ ကုန်ဆုံး သွားခဲ့ ပါပြီ ။ သူဟာ ကစားခွင့်တွေ မပိုင်ဆိုင်တော့ ပါဘူး ။ ဒီအတွက် သူဟာ အခွင့်အရေးတွေ ရရှိခဲ့ပါ သေးတယ် ။ သူဟာ ဘယ်လောက် ကောင်းလဲ ၊ ဘယ်လောက် အတိုင်းအတာ ထိ ကောင်းနိုင် သလဲ ဆိုတာ သက်သေပြဖို့ အချိန်တွေ ပိုင်ဆိုင်ခဲ့ ပါတယ် ”

” လက်ရှိ အနေအထားတွေ အရ အိုလီက သူ့ကို ပွဲထွက် ကစားခွင့်တွေ ပေးဖို့ ယုံကြည်မှု သိပ်မရှိဘူးလို့ မြင်တွေ့ နေရ ပါတယ် ။ ရိုးရိုးသားသား ပြောရမယ် ဆိုရင် လက်ရှိ အသင်းမှာ သူဟာ ဘယ် နေရာ ကစား ပေးနိုင်မလဲ ဆိုတာတောင် တွေးလို့ မရနိုင် ပါဘူး ”

” အကယ်လို့ ခင်ဗျားဟာ အသင်း တစ်သင်းမှာ အကြာကြီး ရှိနေခဲ့မယ် ၊ ပြီးတော့ အသက်လည်း 28 နှစ် ရောက်သွားပြီ ဆိုရင်တော့ နောက်ပြန် ကြည့်ပြီး ‘ ငါ လုံလောက်တဲ့ အောင်မြင်မှု ရခဲ့သလား ? လုပ်ခဲ့တဲ့ အရာတွေအတွက် ငါ ပျော်ရဲ့လား ? ငါ့ရဲ့ အချိန်တွေ ကုန်ဆုံး သွားပြီလား ? ‘ ဆိုတာ တွေကို တွေးရ ပါလိမ့်မယ် ”

” ဒါ့ကြောင့် လက်ရှိ အနေအထား တွေကို ခြုံငုံ သုံးသပ် ကြည့်လိုက်မယ် ဆိုရင် သူဟာ ပြောင်းရွှေ့ဖို့ လိုအပ် နေပြီ ၊ ပွဲထွက်ခွင့် တွေကို ရရှိ နိုင်မယ့် အသင်းဆီ ပြောင်းရွှေ့ သင့်ပြီ လို့ ကျွန်တော် ထင်မိ ပါတယ် ” လို့ ဘာဘာတော့ဗ် က သုံးသပ် သွားခဲ့လိုက် ပါတယ် ။ မိုက်ကယ် အိုဝင် ကတော့ …

” ကျွန်တော်နဲ့ ဘာဘာတော့ဗ် တို့ အသင်းမှာ ရှိခဲ့စဉ် တုန်းက သူ ( လင်ဂတ် ) ဟာ အကယ်ဒမီ ကနေ ပေါ်ထွက် လာခဲ့ ပါတယ် ။ သူ တိုးတက် လာခဲ့တာ ကျွန်တော်တို့ မြင်ခဲ့ကြ ပါတယ် ။ အခုတော့ သူဟာ အသက်တွေလည်း ကြီးလာခဲ့ ပါပြီ ။ သူ့ အနေနဲ့ ဒီလို အသက်အရွယ်မှာ ပုံမှန် ကစားခွင့် ရနိုင်မယ့် အသင်းဆီ ပြောင်းရွှေ့သင့် ပါပြီ ”

” သူဟာ ယူနိုက်တက် အသင်းမှာပဲ တချိန်လုံး ရှိနေခဲ့ ပါတယ် ။ ဒါ့ကြောင့် ယူနိုက်တက် ကစားသမား တစ်ဦး ဖြစ်ရတဲ့ ခံစားချက်က ဘာလဲဆိုတာ သူ ကောင်းကောင်း သိပါတယ် ။ အခု သူဟာ ဘဝအတွက် ၊ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝအတွက် ဆုံးဖြတ်ချက် ချမှတ်ရမယ့် အချိန် ကျရောက် လာခဲ့ ပါပြီ ”

” သူ့ အနေနဲ့ ထိပ်တန်း အသင်း တစ်သင်းရဲ့ ကစားသမား ဖြစ်ချင်လား ၊ ဒါမှမဟုတ် အခြား အသင်း တစ်သင်းမှာ ပုံမှန် ပွဲထွက်ခွင့်ရတဲ့ ကစားသမား ဖြစ်ချင်လား ဆိုတာ ဆုံးဖြတ်ရမယ့် အချိန် ကျရောက် ပါပြီ ။ ဒါက သူ့အတွက် မျှတစွာ တွေးတောလို့ ရတဲ့ အနေအထား တစ်ရပ် ပါပဲ ”

” သူ့နေရာမှာ ကျွန်တော်သာ ဆိုရင် ၊ အခုလို ပွဲကစားခွင့်တွေကို ဆုံးရှုံး နေခဲ့ရမယ် ဆိုရင်တော့ ကျွန်တော်ဟာ အခြား အသင်းကို ပြောင်းရွှေ့ကောင်း ပြောင်းရွှေ့ပြီး ပွဲထွက် ကစားခွင့် တွေကို ပိုင်ဆိုင်ဖို့ ကြိုးစားဖြစ်မှာပါ ” လို့ ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular