spot_img

ကစားသမားဘဝမှ အနားယူရန် မစဉ်းစားသေးဟု အီဘရာဟီမိုဗစ် ပြောကြား

အေစီမီလန်ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်က မိမိအနေဖြင့် ကစားသမားဘဝမှ အနားယူရန် မစဉ်းစားသေးကြောင်း ပြောကြားခဲ့သည်။

အသက် (၃၉)နှစ်ကျော်ပြီဖြစ်သည့် ဆွီဒင်တိုက်စစ်မှူး အီဘရာဟီမိုဗစ်သည် ယခုရာသီတွင် အေစီမီလန်အသင်းအတွက် ခြေစွမ်းပြကစားနေသူဖြစ်သည်။

myan789

အီဘရာဟီမိုဗစ်က “လူတွေက ကျွန်တော့်ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ကျွန်တော့်ကို မေးခွန်းတွေ မေးလေ့ရှိတယ်။ ကျွန်တော့်အနေနဲ့ အဲဒီမေးခွန်းတွေကို ကျွန်တော် အကောင်းဆုံးကစားနိုင်သမျှ ကစားနေဦးမယ်လို့ ပြန်ဖြေလေ့ရှိပါတယ်။ အခု အေစီမီလန်မှာ အားလုံးအဆင်ပြေပါတယ်။ ကျွန်တော့်ရဲ့အနာဂတ်ကို ကျွန်တော် တစ်ယောက်တည်း ဆုံးဖြတ်မှာ မဟုတ်ပါဘူး။ ကျွန်တော့်အတွက် မိသားစုက အရေးအကြီးဆုံးပါ။ ကျွန်တော့်ကလေးတွေကို ကျွန်တော် လွမ်းပါတယ်။ ဒါပေမဲ့ ပီအိုလီ(အေစီမီလန်နည်းပြ)က ဆွီဒင်မှာ မင်းကလေး (၂)ယောက်ရှိတယ်ဆိုရင် မီလန်မှာ မင်းကို လိုအပ်နေတဲ့ ကလေး (၂၅)ယောက် ရှိတယ်လို့ ကျွန်တော့် ပြောပါတယ်”ဟု အီတလီအားကစားသတင်းစာ Corriere della Sera သို့ ပြောကြားခဲ့သည်။

အေစီမီလန်အသင်းနှင့် ချုပ်ဆိုထားသည့် အီဘရာဟီမိုဗစ်၏ လက်ရှိစာချုပ်မှာ ၂၀၂၁ ခုနှစ် ဇွန်လ (၃၀)ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ၎င်းအနေဖြင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖွယ်ရှိနေသည်ဟု အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။

အီဘရာဟီမိုဗစ်သည် ယခုရာသီတွင် အေစီမီလန်အသင်းအတွက် စီးရီးအေ (၆)ပွဲတွင် (၁၀)ဂိုးသွင်းယူပေးထားပြီး ပြိုင်ပွဲစုံ (၁၀)ပွဲတွင် (၁၁)ဂိုးအထိ သွင်းယူပေးထားသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular