spot_img

ဘာစီလိုနာ ကနေ ပီအက်ဂျီကို နေမာ ဘာကြောင့် ပြောင်းရွေ့ခဲ့သလဲ ဆိုတာ သုံးသပ်လိုက်တဲ့ ဂရေမီဆောင်းနက်

စကိုင်းစပေ့ါရဲ့ ဘောလုံး အစီအစဉ် တင်ဆက်သူ အဖြစ် လုပ်ကိုင်နေတဲ့ ဂရေမီဆောင်းနက်ဟာ ဘာစီလိုနာ ကနေ ပီအက်ဂျီ ကို ထွက်ခွာ ခဲ့တဲ့ နေမာရဲ့ ဆုံးဖြတ်ချက် အပေါ် ဝေဖန်မှု ပြုလုပ် သွားခဲ့ပြီး ဒီဆုံးဖြတ်ချက်ကို ကြည့်လိုက်မယ် ဆိုရင် ဘရာဇီး စတားရဲ့ attitude ကို သိနိုင်တယ်လို့ ဆိုလိုက်ပါတယ်။

နေမာဟာ ဘာစီလိုနာ အသင်းမှာ ၄ နှစ်ကြာ ကစား ခဲ့သူ ဖြစ်ပြီး ၁၈၆ ပွဲကစား ၁၀၅ ဂိုးထိ သွင်းယူ ခဲ့ကာ ကတ်တလန် ကလပ်ကို လာလီဂါဖလား ၂ ကြိမ် ၊ ကိုပါဒယ်ရေးဖလား ၃ ကြိမ် နဲ့ ချန်ပီယံလိဂ် ဖလား ၁ ကြိမ် ရယူ နိုင်အောင် ကူညီ ပေးခဲ့ပါတယ်။ အဲဒီနောက် နေမာဟာ ၂၀၁၇ ခုနှစ် နွေရာသီမှာ ဘောလုံး သမိုင်းတစ်လျှောက် ဈေးအကြီးဆုံး ကစားသမား တစ်ဦး အဖြစ် ဘာစီလိုနာ ကနေ လီဂူးဝမ်း ကလပ် ပီအက်ဂျီကို ယူရို ၂၂၂ သန်းနဲ့ ပြောင်းရွေ့ သွားခဲ့ ပါတယ်။

myan789

နေမာဟာ ပီအက်ဂျီ အသင်းနဲ့ အတူ ပြည်တွင်း ဆုဖလားတွေ များစွာ ရရှိ ခဲ့ပေမယ့်လည်း ချန်ပီယံလိဂ် ဖလားကိုတော့ မရယူ နိုင်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ ဘောလုံးရာသီက နေမာဟာ ပီအက်ဂျီ ကို သမိုင်းတစ်လျှောက် ပထမဦးဆုံး အကြိမ် ချန်ပီယံလိဂ် ဖလား ရယူ ပေးနိုင်ဖို့ နီးစပ် ခဲ့ပေမယ့်လည်း ဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်ကို ရှုံးကာ ဒုတိယ နေရာနဲ့ ကျေနပ် ခဲ့ရပါတယ်။

ဆောင်းနက်က နေမာ အနေနဲ့ ဘာစီလိုနာ ကနေ ဘာကြောင့် ထွက်ခွာ ခဲ့တာလဲ ဆိုတာကို သူ နားလည်လို့ မရဘူးလို့ ဆိုလိုက်ပါတယ်။

ဆောင်းနက်က “ပီအက်ဂျီရဲ့ မန်နေဂျာသစ် မော်ရီစီယို ပိုချက်တီနို အတွက် အဓိက စိန်ခေါ်မှုတွေ ထဲက တစ်ခု ကတော့ သူ့ရဲ့ ကြယ်ပွင့်တွေ ဖြစ်ကြတဲ့ ကီလီယန် အမ်ဘက်ပေ နဲ့ နေမာ တို့ဆီက အကောင်းဆုံး စွမ်းဆောင်ရည်ကို ထုတ်ယူ နိုင်ဖို့ ပါပဲ။ သူတို့ဟာ တကယ့်ကို ကျော်ကြားတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားတဲ့ ကစားသမားတွေ ဖြစ်ကြ ပါတယ်။ ဒါပေမယ့် သူတို့ဟာ ဒီဂုဏ်ပုဒ် နဲ့ အညီ စွမ်းဆောင်ပြဖို့တော့ လိုအပ် ပါတယ်။

ကျွန်တော့် အနေနဲ့ အမ်ဘက်ပေ အတွက် သိပ်ပြီး စိုးရိမ်မှု မရှိပါဘူး။ သူဟာ အခုမှ အသက် ၂၂ နှစ်သာ ရှိပါသေးတယ်။ သူဟာ ကြီးကြယ်တဲ့ ကစားသမား တစ်ဦး ဖြစ်လာအောင် လုပ်သွားဖို့ အတွက် အချိန်တွေ အများကြီး ရထား ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က နေမာ ဘာစီလိုနာ ကနေ ဘာကြောင့် ထွက်ခွာ ခဲ့သလဲ ဆိုတာ ကိုတော့ ကျွန်တော် နားလည်လို့ မရပါဘူး။

သူဟာ အဲဒီအချိန်က လီယွန်နယ်မက်ဆီလို သမိုင်းတစ်လျှောက် အကောင်းဆုံး တွေထဲက တစ်ဦးနဲ့ တွဲဖက် ကစား နေရတာပါ။ ကိုယ့်ကိုကိုယ် စိန်ခေါ်ချင်တဲ့ အတွက် အသင်း ပြောင်းတယ် ဆိုတဲ့ လူတစ်ချို့ရဲ့ ပြောဆိုမှု တွေကို ကျွန်တော် လုံး၀ နားမလည် ပါဘူး။ အဲဒီအချိန်က ဘာစီလိုနာ ကနေ လီဂူးဝမ်းကို ပြောင်းရွေ့တယ် ဆိုတာ level တဆင့်ချ ကစားခဲ့တာ အသေအချာ ပါပဲ။ ဘာအတွက်ကြောင့် သူ လီဂူးဝမ်းကို ပြောင်းခဲ့တာလဲ?

ကျွန်တော့် ကတော့ သူဟာ အဲဒီ ကလပ်မှာ ကြယ်ပွင့် ဂုဏ်ပုဒ် ပိုင်ဆိုင်ဖို့နဲ့ လွယ်ကူတဲ့ ဘဝကို ဖြတ်သန်းဖို့ အတွက်ပဲ ထင်ပါတယ်။ ကျွန်တော် အတိအကျ မသိပေမယ့် ဒီဆုံးဖြတ်ချက်ဟာ သူ့ရဲ့ attitude ကို ပြောနေ သလို ပါပဲ။” လို့ ဆိုခဲ့ ပါတယ်။

တော့တင်ဟမ် နဲ့ ဆောက်သမ်တန် နည်းပြဟောင်း ပိုချက်တီနိုဟာ ဒီတစ်ပတ်မှာပဲ ပီအက်ဂျီ အသင်းရဲ့ တရားဝင် နည်းပြ ဖြစ်လာ ခဲ့ပါတယ်။

ပိုချက်တီနိုက “ကျွန်တော်ဟာ ဒီကလပ်ကို များပြားတဲ့ ရည်မှန်းချက်တွေနဲ့ ပြန်လာ ခဲ့တာပါ။ ပြီးတော့ ကျွန်တော့် အနေနဲ့ ကမ္ဘာ့ အရည်အသွေးမြင့် ကြယ်ပွင့် ကစားသမား တစ်ချို့နဲ့ အတူ လက်တွဲ လုပ်သွားဖို့ စိတ်အား ထက်သန် နေပါတယ်။ ဒီအသင်းဟာ အရမ်းကို ကောင်းမွန်တဲ့ အလားအလာ ရှိနေပါတယ်။ ကျွန်တော်နဲ့ နည်းပြ အဖွဲ့ဝင်တွေဟာ ပြိုင်ပွဲစုံမှာ ပီအက်ဂျီ အတွက် အကောင်းဆုံး အရာတွေ ရဖို့ အစွမ်းကုန် ကြိုးစား သွားမှာပါ။ ပြီးတော့ ကျွန်တော်တို့ဟာ ပီအက်ဂျီ ပရိတ်သတ်တွေ အမြဲ နှစ်သက်လေ့ ရှိတဲ့ တိုက်ပွဲဝင် စိတ်ဓာတ် နဲ့ တိုက်စစ် အသားပေး ကစားဟန်ကို ပုံဖော် သွားနိုင်ရန် အကောင်းဆုံး လုပ်သွားမှာပါ။” လို့ ဆိုလိုက်ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular