spot_img

ဘာပေ ရဲ့ အပြောင်းအရွှေ့တွေ အပေါ် သုံးသပ်ပြသွားတဲ့ နာမည်ကြီး သတင်းထောက် ဖာဘရီစီယို

အမ် ဘာပေ ရဲ့ လက်ရှိ စာချုပ် သက်တမ်းဟာ 2022 ခုနှစ် နွေရာသီ ရောက်ရင် ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

သဘောက ဒီနှစ် ရာသီကုန်တာ နဲ့ တစ်နှစ် စာချုပ်သက်တမ်း ကျန်တဲ့ ပုံစံမျိုး ဖြစ်သွားခဲ့ပြီးမို့ ၊ ပီအက်စ်ဂျီ အနေနဲ့ ရာသီ မကုန်ခင် စာချုပ်သက်တမ်း တိုးဖို့ လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ရင် ၊ ကစားသမားကို ဆက်ပြီး ထိန်းထားနိုင်ဖို့ စိန်ခေါ်မှုတွေ ဖြစ်သွားခဲ့ပါပြီ။ ဒါကြောင့်လဲ ဘာပေ ရဲ့ အပြောင်းအရွှေ့ သတင်းတွေ ဟာ အလျဉ်းသင့်သလို ထွက်ပေါ် နေတာ ဖြစ်ပါတယ်။

myan789

ပီအက်စ်ဂျီ အသင်းဘက်ကတော့ နေမာ ကိုရော ၊ ဘာပေ ကိုပါ စာချုပ်သက်တမ်းတွေ တိုးနိုင်ဖို့ အတွက် အားသွန် ခွန်စိုက် လုပ်ဆောင်လျှက် ရှိနေပါတယ်။ နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေ အရ နေမာ ဟာ ပဲရစ်မှာပဲ ဆက်ရှိသွားဖို့ သေချာ သလောက် ရှိနေပေမယ့် ၊ ဘာပေ ရဲ့ အနေအထား ကတော့ တိုးတက်မှုတွေ မရှိသေးဘူးလို့ သိရပါတယ်။

အဆိုပါ သတင်းတွေကြောင့်ပဲ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူး ဟာ အမ် ဘာပေ ရဲ့ စာချုပ်သစ် ဆွေးနွေးမှုတွေကို နားစွင့်နေတယ်လို့ သတင်းတွေ ထွက်ပေါ်ထားသလို ၊ စပိန် ကလပ် ရီးရဲ မက်ဒရစ် ကလဲ သူတို့ ရဲ့ တိုက်စစ်ကို သွေးသစ် လောင်းဖို့ အတွက် ကြံရွယ်လျှက် ရှိနေပါတယ်။

ဒါကြောင့် ပီအက်စ်ဂျီဟာ ဒီရာသီကုန် ရောက်တဲ့ အချိန်ထိ ဘာပေ ကို စာချုပ် သက်တမ်းတိုး ချုပ်ဆိုနိုင်ခြင်း မရှိဘူး ဆိုပါက လီဗာပူး နဲ့ ရီးရဲ မက်ဒရစ် တို့ရဲ့ ဆက်သွယ် စုံစမ်းမှုတွေကို ရရှိလာနိုင်တယ်လို့ ယေဘုယျ သုံးသပ်ကြည့်လို့ ရနေပါတယ်။

အပြောင်းအရွှေ့ သတင်းတွေ ရဲ့ ဇာတ်လိုက်ကျော် ဂုရုကြီး တစ်ပါး ဖြစ်တဲ့ ဖာဘရီဇီယို ရိုမာနို ကတော့ ဘာပေ ရဲ့ သတင်းတွေ နဲ့ ပတ်သက်ပြီး လက်ရှိ ဖြစ်ပေါ်နေတဲ့ အနေအထား တွေကို အခုလိုပဲ ချပြသွားခဲ့ ပါတယ်။“ ဘာပေ က ပီအက်စ်ဂျီ နဲ့ ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။ အသင်း ရဲ့ ဥက္ကဌ အယ်ခီလိုင်ဖီ ကလဲ အနေအထားတွေ အပေါ် အမြဲတမ်း အကောင်းမြင်ထားတဲ့သူပါ။

ပြောရရင် ငွေများများ ကိုင်ထားနိုင်တဲ့ ကလပ်တွေ ဆိုတော့ အလုပ်လုပ်ရတာ လွယ်ကူတာပေါ့။ ဘာပေ ရဲ့ စာချုပ်သစ် ကိုလဲ အဲဒီ သဘောပဲ ပြောချင်ပါတယ်။ သေချာတာ တစ်ခုကတော့ အပြီးသတ် သဘောတူညီမှု ရဖို့ အတွက်က ကစားသမား ရဲ့ ဆုံးဖြတ်ချက် အပေါ်မှာ မူတည်တာပါ။ ဘာပေ ၊ နေမာ တို့လို ကစားသမားမျိုးတွေကို စာချုပ် ချုပ်ရတာ လွယ်လွယ်လေး နဲ့တော့ အထမမြောက်နိုင်ပါဘူး။

တကယ်လို့ ဘာပေသာ ပဲရစ် ကနေ ထွက်ခွာမယ်လို့ ဆုံးဖြတ်ခဲ့ရင် ၊ သူ့ကို ခေါ်ယူဖို့ အတွက် လီဗာပူး ၊ ရီးရဲ မက်ဒရစ် အသင်းတို့လောက်ပဲ ကြိုးစားလာလိမ့်မယ် လို့တော့ မပြောချင်ပါဘူး။ ဘာလို့လဲ ဆိုတော့ ဒီလို ကစားသမားမျိုးကို ထိပ်တန်း ကလပ်အသင်းတွေ အားလုံးနီးပါး က လိုချင်ကြတာလေ။

လောလောဆယ် ကျနော်မြင်မိသလောက်တော့ ပီအက်စ်ဂျီ ဟာ ဘာပေ ကို ဆက်ထိန်းထားနိုင်ဖို့ အတွက် တော်တော်လေးကို ကြိုးစားပြီး လုပ်ဆောင်နေပါတယ်။ ဘယ်လောက်အထိ ကြိုးစားနေလဲ ဆိုရင် “ဘာပေ နဲ့ နေမာ က စာချုပ်သစ်မှာ လက်မှတ်ထိုးလိုက်တာဟာ ထိပ်တန်း ကစားသမားသစ်တွေ အသင်းကို ရောက်လာသလိုပဲ” လို့တောင် သဘောထားပြီး လုပ်ဆောင်နေတာပါ။

နွေရာသီ ရောက်လို့မှ တိုးတက်မှုတွေ ရှိမလာဘူး ဆိုရင် အခြေအနေတွေကို အပြောင်းအလဲတွေ ဖြစ်သွားနိုင်တာ သူတို့ ကောင်းကောင်း သိပါတယ်” လို့ သုံးသပ်သွားခဲ့ ပါတယ်။

လီဗာပူး ဟာ မိုဆာလတ် ကို ဆုံးရှုံးလိုက်ရပါက ၊ အဲဒီနေရာကို အရံသင့် အစားထိုးနိုင်ဖို့ အတွက် ဘာပေ ကို စောင့်ကြည့်နေတာ ဖြစ်ပါတယ်။

ရီးရဲ မက်ဒရစ် နည်းပြ ဇီဒန်း ကလဲ သူ့ရဲ့ နိုင်ငံ့လက်ရွေးစင် တိုက်စစ်မှုးကို ဘာနေဗျူးဆီ ခေါ်ယူဖို့ အတွက် ဆန္ဒရှိနေတယ်လို့ နားလည်ရပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular