spot_img

မန်စီးတီးပရိသတ်တွေ ဝမ်းသာအောင် စကားခင်းလိုက်တဲ့ မက်ဆီ

အာဂျင်တီးနား နဲ့ ဘာစီလိုနာ အသင်းတို့ရဲ့ တိုက်စစ်မှူးကြီး လီယွန်နယ် မက်ဆီ က သူ ဟာ နည်းပြ ဟောင်း ပက် ဂွာဒီယိုလာ နဲ့ လူးဝစ် အင်းနရစ် တို့ ကို သူ့ရဲ့ ဘောလုံး သမား ဘ၀ တစ်လျောက် လက်တွဲ ခဲ့တဲ့ ကလပ် အသင်း နည်းပြ တွေထဲ မှာ အကောင်းဆုံး ၂ ဦး ဖြစ်တယ် လို့ ဖော်ပြ ပြောဆို သွားခဲ့ ပါတယ် ။ မက်ဆီ ဟာ အဆိုပါ နည်းပြ ၂ ဦး လက်အောက် မှာ အထူး တောက်ပ ခဲ့ပြီး ချန်ပီယံ လိဂ် ဖလား ကို ၃ ကြိမ် ရယူ နိုင်ခဲ့ ပါတယ် ။

မက်ဆီ ဟာ လက်ရှိ မန်ချက် စတာ စီးတီး အသင်း ကို ကိုင်တွယ် နေတဲ့ နည်းပြ ဂွာဒီယိုလာ လက်အောက် မှာ ချန်ပီယံ လိဂ် ဖလား ကို ၂၀၀၉ နဲ့ ၂၀၁၁ ခုနှစ် တွေမှာ ရရှိ ခဲ့ပြီး လာလီဂါ ချန်ပီယံ ဆု ကို လည်း ၃ နှစ် ဆက်တိုက် ဆွတ်ခူး နိုင်ခဲ့ ပါတယ် ။

myan789

အဲ့ဒိ နောက် မှာတော့ မက်ဆီ ဟာ လူးဝစ် အင်းနရစ် ရဲ့ လက်အောက် မှာ ဆွာရက် ၊ နေမာ တို့နဲ့ အတူ ကြောက်မက်ဖွယ် ကောင်းတဲ့ MSN တိုက်စစ် အတွဲ ကို ပုံဖော် ခဲ့ပြီး ၂၀၁၅ ခုနှစ် မှာ ချန်ပီယံ လိဂ် ဖလား ကို နောက်ထပ် တစ်ကြိမ် ဆွတ်ခူး ရယူ နိုင်ခဲ့ သလို အမှတ်ပေး ချန်ပီယံ ဆု ကို လည်း ၂ ကြိမ် ရယူနိုင် ခဲ့ ပါတယ် ။

၂၀၁၅ နောက်ပိုင်း မှာတော့ မက်ဆီ နဲ့ ဘာစီလိုနာ အသင်း တို့ဟာ ပြည်တွင်း မှာ အထုက် အလျောက် အောင်မြင် ခဲ့ပေမယ့် ဥရောပ ပြိုင်ပွဲတွေ မှာတော့ ဗိုလ်လုပွဲ အဆင့်ကိုပင် မတက်ရောက် နိုင်အောင် ဖြစ်ခဲ့ရ ပါတယ် ။ အသင်းရဲ့ ဖွဲ့စည်းပုံ နဲ့ စီမံ ခန့်ခွဲမှုတွေ ဟာလည်း တဖြည်းဖြည်း ယိုယွင်း လာခဲ့ပြီး ကစား သမားတွေ နဲ့ အသင်းအကြီးအကဲ တွေ အကြားမှာ အဆင်မပြေ မှုတွေ ကြီးမားလာခဲ့ ပါတယ် ။

နောက်ဆုံး မှာတော့ ဥက္ကဌ ဘာတိုမြူ ၊ ဒါရိုက်တာ အဘီဒယ် တို့ တာဝန် ကနေ ရပ်နား ခံခဲ့ ကြရသလို နည်းပြ ဗယ်ဗာဒီ လည်း အထုတ်ခံ ခဲ့ရ ပါတယ် ။ ဒါ့အပြင် မက်ဆီ ဟာလည်း အကယ် ဒမီ ကစား သမား ဘ၀ ကတည်းက ကစား လာခဲ့တဲ့ ဘာစီလိုနာ ကို စွန့်ခွာ ဖို့ ဆုံးဖြတ်တဲ့ အထိ ကိစ္စတွေ ပြင်းထန် ခဲ့ကြ ပါတယ် ။

ပြီးခဲ့တဲ့ နွေရာသီ တုန်းက မက်ဆီ ဟာ ဘာစီလိုနာ ကနေ ထွက်ဖို့ လုပ်ခဲ့ပြီး ဆရာဟောင်း ဂွာဒီယိုလာ ရှိရာ မန်စီးတီး ကို ရောက်မယ်လို့ သတင်းကြီးခဲ့ ပါတယ် ။ ဒီအပြောင်း အရွှေ့ ဖြစ်မလာ ပေမယ့် လာမယ့် နှစ်မှာ မန်စီးတီး ကို ရောက်ရှိ နိုင်ချေ ဟာ အခြား အသင်းတွေထက် မြင့်မား နေဆဲ ပါ ။

ဒီလို အချိန် မှာ မက်ဆီ ရဲ့ ဂွာဒီယိုလာ နဲ့ ပတ်သက်ပြီး ထုတ်ဖော် ချီးကျုး ပြောဆို မှုတွေ ဟာ မက်ဆီ ကို မျှော်လင့် ခဲ့တဲ့ ၊ မျှော်လင့် နေဆဲ ဖြစ်တဲ့ မန်ချက် စတာ စီးတီး ပရိသတ်တွေ အတွက် ဝမ်းမြောက် စရာ သတင်း စကား တစ်ခု ဖြစ်စေ ခဲ့ရ ပါတယ် ။

“ပက် မှာ ထူးခြားတဲ့ အရာ ရှိပါတယ် ။ သူက ခင်ဗျား တို့ကို သေချာ ရှင်းရှင်း လင်းလင်း ဖြစ်အောင် သင်ပြ ပေးနိုင်ပါတယ် ။ ကစားပွဲတွေ ကို ဘယ်လို ပြင်ဆင်မယ် ၊ ဘယ်လို ခုခံမယ် ၊ ဘယ်လို တိုက်စစ်ဆင်မယ် ၊ ပွဲက ဘယ်လို ဖြစ်လာမယ် ၊ ဘယ်လို ပြောင်းလဲ ရမယ် ဆိုတာတွေကို တိတိ ကျကျ ညွှန်ပြ နိုင်ပါတယ်”

“သူ နဲ့ ဆုံခဲ့ ရတာ ကျွန်တော့ အတွက် ကံကောင်း တာပါပဲ ။ လူးဝစ် အင်းနရစ် နဲ့ ဂွာဒီယိုလာ ဆိုတဲ့ အကောင်းဆုံး နည်းပြ ၂ ယောက် လက်အောက် မှာ လေ့ကျင့်ခွင့် ရတာ ဟာ ကျွန်တော့ အတွက် ထူးကဲ တဲ့ အခွင့် အရေး ပါပဲ”

“သူတို့ လက်အောက် မှာ ကျွန်တော့ ရဲ့ ကာယပိုင်း ရော စိတ်ဓါတ်ပိုင်း ပါ အများကြီး တိုးတက် ခဲ့ ပါတယ် ။ ပြီးတော့ အသိ ဉာဏ်ပညာနဲ့ ဘောလုံး နည်းစနစ် ပိုင်းတွေ နဲ့ ပတ်သက်ပြီးလည်း သူတို့ ကျွန်တော့ကို အများကြီး သင်ပြ ပေးခဲ့ ကြပါတယ်” လို့ မက်ဆီ က ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

မက်ဆီ ဟာ ဂွာဒီယိုလာ ဘာစီလိုနာ ကို ကိုင်တွယ် ခဲ့တဲ့ ၂၀၀၈ ကနေ ၂၀၁၂ အတွင်းမှာ ဆုဖလား ၁၄ ခု ရယူ နိုင်ခဲ့ပြီး ဆရာ ဟောင်း နဲ့ နောက်တဖန် လက်တွဲကာ အောင်မြင်မှု တွေ ကို ထပ်မံ ရယူဖို့ စိတ်ကူး နေတယ် လို့ သတင်းတွေ ထွက်ပေါ် နေပါတယ် ။

မက်ဆီ ကိုယ်တိုင် ကလည်း ဂွာဒီယိုလာ ဟာ သူ့ကို ခုနှစ်ကြိမ်မြောက် ရွှေဘောလုံး ဆု ကို ရယူ ပေးနိုင်မယ့် တစ်ဦး တည်းသော နည်းပြ အဖြစ် ရှုမြင် ထားတယ် လို့ အတွင်း သတင်းတွေ အရ ကြားသိရ ပြီး နွေရာသီ မှာ မန်စီးတီး ကို ကျိန်းသေ ပြောင်းရွှေ့ လိမ့်မယ်လို့ အခိုင်အမာ ဆိုနေ သူတွေပင် ရှိနေခဲ့ ပြီ ဖြစ် ပါတယ် ။

ဒီနှစ် နွေရာသီ မှာ ဘာကာ နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးမယ့် မက်ဆီ ဟာ လာမယ့် ဇန်နဝါရီ အပြောင်း အရွှေ့ က စတင်ပြီး ကလပ် အသင်းတွေ နဲ့ အလွတ်ပြောင်းရွှေ့မှု အတွက် စတင် ဆွေးနွေး ပြောဆိုခွင့် ရှိပြီ ဖြစ် ပါတယ် ။ ဘယ် အသင်းတွေ နဲ့ မက်ဆီ တွေ့ဆုံမလဲ ဆိုတာ ကတော့ သိရဖို့ အချိန် သိပ် မလိုတော့ ပါဘူး ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular