spot_img

ဆိုးလ်ရှား နဲ့ ယူနိုက်တက် အသင်းအပေါ် အမြင်တွေ ပြောင်းလဲလိုက်ပြီ ဖြစ်တဲ့ အမြဲတမ်း ဝေဖန်သူကြီး ပေါလ် အင့်စ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ ပေါလ် အင့်စ် ဆိုတာ ဆာ အဲလက်စ် ဖာဂူဆန် ထွက်ခွာ သွားခဲ့တဲ့နောက် အသင်းဟောင်း နဲ့ အသင်းဟောင်းကို ကိုင်တွယ်တဲ့ နည်းပြတွေ အပေါ် အမြဲလို ဝေဖန်မှုတွေ လုပ်ဆောင် ခဲ့တဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ခဲ့ ပါတယ် ။

ယူနိုက်တက် အသင်းကလည်း အဆိုပါ ကာလတွေ အတွင်း အောင်မြင်မှု မည်မည်ရရ မရယူ နိုင်ခဲ့တဲ့ အသင်း ဖြစ်ခဲ့တဲ့ အတွက် ပေါလ် အင့်စ် ဝေဖန်မယ် ဆိုလည်း ဝေဖန်ချင်စရာ ဖြစ်ခဲ့ရ ပါတယ် ။ ယူနိုက်တက်တို့ ဗန်ဟားလ် လက်အောက်မှာ FA ဖလား ၊ မော်ရင်ဟို လက်အောက်မှာ ကားလင်း နဲ့ ယူရို ပါလိဂ် ဖလား တွေကိုသာ ရယူ နိုင်ခဲ့ကြ ပါတယ် ။

myan789

အဲ့ဒီနောက် ဆိုးလ်ရှားဟာ ယူနိုက်တက် အသင်းရဲ့ ယာယီ နည်းပြ ဖြစ်လာခဲ့ပြီး ရလဒ်ကောင်းတွေ ဆက်တိုက် ရယူ နိုင်ခဲ့ချိန်မှာ သတင်း သုံးသပ်သူ အတော်များများ နဲ့ အသင်းဖော်ဟောင်း တွေက သူ့ကို အမြဲတမ်း နည်းပြ အဖြစ် ခန့်အပ် လိုက်သင့်ပြီ ဖြစ်ကြောင်း တိုက်တွန်းမှုတွေ လုပ်ဆောင် ခဲ့ကြပါ သေးတယ် ။

အဲ့ဒီ အချိန်က ပေါလ် အင့်စ်ဟာ ဝေဖန်မှု အနည်းငယ်သာ လုပ်ဆောင်ခဲ့ပေမယ့် အမြဲတမ်း နည်းပြ ဖြစ်ပြီး ရလဒ်နောက် ရလဒ်တွေ ဆိုးရွား လာခဲ့တဲ့နောက် နော်ဝေသားဟာ အသင်းဟောင်းကို အောင်မြင်မှု လမ်းကြောင်းအပေါ် ဆွဲတင် ပေးနိုင်မယ့်သူ မဟုတ်ကြောင်း ပေါလ် အင့်စ် က အမှန်အကန် ဝေဖန်ခဲ့ပါသေးတယ် ။

ဒါပေမယ့် ဘရူနို ဖာနန်ဒက်စ်ကို ခေါ်ယူ ခဲ့တဲ့နောက် ယူနိုက်တက် အသင်းရဲ့ ရလဒ်တွေ အပေါင်း လက္ခဏာ ဆောင်ကျဉ်းခဲ့ ပါတယ် ။ အဲ့ဒီနောက် ဒီရာသီ အစမှာ ယူနိုက်တက် အသင်း ရဲ့ ရလဒ်တွေ ကျဆင်းခဲ့ပေမယ့် နောက်ပိုင်း အမှတ်ပေး ဖလား ပွဲစဉ်တွေ မှာတော့ 10 ပွဲဆက် ရှုံးပွဲ မရှိအောင် ကစား နိုင်ခဲ့ကြ ပါတယ် ။

အခုတော့ ယူနိုက်တက် တို့ဟာ ပြိုင်ဖက် လီဗာပူး အသင်းထက် တစ်ပွဲလျော့ ကစားထားခဲ့တဲ့ အနေအထား တစ်ရပ်မှာ အမှတ်တူ ဂိုးကွာ နဲ့ အဆင့် 2 နေရာမှာ ရပ်တည် နိုင်ခဲ့ပြီး အမှတ်ပေး ဖလားဆုကို တစ်ဖန် ပြန်လည် စိန်ခေါ် နိုင်တဲ့ အသင်း အဖြစ် ပြောင်းလဲ လာခဲ့ကြ ပါပြီ ။

အခုတော့ ပေါလ် အင့်စ်က သူကိုယ်တိုင် ဆိုးလ်ရှားဟာ အသင်း အတွက် မှန်ကန်တယ် နည်းပြ မဟုတ်ဘူးလို့ ထင်မှတ်ထားခဲ့ကြောင်း ၊ ဒါပေမယ့် အခုတော့ ဆိုးလ်ရှားဟာ အသင်းကို ကောင်းကောင်း ဦးဆောင် နိုင်ခဲ့ပြီး စိတ်လှုပ်ရှားဖွယ် အနေအထား ပိုင်ဆိုင်အောင် လုပ်ပေး နိုင်ခဲ့ပြီ ဖြစ်ကြောင်း ချီးကျူး သွားခဲ့လိုက် ပါတယ် ။

” ဒါက စိတ်လှုပ်ရှားဖွယ် ဖြစ်နေပြီ ဆိုတာကို ကျွန်တော် မြင်တွေ့ နေရပါတယ် ။ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်က ကျွန်တော်တို့ ယူနိုက်တက် အသင်း အကြောင်းကို ပြောဆိုခဲ့ကြတဲ့ အချိန်တွေမှာ တည်ဆောက် နေဆဲ အသင်း အကြောင်း ပြောခဲ့ကြ ပါတယ် ။ သူတို့ တွေလည်း နည်းပြ အပြောင်းအလဲ အများကြီး လုပ်ခဲ့ကြတယ်လေ ”

” အစတုန်းက အိုလီ့ အကြောင်းတွေ ပြောခဲ့တာ ကျွန်တော် ပါပဲ ။ သူဟာ အသင်း အတွက် မှန်ကန်တဲ့ နည်းပြ မဟုတ်ဘူးလို့ ကျွန်တော် တွေးခဲ့ ပါတယ် ။ ခင်ဗျား လူးဝစ် ဗန်ဟားလ် ၊ ဒေးဗစ် မိုယက်စ် နဲ့ ဟိုဆေး မော်ရင်ဟို တို့ အကြောင်းကို တွေးလိုက်ပါ ။ သူတို့ တွေက အတွေ့အကြုံ ကြီးမားလွန်းတဲ့ နည်းပြ တွေပါ ”

” သူတို့တွေ ကိုယ်တိုင် ဒီအသင်း ရဲ့ ဖိအားကို ခံနိုင်ဖို့ အတော် ကြိုးစား ခဲ့ကြရ ပါတယ် ။ ဒါ့ကြောင့် အိုလီကို အမြဲတမ်း နည်းပြ အဖြစ် ခန့်အပ်ရင် အဆင်ပြေပါ့မလား ဆိုတာ တပ်အပ် ပြောနိုင်ဖို့ ကျွန်တော့်ဖက်က မသေချာခဲ့ ပါဘူး ။ သူဦးဆောင်တဲ့ အသင်းဟာ အဲ့ဒီ တုန်းက အချို့ အခိုက်အတန့် တွေမှာ အရမ်းကို တည်ငြိမ်မှု နည်းပါးခဲ့ ပါတယ် ”

” ဒါပေမယ့် အခုတော့ အသင်းက အတော်လေး တည်ငြိမ်နေခဲ့ပါပြီ ။ သူဟာ အသင်းမှာ အလုပ်,လုပ်တာ အရမ်းကို ကောင်းခဲ့ ပါတယ် ။ အသင်းကို အခုလို ထိပ်ပိုင်း နေရာမှာ ပြန်လည် မြင်တွေ့ နေရတာက လုံးဝ မမျှော်လင့် ထားခဲ့တဲ့ အရာ တစ်ခုပါပဲ ။ ဒီလို ဖြစ်နိုင်ဖို့ နှစ်နှစ် ၊ သုံးနှစ်လောက် လိုလိမ့်ဦးမယ် လို့ ကျွန်တော် တွေးခဲ့တယ်လေ ”

” ဒါက အခုလို ထူးဆန်းတဲ့ ဘောလုံး ရာသီကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင် ပါတယ် ။ အသင်း တွေက စွမ်းဆောင်ရည်တွေ ကိုယ်စီ ကျဆင်း နေခဲ့ကြ ပါတယ် ။ တည်ငြိမ်မှု မရှိတဲ့ ရလဒ်တွေ အများကြီး ကျွန်တော်တို့ မြင်တွေ့ ခဲ့ကြရ ပါတယ် ။ ဒီလို အခွင့်အရေး တွေကို ယူနိုက်တက်တို့ အမိအရ ဆုပ်ကိုင် နိုင်ခဲ့ ပါတယ် ” လို့ ဆိုးလ်ရှား က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular