spot_img

လက်စတာ နဲ့ ပွဲမှာ မန်ချက်စတာ ယူနိုက်တက် ဘယ်လူစာရင်းနဲ့ ပွဲထွက်မှာလဲ ?

မန်ချက် စတာ ယူနိုက်တက် အသင်း ဟာ ယနေ့ည မြန်မာ စံတော်ချိန် ( 7:00 နာရီ ) မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၅ အဖြစ် လက်စတာ စီးတီး ရဲ့ ကင်းပါဝါ ကွင်းကို သွားရောက် ကစား ရမှာပဲ ဖြစ် ပါတယ် ။ ဒီနေ့ ဟာ ခရစ္စမတ် အပြီး နောက်တစ်နေ့ မှာ ကစားတဲ့ ပွဲဖြစ်တာကြောင့် ဘောက်ဆင်ဒေး ရယ်လို့ နာမည်ကျော် ပြီး မန်ချက်စတာ ယူနိုက်တက် ဟာ ဘောက်ဆင်ဒေး သမိုင်း တစ်လျောက် အမှတ် အများဆုံး ရယူ ထားနိုင်တဲ့ အသင်း လည်း ဖြစ် ပါတယ် ။

ယူနိုက်တက် ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ညက အဲဗာတန် ကို အဝေးကွင်း မှာ သွားရောက် ရင်ဆိုင် ခဲ့ပြီး ၂ – ၀ နဲ့ အနိုင် ရကာ လိဂ် ဖလား ဆီမီး ဖိုင်နယ် ကို တက်ရောက် နိုင်ခဲ့ ပါတယ် ။ ဒါဟာ ယူနိုက်တက် ရဲ့ အဝေးကွင်း ပုံစံ ကောင်းကို ဆက်လက် ထိန်းသိမ်း နိုင်ခဲ့ တာလည်း ဖြစ်ခဲ့ ပါတယ် ။

myan789

အကယ်၍ ဒီကနေ့ ည ပွဲကိုသာ ယူနိုက်တက် တို့ အနိုင် ရခဲ့ပါက ချဲလ်ဆီး အသင်း တင်ရှိ ထားတဲ့ ပရီးမီးယားလိဂ် အဝေးကွင်း နိုင်ပွဲဆက် အများဆုံး ( ၁၁ ပွဲ ဆက် ) စံချိန် ကိုလည်း လိုက်မီ သွားနိုင် မှာ ဖြစ်သလို အမှတ်ပေး ဇယား ထိပ်ဆုံး က လီဗာပူး ကိုလည်း ဆက်လက် ဖိအားပေး နိုင်မယ့် အခွင့်အရေး ကို ဆုပ်ကိုင် ထားနိုင် မှာ ဖြစ် ပါတယ် ။

ယူနိုက်တက် ဟာ အဲဗာတန် နဲ့ ပွဲမှာ အသုံးမပြု နိုင် ခဲ့တဲ့ ကွင်းလယ်လူ တော်မီနေး နဲ့ နောက်ခံလူ ဘစ်ဆာကာ တို့ ကို ဒီကနေ့ ည မှာ ပြန်လည် ထည့်သွင်း ကစား နိုင်ဖို့ ရှိနေ ပါတယ် ။ တော်မီနေး ဟာ လိဒ် ယူနိုက်တက် ကို ၆ – ၂ နဲ့ အနိုင် ရခဲ့တဲ့ ပွဲမှာ အထူး ခြေစွမ်းပြ ခဲ့ပြီး ဒဏ်ရာ အနည်းငယ် ရရှိခဲ့ တာကြောင့် အဲဗာတန် နဲ့ ပွဲ ကို လွဲချော် ခဲ့ရသူ ဖြစ် ပါတယ် ။

ဆိုးရှား ဟာ အဲဗာတန် နဲ့ ပွဲကို လူ ၉ ဦး အထိ အပြောင်း အလဲ လုပ် ကစား ခဲ့တာ ကြောင့် ပထမ အသင်းသား အများစု အနား ရခဲ့ပြီး လက်စတာ နဲ့ ပွဲ အတွက် ခွန်အား အပြည့် နဲ့ ကစားသွား နိုင်ဖွယ် ရှိနေ ပါတယ် ။ တိုက်စစ် မှာ ဂရင်းဝုဒ် ( သို့ ) ဂျိမ်းစ် ပါလာ နိုင်ပြီး မာရှယ် နဲ့ ရက်ဖိုဒ့် တို့ ကတော့ သေချာပေါက် ပါဝင် လာမှာ ဖြစ် ပါတယ် ။

နောက်တန်းမှာလည်း မက်ဂွဲယား ၊ လင်ဒီလော့ဖ် ၊ လုခ်ရှော တို့ သေချာ နေပြီး မြန်ပြီး မာတဲ့ တွမ်ဇီဘီ ကို သုံးမလား ၊ ဖျက်ထုတ်မှု အားကောင်းတဲ့ ဘစ်ဆာကာ ကို ရွေးမလား ဆိုတာ ကတော့ ဆိုးရှားပဲ ဆုံးဖြတ် ရမှာပါ ။ ဂိုးသမား နေရာမှာတော့ ဒီလိုပွဲမျိုးမှာ ဒီဂီယာ ပဲ ကျိန်းသေ နေရာ ရပါလိမ့်မယ် ။

ဆိုးရှား ကို အလုပ်ပေး မှာ ကတော့ ကွင်းလယ် မှာပါ ။ တော်မီနေး ၊ ဖရက်ဒ် ရဲ့ မာကျော မှု ကို ရွေးမလား ၊ ဗန်ဒီဘိ ၊ ပေါ့ဘာ တို့ရဲ့ နည်းစနစ် ပိုင်းကို ရွေးမလား ဆိုတာ ဆိုးရှား ကြိုတင်ပြင်ဆင် အဖြေထုတ် ရမယ့် ပုစ္ဆာ ဖြစ်နေ မှာပါ ။ ကွင်းလယ် ၄ ယောက် နဲ့ ကစားမယ် ဆိုရင်တော့ ရှေ့မှာ ဂရင်းဝုဒ် အတွက် နေရာ ရှိမှာ မဟုတ်ပါဘူး ။

လက်စတာ စီးတီး က တိုက်စစ် ကစားပုံ ကောင်းပြီး အဓိက တိုက်စစ်မှူး ဗာဒီလည်း ပြန်ပါ လာမှာ ဖြစ်လို့ ယူနိုက်တက် ခံစစ် ကို အလုပ် များစေ မှာ သေချာ ပါတယ် ။ ဒါကြောင့် တိုက်စစ် ကောင်းတဲ့ အသင်းတွေ နဲ့ ရင်ဆိုင် ရတိုင်း ဆိုးရှား လုပ်လေ့ ရှိတဲ့ အခင်းအကျင်း အရ ဖရက်ဒ် + တော်မီနေး အတွဲ ပါလာဖို့ အလားအလာ များနေ ပါတယ် ။

ယူနိုက်တက် ဟာ လက်စတာ နဲ့ နောက်ဆုံး ကစား ခဲ့တဲ့ ၃ ကြိမ် မှာ ရလဒ်ကောင်းတွေ ရှိခဲ့ ပါတယ် ။ မနှစ် က ရာသီ နောက်ဆုံး ပိတ် ပွဲမှာ လက်စတာ ကို ၂ – ၀ နဲ့ နိုင်ပြီး ယူနိုက်တက် တို့ ချန်ပီယံ လိဂ် ဝင်ခွင့် ရခဲ့ တာပါ ။ ဒါပေမယ့် လက်စတာ ဟာ အမြဲတမ်း ယူနိုက်တက် ကို ခက်ခဲ စေခဲ့တဲ့ အသင်း ဖြစ်တာကြောင့် ပေါ့ပေါ့ ဆဆ ကစားလို့ လုံး၀ မဖြစ်တာကတော့ အသေအချာပါပဲ ။

ဒီကနေ့ ည ပွဲအတွက် ခန့်မှန်းလူစာရင်း –
ဒီဂီယာ
ဘစ်ဆာကာ ၊ လင်ဒီလော့ဖ် ၊ မက်ဂွဲယား ၊ ရှော
ဖရက် ၊ တော်မီနေး ၊ ဖာနန်ဒက်စ်
ဂရင်းဝုဒ် ၊ မာရှယ် ၊ ရက်ဖိုဒ့်

ကွင်းလယ်ဒိုင် – မိုက်ဒင်း
VAR ဒိုင် – ဂရေဟမ် စကော့

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular