spot_img

လီဗာပူးကို ကျော်ဖြတ်ပြီး ယူနိုက်တက်တို့ အမှတ်ပေးဖလား ဆွတ်ခူးနိုင်မလား ၊ ဘာကြောင့်လဲဆိုတာ ရှင်းပြလိုက်တဲ့ ရွိုင်ကိန်း

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ 2020-21 ဘောလုံး ရာသီ အတွင်း ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ စတင်ပုံ ညံ့ခဲ့ ပေမယ့် နောက်ပိုင်း ပွဲစဉ်တွေမှာတော့ 10 ပွဲ ဆက်တိုက် ရှုံးပွဲ မရှိအောင် ကစားပြထား နိုင်ခဲ့ခြင်းနဲ့ အတူ လက်ရှိ အချိန်မှာ အမှတ်ပေး ဇယား အဆင့် 2 နေရာမှာ လီဗာပူး အသင်းနဲ့ ရမှတ်တူ ဂိုးကွာ အဖြစ် ရပ်တည် နိုင်ခဲ့ ပါတယ် ။

ဒါ့ကြောင့် သတင်း သုံးသပ်သူ အများစုက ဆာ အဲလက်စ် ဖာဂူဆန် ထွက်ခွာ သွားခဲ့တဲ့နောက် အမှတ်ပေး ချန်ပီယံ ဖြစ်နိုင်ဖို့ ရုန်းကန် နေခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနှစ်မှာ ပရီးမီးယားလိဂ် ဖလားကို စိန်ခေါ် နိုင်စွမ်း ရှိနိုင်မလား ဆိုတဲ့ အကြောင်း မကြာခန သုံးသပ် ပြောဆို နေခဲ့ကြ ပါတယ် ။

myan789

အခြား တစ်ဖက် မှာတော့ ယူနိုက်တက် တို့ရဲ့ ခါသီး ပြိုင်ဖက် လီဗာပူး အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ရမှတ် 99 မှတ် အထိ စုဆောင်း ထားနိုင်ခဲ့ပြီး အမှတ်ပေး ချန်ပီယံ ဖြစ်ခဲ့သလို အဲ့ဒီ မတိုင်ခင် မှာတော့ မြို့ခံ ပြိုင်ဖက် မန်စီးတီး အသင်း ကလည်း အံ့ဖွယ် မှတ်တမ်းကောင်းတွေနဲ့ အတူ နှစ်ရာသီဆက် ချန်ပီယံ ဖြစ်ခဲ့ပါ သေးတယ် ။

ဒါပေမယ့် ယူနိုက်တက် ဂန္တဝင် ရွိုင်ကိန်း ကတော့ လက်ရှိ ရာသီ အတွင်းမှာ လီဗာပူး အသင်းရဲ့ ကစားပုံ တွေဟာ လျော့တိလျော့ရဲ ဖြစ်နေခဲ့ကြောင်း သုံးသပ် ပြောကြား သွားခဲ့ လိုက်ပြီး မန်စီးတီး အပါအဝင် အမှတ်ပေး ဖလားကို စိန်ခေါ် နိုင်စွမ်း ရှိတဲ့ အသင်း 5 – 6 သင်းလောက် ရှိနေကြောင်း မှန်းဆ သွားခဲ့လိုက် ပါတယ် ။

ဒါပေမယ့် နောက်ဆုံး ကစားခဲ့ ရတဲ့ ပွဲစဉ်တွေ အနက် ရမှတ် 30 အထိ ရနိုင်ခြေ ရှိတဲ့ အနေအထား တစ်ရပ်မှာ ရမှတ် 26 မှတ်ထိ စုဆောင်း ထားနိုင် ခဲ့တဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက် အသင်းဟာလည်း လီဗာပူး အသင်းကို ကျော်ဖြတ်ပြီး အမှတ်ပေး အမှတ်ပေး ချန်ပီယံ ဖြစ်နိုင်ကြောင်း ၊ ဒါပေမယ့် လက်ရှိ အချိန်မှာ လီဗာပူး ကသာ အတောင့်တင်းဆုံး အသင်း အဖြစ် ရှိနေကြောင်း ရွိုင်ကိန်း က ဆိုခဲ့လိုက် ပါတယ် ။

” အမှတ်ပေး ဖလားကို စိန်ခေါ် နိုင်တဲ့ အသင်း အနည်းငယ် ရှိနေ ပါတယ် ။ လီဗာပူး ကတော့ အတောင့်တင်းဆုံး အသင်းပဲပေါ့ဗျာ ။ ဒါပေမယ့် သူတို့ရဲ့ ကစားပုံက ရိုးရှင်းပြီး လျော့တိလျော့ရဲ ဖြစ်နေခဲ့ရ ပါတယ် ။ ယူနိုက်တက် ကတော့ အိမ်ကွင်း အမှတ်လျော့တဲ့ ပြသနာကို ဖြေရှင်းခဲ့ပြီး ပါပြီ ။ တော့တင်ဟမ် ကလည်း မနေ့က အိမ်ကွင်း နိုင်ပွဲကောင်း ပိုင်ဆိုင်ခဲ့ ပါတယ် ”

” ဒါတွေ အပြင် မန်စီးတီး အသင်း ကိုလည်း လျှော့တွက်လို့ မရနိုင် ပါဘူး ။ မန်စီးတီး နဲ့ လီဗာပူး တို့ကို မကြာသေးခင်က ကျွန်တော်တို့ အတော်လေး ဝေဖန် ခဲ့ကြ ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ပြီးခဲ့တဲ့ ဘောလုံး ရာသီတွေ တုန်းက သူတို့ တွေဟာ အမြင့်ဆုံး စံချိန် မှတ်တမ်းတွေ ပိုင်ဆိုင် နိုင်ခဲ့ ကြလို့ ပါပဲ ။ ဒီနှစ် အမှတ်ပေး ဖလားကို စိန်ခေါ်မယ့် အသင်း 5 – 6 သင်းလောက် အထိ ရှိနေကြ ပါတယ် ”

” ယူနိုက်တက် အသင်း ကလည်း နိုင်ပွဲ တွေကို ဆက်တိုက် ဆိုသလို ရယူ ပြနိုင်ခဲ့ ပါတယ် ။ ရာသီ အစ တုန်းက ကျွန်တော်တို့ တွေဟာ သူတို့ကို အရမ်းပဲ ဝေဖန် ထိုးနှက် ခဲ့ကြပါ သေးတယ် ။ သူတို့ရဲ့ အိမ်ကွင်း ကစားပုံက ဆိုးရွားလွန်းခဲ့ ပါတယ် ။ သူတို့ရဲ့ စွမ်းဆောင်ရည် နဲ့ ရလဒ် အချို့ က တစ်ကယ့်ကို ရှော့ခ် ရချင်စရာ ဖြစ်သွား ခဲ့ရ ပါတယ် ”

” ဒါပေမယ့် အဝေးကွင်း မှာတော့ သူတို့တွေ အရမ်းကို ထူးကဲ ကောင်းမွန် ခဲ့ကြ ပါတယ် ။ ပြီးတော့ သူတို့ရဲ့ နောက်ဆုံး နိုင်ပွဲ အချို့ … ဗီလာ နဲ့ ပွဲစဉ် တုန်းက ပင်နယ်တီ ၊ ဝုလ်ဗ် အသင်းနဲ့ ပွဲချိန် နောက်ဆုံး မိနစ်မှ နိုင်ပွဲ တွေက ကံကောင်း ခဲ့တယ်လို့ ဆိုလို့ ရနိုင် ပါတယ် ။ သူတို့ ယုံကြည်မှု မြင့်တက် လာကြမှာပါ ။ သူတို့ တွေဟာ အနည်းဆုံး လီဗာပူူကို စိန်ခေါ် နိုင်စွမ်း ရှိတယ် ဆိုတဲ့ ယုံကြည်မှု တွေကို ပိုင်ဆိုင်ခဲ့ ကြမှာပါ ” လို့ ရွိုင်ကိန်း က သုံးသပ် ပြောကြား သွားခဲ့လိုက် ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular