spot_img

ဝုလ်ဗ် နိုင်ပွဲအပြီး အသင်းဖော် နှစ်ဦးကို ချီးကျူးရင်း မနှစ်ကထက် ပိုကောင်းလာတဲ့ အရာတစ်ခုကို ဖွင့်ပြောလိုက်တဲ့ မက်ဂွားယား

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ အသင်း ခေါင်းဆောင် ဖြစ်သူ ဟယ်ရီ မက်ဂွားယား က ဝုလ်ဗ် အသင်းကို အနိုင် ရရှိခဲ့တဲ့ ပွဲစဉ် အပြီး မှာတော့ ခံစစ်ကို အတော်လေး ကူညီ ပေးနိုင်ခဲ့ ကြတဲ့ ကွင်းလယ်လူ ပေါ့ဂ်ဘာ နဲ့ မာတစ် တို့ကို အမွှမ်းတင် ချီးကျူး သွားခဲ့လိုက် ပါတယ် ။

ဒီပွဲ မှာတော့ ယူနိုက်တက် တို့ဟာ အခွင့်အရေးတွေကို အသုံးချ နိုင်ဖို့ ရုန်းကန် ခဲ့ကြ ရပြီး ဝုလ်ဗ် အသင်း ရဲ့ ကန်ချက်တွေ ကိုလည်း ဒီဂီယ က ဟန့်တား ပြနိုင် ခဲ့တဲ့ အတွက် မိနစ် 90 အတွင်း ဂိုးမရှိ သရေ ရလဒ်သာ ထွက်ပေါ် ခဲ့ရ ပါတယ် ။ ဒါပေမယ့် 93 မိနစ် မှာတော့ ရပ်ရှ်ဖို့ က အသင်း အတွက် ဂိုးသွင်း ပေးနိုင်ခဲ့တဲ့ အတွက် ယူနိုက်တက်တို့ နိုင်ခဲ့ကြ ပါတယ် ။

myan789

အခုလို Clean Sheet နဲ့ နိုင်ပွဲ ရရှိဖို့ အတွက် ဒီဂီယာ နဲ့ ယူနိုက်တက် နောက်ခံလူ တွေက အတော်လေး အရေးပါ ခဲ့ကြ ပါတယ် ။ ဒါပေမယ့် ကွင်းလယ် ခံစစ် နေရာမှာ ကစားပေးပြီး ပြိုင်ဖက် အသင်းကို တိုက်စစ်ဆင်ရ ခက်ခဲအောင် ဘောလုံး လုယူမှု ၊ ဖြတ်တောက်မှု တွေကို လုပ်ဆောင်ခဲ့ ကြတဲ့ မာတစ် နဲ့ ပေါ့ဂ်ဘာ တို့ရဲ့ ကြိုးစားမှု ကလည်း ချီးကျူး စရာ ဖြစ်ခဲ့ရ ပါတယ် ။

ဒါ့ကြောင့် ဟယ်ရီ မက်ဂွားယား က Clean sheet ရယူ ပေးနိုင်ရေးမှာ အရေးပါခဲ့ ကြတဲ့ ကွင်းလယ် ခံစစ် ကစားသမား နှစ်ဦးကို ချီးကျူးရင်း ပရိသတ်တွေ မျှော်လင့် နေခဲ့ကြတဲ့ အထူးပုံစံကောင်းတွေကို တစ်ဖန် ပြန်လည် ပြသသွားနိုင်ခဲ့တဲ့ ပြင်သစ် လက်ရွေးစင် ပေါလ် ပေါ့ဂ်ဘာ ကိုတော့ အမွှမ်းတင် သွားခဲ့လိုက် ပါတယ် ။

” နီမန်ဂျာနဲ့ ပေါလ်တို့ ဆီက ကျွန်တော်တို့ အကာအကွယ်တွေ ရရှိ ခဲ့တာက အရမ်းကို ကောင်းမွန်ခဲ့ ပါတယ် ။ သူတို့ တွေဟာ ခံစစ် ကစားပုံ တွေလည်း အရမ်းကို ကောင်းခဲ့ ကြတယ်လို့ ကျွန်တော် ထင်မိ ပါတယ် ။ ပွဲချိန် ဒုတိယပိုင်းမှာ ဆိုရင် ပေါလ် က ကောင်းမွန် လှတဲ့ ဘောလုံး ယှဉ်လုမှု တွေကိုပါ လုပ်ဆောင် ပေးသွား နိုင်ခဲ့ ပါတယ် ”

” ဒါက တစ်ကယ်တော့ ခံစစ် ကစားပုံ ကောင်းမွန်ခြင်းတွေကို ပြခဲ့ရတဲ့ ပွဲစဉ်မျိုး ဖြစ်သွား ခဲ့ရ ပါတယ် ။ ကျွန်တော်တို့ တွေဟာ ခံစစ်ပိုင်း ကစားပုံအရ အတော်လေး မာကျောပြီး ကျစ်လျစ်ခဲ့ကြတယ်လို့ ကျွန်တော် ထင်မိ ပါတယ် ။ ပွဲကစားချိန် ပထမပိုင်း တုန်းက ဆိုရင် ကျွန်တော်တို့ တွေဟာ ( ဝုလ်ဗ် ရဲ့ ) တန်ပြန် တိုက်စစ် ကစားတဲ့ ဒဏ်ကို ခံစား ခဲ့ကြ ရပါ သေးတယ် ”

” ပွဲချိန် ပထမပိုင်း အတွင်း မှာတော့ ကျွန်တော်တို့ တွေက သူတို့ရဲ့ ကောင်တာ တိုက်စစ် ကစားဟန်ကို ညှိညှိနှိုင်းနှိုင်း ကစားခဲ့ ရပြီး ဒုတိယပိုင်း မှာတော့ သူတို့တွေ တိုက်စစ်ဆင် ကစားရ ခက်ခဲ သွားအောင် အထိ လုပ်ပြ နိုင်ခဲ့ကြ ပါတယ် ။ ကျွန်တော်တို့ တွေဟာ ပွဲရှိန် အနည်းငယ် ပိုင်ဆိုင် နိုင်ဖို့တော့ လိုအပ်ချက် ရှိခဲ့ကြ ပါတယ် ”

” ကျွန်တော်တို့ အသင်းရဲ့ တိုက်စစ် ကစားသမားတွေပဲ မဟုတ်ရ ပါဘူး ၊ ခံစစ် ကစားသမား တွေလည်း ဟန်ချက် တစ်ခုကို ထိန်းသိမ်း နိုင်ဖို့ အခက်တွေ့ ခဲ့ကြရ ပါတယ် ။ ဘောလုံး ပိုင်ဆိုင် ခဲ့တဲ့ အချိန် တွေမှာ ဘရူနို ကို ရှာဖွေဖို့ ၊ ဘောလုံး ပေးပို့မှု တွေကို လုပ်ဆောင်ဖို့ ကျွန်တော်တို့တွေ အခက်တွေ့ သွားခဲ့ကြရ ပါတယ် ”

” ကျွန်တော်တို့ ဒီည လိုအပ်ချက် ရှိခဲ့ကြ ပါတယ် ။ ဒါပေမယ့် ပွဲချိန် နောက်ဆုံး မိနစ်အထိ ကြိုးစား ကစားရင်း အခွင့်အရေး တွေကို စောင့်ဆိုင်း ရှာဖွေဖို့ အထူး လိုအပ်လှ ပါတယ် ။ ပြီးခဲ့တဲ့ နှစ်တုန်းက ဒီလို ပွဲမျိုးမှာ ဆိုရင် ကျွန်တော်တို့ ကစားပုံ မှားယွင်းတာနဲ့ အတူ ဂိုးပြန်ပေး ရလို့ ရှုံးနိမ့် ခဲ့တဲ့ ပွဲစဉ်မျိုးတောင် ရှိခဲ့ရပါ သေးတယ် ” လို့ မက်ဂွားယား က ဒီနှစ်မှာ တိုးတက်မှု အချို့ ရှိလာပြီ ဖြစ်ကြောင်း နှိုင်းယှဉ် သွားခဲ့လိုက် ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular