spot_img

La Sexta ရုပ်သံနှင့် အင်တာဗျူးတွင် အသင်းမှထွက်ခွင့် တောင်းခဲ့ခြင်းကို နောင်တမရကြောင်း မက်ဆီ ဆိုခဲ့ပြီး ဆွာရက်ဇ်ကို ရောင်းခဲ့ခြင်းအတွက် ဝေဖန်

ဘာစီလိုနာအသင်း၏ တိုက်စစ်မှူး မက်ဆီသည် La Sexta ရုပ်သံနှင့် တစ်နာရီကြာ အင်တာဗျူးကို လက်ခံပြုလုပ်ခဲ့ပြီး မကြာသေးမီက အသင်းနှင့်ဖြစ်ပွားခဲ့သည့် ပြဿနာများနှင့်ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။

မက်ဆီက ပြီးခဲ့သည့် အပြောင်းအရွှေ့ကာလက အသင်းကို Burofax (စပိန်အစိုးရအသိအမှတ်ပြု ဥပဒေပိုင်းဆိုင်ရာ စာပို့ဝန်ဆောင်မှု) ဖြင့် ထွက်ခွာခွင့် တောင်းခဲ့ခြင်းအပေါ် နောင်တမရသလို၊ အမေရိကန် မေဂျာလိဂ်တွင် သွားကစားဖွယ်ရှိသည့် အခြေအနေ၊ ဘာစီလိုနာအသင်းက ဆွာရက်ဇ်ကို ရောင်းထုတ်ခဲ့ခြင်းအပေါ် သူ၏အမြင်များကိုလည်း ပြောကြားသွားခဲ့သည်။

myan789

ဘာစီလိုနာအသင်း၏ ဂန္ထဝင်ကစားသမား မက်ဆီသည် ယခုရာသီကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်ပြီး PSG နှင့် မန်စီးတီးအသင်းတို့၏ စိတ်ဝင်စားခြင်းကို ခံနေရသူဖြစ်သည်။ သူက အနာဂတ်နှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်တစ်စုံတစ်ရာကို ပြောကြားခဲ့ခြင်းမရှိသော်လည်း ယခုရာသီကုန်တွင် အသင်းမှထွက်ခွာလိုပါက Burofax ကိုအသုံးပြုကာ အကြောင်းကြားဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နွေရာသီကာလတစ်လျှောက်လုံး ဖြစ်ပေါ်ခဲ့သည့် အကွဲအပြဲများနှင့် အသင်းမှထွက်ခွင့်ရရန် ကြိုးပမ်းခဲ့ခြင်းတို့အပေါ် မက်ဆီက “ဒါက ကျွန်တော် အသင်းကထွက်ချင်တဲ့ဆန္ဒကို ဖော်ထုတ်တာပါပဲ။ ကျွန်တော့်ရဲ့ နေ့စဉ်၊ နှစ်စဉ် သံသရာကြီးက ငြီးငွေ့စရာကောင်းလာပြီလို့ ခံစားရတာကြောင့် ကျွန်တော့်ကို အများကြီးအကူအညီပေးခဲ့တဲ့ အသင်းကနေ ထွက်ဖို့ အချိန်ကျပြီလို့ ထင်ခဲ့တာပါ။ ကျွန်တော်က ဖလားတွေအများကြီးလိုချင်သေးပြီး၊ ချန်ပီယံလိဂ်ဖလားအတွက်လည်း တိုက်ပွဲဝင်ချင်ပါတယ်။ အပြောင်းအလဲတစ်ခုတော့ လိုနေပြီလို့ ခံစားခဲ့ရပါတယ်။ ဘာစီလိုနာအသင်းရဲ့ ဥက္ကဋ္ဌက ဒါကို စတင်တားဆီးခဲ့ပြီး ကျွန်တော့်အပေါ် အနုတ်လက္ခဏာဖြစ်စေမယ့် အမြင်တွေကို စတင်ဖော်ထုတ်ခဲ့ပါတယ်။ ဒီမြို့နဲ့ ဒီအသင်းကနေ ထွက်ချင်တယ်လို့ ပြောရတာဟာ ကျွန်တော့်အတွက် အခက်ခဲဆုံး အလုပ်တစ်ခုပါ။ မိသားစုကလည်း ဒီမှာပဲ ဆက်နေချင်ကြပါတယ်။ ဒီနေရာက သူတို့ရဲ့ အိမ်လည်းဖြစ်ပါ တယ်။ ဒါပေမဲ့ ကျွန်တော်ကလည်း ထွက်သင့်ပြီလို့ အမှန်တကယ် ကို ခံစားခဲ့ရပါတယ်”ဟု ပြောကြားခဲ့သည်။

လူးဝစ်ဆွာရက်ဇ်နှင့်ပတ်သက်၍လည်း မက်ဆီက “ဆွာရက်ဇ် ထွက်ခွာသွားတဲ့ကိစ္စက ကျွန်တော်တို့ ဘာမှ မတတ်နိုင်တဲ့ အသင်းရဲ့ဆုံးဖြတ်ချက်ကိစ္စပါ။ ဒါပေမဲ့ သူ့ကို ဘာကြောင့်ထွက်ခွင့်ပေးခဲ့သလဲဆိုတာနဲ့ ဘာကြောင့် အဓိက ပြိုင်ဘက်အသင်းကို ပြောင်းရွှေ့ခွင့်ပေးခဲ့သလဲဆိုတာတွေက တော်တော်ရူးကြောင်ကြောင်နိုင်တဲ့ ဆုံးဖြတ်ချက်လို့ ထင်ပါတယ်။ ဆွာရက်ဇ်က အက်သလက်တီကိုအတွက် ဘာတွေလုပ်နေသလဲဆိုတာကို ကြည့်တဲ့အခါ ရူးချင်စရာပဲ။ သူက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်သွားတယ်။ သူ့ရဲ့ လက်ကျန်စာချုပ်တွေကို ပြိုင်ဘက်အသင်းမှာ ကစားသွားမယ်။ ကျွန်တော်တို့နဲ့ ရည်မှန်းချက် အတူတူရှိနေတဲ့ အသင်းတစ်သင်းဖြစ်နေတယ်။ မယုံနိုင်စရာ ဆုံးဖြတ်ချက်ပဲ”ဟုလည်း ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular