spot_img

ဒီရာသီ ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးနိုင်ဖို့ လီဗာပူးတို့ ရမှတ် ဘယ်လောက် စုဆောင်းဖို့ လိုအပ်နိုင်သလဲဆိုတာ ခန့်မှန်းလိုက်တဲ့ ရောဘတ်ဆန်

အန်ဒီရောဘတ်ဆန်ဒီရာသီ ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးနိုင်ဖို့ လီဗာပူးတို့ ရမှတ် ဘယ်လောက် စုဆောင်းဖို့ လိုအပ်နိုင်သလဲဆိုတာ ခန့်မှန်းလိုက်တဲ့ ရောဘတ်ဆန်က လီဗာပူး အသင်း အနေနဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို ကာကွယ် နိုင်ဖို့ အတွက် ဆိုရင် အဝေးကွင်းမှာ ရမှတ်တွေ ဒီထက် ပိုမို ရယူ သွားဖို့ လိုအပ်တယ်လို့ ယုံကြည် နေပါတယ်။ လီဗာပူး အသင်းဟာ ဒီရာသီ လိဂ်ပွဲစဉ် ၁၆ ပွဲ ကစားပြီးတဲ့ အချိန်မှာ ဒုတိယ နေရာက မန်ချက်စတာယူနိုက်တက် အသင်းကို ဂိုးကွာခြားချက် အသာ ရယူပြီး ဇယားထိပ်မှာ ရပ်တည် နေပါတယ်။

လီဗာပူးဟာ ဒီရာသီ အန်ဖီးမှာ ရလဒ်တွေ အထူး ကောင်းမွန်နေ ခဲ့ပေမယ့်လည်း အဝေးကွင်း မှာတော့ စိတ်ပျက်စရာ ရလဒ်တွေ ရရှိခဲ့ပြီး နောက်ဆုံး ၇ ပွဲမှာ ၁ ပွဲသာ နိုင်ထား ခဲ့ပါတယ်။ ဒါ့အပြင် လီဗာပူးဟာ ဒီရာသီ မဖြစ်သင့်တဲ့ ရမှတ် ဆုံးရှုံးမှုတွေ ဖြစ်ပေါ်လျက် ရှိနေပြီး တန်းဆင်းဇုန်နားက အသင်းတွေ ဖြစ်ကြတဲ့ ဝက်ဘရွမ်း ၊ ဖူဟမ် ၊ ဘရိုက်တန် နဲ့ နယူးကာဆယ် တို့ကို သရေသာ ကစား နိုင်ခဲ့ပါတယ်။

myan789

ရောဘတ်ဆန်က “ပြီးခဲ့တဲ့ ၂ နှစ် ၃ နှစ် အတွင်းမှာ ကျွန်တော်တို့ဟာ ဒီလို ပွဲတွေကို အနိုင်ရအောင် ကစား နိုင်ခဲ့ပါတယ်။ ဒီကလပ်တွေက မလေးမစား ပြောတာ မဟုတ်ပေမယ့် ပြီးခဲ့တဲ့ ရာသီက ကျွန်တော်တို့ဟာ ဒီလို အသင်းတွေနဲ့ တွေ့ဆုံတဲ့ ပွဲစဉ်တွေမှာ ရမှတ် အပြည့် ယူနိုင် ခဲ့ပါတယ်။ ကျွန်တော်တို့ အနေနဲ့ အဆိုပါ အသင်းတွေနဲ့ တွေ့ဆုံရာမှာ နောက်ထပ် ရမှတ် ၂ မှတ်သာ ပိုယူ နိုင်ခဲ့မယ် ဆိုရင် အမှတ်ပေးဇယားဟာ လုံးဝကို ခြားနား သွားမှာပါ။

ကျွန်တော်တို့ ဇယားထိပ်မှာ သက်တောင့်သက်သာ နဲ့ ရပ်တည် နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ခင်ဗျားတို့ သိကြတဲ့ အတိုင်းပဲ။ ဒီရာသီဟာ ထူးခြားတဲ့ ရာသီတစ်ခု ဖြစ်လာမှာပါ။ အသင်းတွေ အားလုံးသာ လက်ကျန်ပွဲတွေ ကစား ပြီးသွားပြီ ဆိုရင် အသင်း ၇ သင်း ၈ သင်းလောက်ဟာ ကျွန်တော်တို့နဲ့ ၃ မှတ် အကွာလောက်မှာ ရှိနေမှာ ဖြစ်ပါတယ်။ ကျွန်တော် ပြောခဲ့သလိုပဲ ဒါဟာ ထူးခြားတဲ့ ရာသီ တစ်ခု ဖြစ်လာ မှာပါ။

ကျွန်တော် သေချာပေါက် ပြောနိုင်တာ ကတော့ ဒီရာသီ ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူး နိုင်မယ့် အသင်းဟာ ရမှတ် ၉၇ မှတ် တို့ ၉၈ မှတ်တို့ ရမှာတော့ မဟုတ်ပါဘူး။ ကျွန်တော့် အမြင် ကတော့ ချန်ပီယံ ဖြစ်မယ့် အသင်းဟာ ရမှတ် ၈၀ ကျော်လောက် ရရင် လုံလောက်ပြီလို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီရာသီ ပြိုင်ပွဲဟာ အကြိတ်အနယ် ဖြစ်နေပြီး တစ်သင်းနဲ့ တစ်သင်း အမှတ်တွေ ဆုံးရှုံးအောင် လုပ်နေကြလို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ title race ထဲမှာ ရှိနေဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ အခုထိ ဒီလိုမျိုး လုပ်ထား နိုင်ခဲ့ပါတယ်။

အမှန်ပါပဲ။ နောက်ဆုံး ပွဲစဉ် ၂ ပွဲဟာ စိတ်ပျက်စရာ ဖြစ်ခဲ့ ပါတယ်။ အထူးသဖြင့် နယူးကာဆယ် နဲ့ ဝ-၀ ဖြစ်ခဲ့တဲ့ ပွဲစဉ်ပါ။ ကျွန်တော်တို့ အဲဒီပွဲမှာ အခွင့်အရေးကောင်းတွေ အများကြီး ရရှိခဲ့တဲ့ အပြင် နယူးကာဆယ် ဂိုးသမား ဒါလိုး ကလည်း အကောင်းဆုံး လက်စွမ်းပြ ကာကွယ်မှုတွေ လုပ်သွား ခဲ့ပါတယ်။ တစ်ခါတစ်ရံ ကျွန်တော်တို့ ဒီလို ပွဲမျိုးတွေ ကြုံတွေ့ ရတက် ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေ ကတော့ ကျွန်တော်တို့ ဒီလိုပွဲမျိုးတွေ သိပ်ပြီး မကြုံ ခဲ့ရပါဘူး။ ဒါပေမယ့် ဒီရာသီ မှာတော့ ဒီလိုမျိုးတွေ ကြုံနေ ရပါတယ်။

ကျွန်တော်တို့ ၂၀၂၁ ခုနှစ်က စပြီး ဒါတွေကို စတင် ပြောင်းလဲ သွားဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ နိုင်ပွဲတွေ တောက်လျှောက် ရယူ သွားဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ အဝေးကွင်းမှာ ရမှတ်တွေ ဒီထက် ပိုရအောင် လုပ်သွားဖို့ လိုအပ်သလို အိမ်ကွင်းမှာလည်း အမြင့်ဆုံး အမှတ်တွေ ဆက်လက် ရယူ နိုင်အောင် လုပ်သွား ရမှာပါ။ ကျွန်တော်တို့ ရာသီကုန်မှာ ဘယ်နေရာနဲ့ အဆုံးသတ် မလဲ ဆိုတာ ကြည့်ရတာပေါ့။ ဒါပေမယ့် ဒီရာသီဟာ ထူးခြားတဲ့ ရာသီ တစ်ခုပါ။ ကျွန်တော်တို့ ထိပ်ဆုံး နေရာနဲ့ အဆုံးသတ် နိုင်ဖို့ မျှော်လင့်ပါတယ်။” လို့ ပြောလိုက် ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular