ဒါဘီ ကောင်တီ အသင်း ကို ယာယီ နည်းပြ အဖြစ် တာဝန်ယူ ကိုင်တွယ် နေတဲ့ ဝိန်းရွန်းနီ ဟာ အသင်းဟောင်း မန်ချက် စတာ ယူနိုက်တက် ရဲ့ ခံစစ်မှူး ဖီးလ်ဂျုံးစ် ကို ဇန်နဝါရီ အပြောင်း အရွှေ့ မှာ ခေါ်ယူ ဖို့ စိတ်ဝင်စား နေတယ် လို့ သတင်း ကြားသိ ရ ပါတယ် ။ ရွန်းနီ ဟာ အထုတ်ပယ် ခံခဲ့ရတဲ့ နည်းပြ ဖိလစ် ကိုကူး ရဲ့ နေရာ ကို အစားဝင်ပြီး ဒါဘီ အသင်း ကို တန်းမဆင်း စေရရေး အတွက် တာဝန်ယူ ကိုင်တွယ် ပေးနေခဲ့တာ ဖြစ် ပါတယ် ။
ဖီးလ်ဂျုံးစ် ဟာ ဆာအဲလက်စ် ဖာဂူဆန် ရဲ့ ၂၀၁၃ ပရီးမီးယားလိဂ် ချန်ပီယံ အသင်း သားတွေ အနက် ယနေ့ အထိ အသင်းမှာ ရှိနေတဲ့ ကစား သမား ၂ ဦး အနက် က တစ်ဦး ဖြစ်ပါတယ် ( ကျန်တစ်ဦး မှာ ဒီဂီယာ ) ။ ဒါပေမယ့် အိုလီဂန်နာ ဆိုးရှား ရဲ့ အလေးပေး မှု ကို မရရှိဘဲ ဂျုံးစ် ကိုယ်တိုင် ကလည်း ဒဏ်ရာတွေ နဲ့ ရုန်းကန် ခဲ့ရ ပါတယ် ။
ဂျုံးစ် ဟာ မန်ချက် စတာ ယူနိုက်တက် အသင်း ရဲ့ ပရီးမီးယားလိဂ် လူစာရင်း ကနေ ချန်လှပ် ခံ ခဲ့ရသလို အခြား ပြည်တွင်း ဖလား ပွဲတွေ မှာလည်း ပါဝင် ခြင်း မရှိခဲ့ ပါဘူး ။ ဒါကြောင့် ၂၈ နှစ် အရွယ် အင်္ဂလန် နောက်ခံလူ ဟာ ဇန်နဝါရီ မှာ အသင်း ပြောင်းရွှေ့ ဖို့ စဉ်းစား နေခဲ့ရပြီ ဖြစ် ပါတယ် ။
ဒါဘီ အသင်း ကို ယာယီ ကိုင်တွယ် နေပြီး အမြဲတမ်း နည်းပြ ရာထူး အတွက် ကစား သမားတွေ ရဲ့ ထောက်ခံမှု ကို ရရှိ ထားတဲ့ ဝိန်းရွန်းနီ ဟာ အသင်း ကို တန်းဆင်း ဇုံ ကနေ ဆွဲတင် နိုင်ဖို့ အတွက် ဇန်နဝါရီ ဈေးကွက် မှာ အင်အား ဖြည့်တင်းမှုတွေ ပြုလုပ် သွားဖု့ိ အစီအစဉ် ရေးဆွဲ နေပြီ ဖြစ် ပါတယ် ။
ဝိန်းရွန်းနီ ရဲ့ အစီအစဉ် တွေ ထဲက တစ်ဦး ကတော့ ဖီးလ်ဂျုံးစ် ဖြစ်ပြီး အငှား + အပြီးသတ် ပုံစံ မျိုးနဲ့ ခေါ်ယူဖို့ ဆန္ဒ ရှိနေတယ် လို့ ကြားသိရ ပါတယ် ။ ဒါပေမယ့် ဖီးလ်ဂျုံးစ် နဲ့ ပတ်သက်ပြီး ဝိန်းရွန်းနီ ရင်ဆိုင် ဖြေရှင်း ရမယ့် ကိစ္စ ၂ ခု ရှိလာ ခဲ့ ပါတယ် ။
ပထမ တစ်ခု က လုပ်ခ လစာ ကိစ္စပါပဲ ။ ဂျုံးစ် ဟာ မန်ချက်စတာ ယူနိုက်တက် မှာ ( ပွဲ မကစား ရပေမယ့် ) တစ်ပတ် ကို လုပ်ခ ပေါင် ၁ သိန်း ၂ သောင်း ရရှိ နေသူ ဖြစ်ပြီး ဒါဘီ ကတော့ အဆိုပါ ပမာဏ ရဲ့ ထက်ဝက် ကို ပင် ပေးချေဖို့ အခက်အခဲ ရှိနေခဲ့ ပါတယ် ။ ဒါကြောင့် မန်ချက်စတာ ယူနိုက်တက် ဘက်က လုပ်ခ လစာ ကို ပူးပေါင်း ပေးချေ မှသာလျှင် ဂျုံးစ် ကို ခေါ်ယူဖို့ အဆင်ပြေ နိုင်မယ် လို့ သိရှိရ ပါတယ် ။
ဒုတိယ ကိစ္စ ကတော့ ဂျုံးစ် အတွက် ပြိုင်ဘက်တွေ ရှိနေ ခဲ့တာပါ ။ ဘန်လေ နဲ့ ဝက်စ်ဘရွန်း အသင်း တို့ ဟာလည်း ဖီးလ်ဂျုံးစ် ကို ဇန်နဝါရီ မှာ ခေါ်ယူဖို့ အတွက် စိတ်ဝင်စားမှု ရှိနေ ခဲ့ကြ ပါတယ် ။ ဘန်လေ ကတော့ အဓိက ခံစစ်မှူး တာကော့စကီး ထွက်ခွာ သွားခဲ့ပါက အစားထိုးဖို့ ဂျုံးစ် ကို စာရင်း ပြုစု ထားတာလို့ သိရ ပါတယ် ။
ဘန်လေ ထက် ပိုမို နီးစပ် နိုင်သူ ကတော့ ဝက်စ်ဘရွန်း အသင်း ဖြစ်ပြီး နည်းပြ ဘီလစ် ရဲ့ နေရာကို အစား ဝင်လာတဲ့ ဆမ် အာလာဒွိုက်စ် ဟာ ဖီးလ်ဂျုံးစ် ကို ဘလက်ဘန်း အသင်းမှာ စင်တင် ပေးခဲ့တဲ့ နည်းပြ ဖြစ်ပါတယ် ။ ပရီးမီးယားလိဂ် ရဲ့ တန်းဆင်းဇုံ ဝါရင့်ကြီး ဆမ် အာလာဒွိုက်စ် ဟာ ဝက်စ်ဘရွန်း ကို တန်းမဆင်းရ အောင် ကြိုးစား ပေးရမှာ ဖြစ်ပြီး ဂျုံးစ် နဲ့ ပြန်လည် လက်တွဲဖို့ ဆန္ဒ ရှိနေတယ် လို့လည်း ကြားသိရ ပါတယ် ။
ဒီလို အခက်အခဲတွေ ရှိနေ ပေမယ့် ဝိန်းရွန်းနီ ရဲ့ ပါဝင်မှု ဟာ အင်္ဂလန်သား ကို ဒါဘီ ကောင်တီ ထံ ရောက်ရှိ လာစေဖို့ အားသာချက် တွေ ရှိနေ စေတယ်လို့ မန်ချက်စတာ ညနေခင်း သတင်းက သုံးသပ် ထားခဲ့ ပါတယ် ။ ရွန်းနီ ဟာ မန်ချက်စတာ ယူနိုက်တက် နဲ့ ဆက်ဆံရေး ကောင်းတွေ ရှိနေသလို ယူနိုက်တက် ကလည်း အလက်ဆစ် ဆန်းချက် ကို အင်တာထံ အငှားချ ခဲ့ချိန် တုန်းက လုပ်ခ လစာတွေ ကို ကူညီ ပေးချေ ခဲ့ဖူး တဲ့ ဖြစ်စဉ် ရှိခဲ့တာ ကြောင့် ရွန်းနီ သာ သေသေချာချာ ညှိနှိုင်း နိုင်ပါက လုပ်ခ ပြဿနာ ကို ဖြေရှင်း နိုင်ချေ ရှိတယ်လို့ သုံးသပ် ထားခဲ့ ပါတယ် ။
လက်ရှိ မှာတော့ ဒါဘီ ကောင်တီ ဟာ ၂၄ သင်း ရှိတဲ့ အင်္ဂလန် ချန်ပီယံရှစ် မှာ အဆင့် ၂၂ နေရာကို ရရှိ နေပြီး တန်းဆင်း ရမယ့် အန္တရာယ် ဇုံ ကနေ ရုန်းထွက် နိုင်ဖို့ ကြိုးစား နေဆဲ ဖြစ် ပါတယ် ။ ဒါဘီ ဟာ ဝိန်းရွန်းနီ လက်ထက် မှာ ရလဒ်တွေ တိုးတက်မှု ရှိခဲ့ပြီး နောက်ဆုံး ၆ ပွဲ ဆက်တိုက် ရှုံးပွဲ မကြုံတွေ့ အောင် ကစား ထားနိုင် ခဲ့ ပါတယ် ။