spot_img

အဲဗာတန် ကို ရှုံးနိမ့်ပြီးနောက် သူ့ကို နည်းပြရာထူးကနေ ထုတ်ပယ်စေချင်နေကြတဲ့ အပေါ် တုန့်ပြန် ပြောကြား လိုက်တဲ့ အာတီတာ

ယနေ့ နံနက် အစောပိုင်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၁၄) မှာ အာဆင်နယ် အသင်းဟာ အဲဗာတန် အသင်းကို နှစ်ဂိုး တစ်ဂိုးနဲ့ ရှုံးနိမ့် သွားခဲ့ပြီး ပရီးမီးယားလိဂ် ၇ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးမှု နဲ့ ကြုံတွေ့ သွားခဲ့ရပါတယ် ။

အဲဗာတန် အသင်းဟာ အာဆင်နယ် နောက်ခံလူ ဟိုးလ်ဒင်း ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုကြောင့် ပွဲကို ဦးဆောင် နိုင်ခဲ့ပေမယ့် ပေပေ က ပင်နယ်တီ ကနေ တစ်ဆင့် အာဆင်နယ် အတွက် ချေပဂိုး ပြန်လည် သွင်းယူ ပေးခဲ့ပါတယ် ။

myan789

ဒါပေမယ့်လည်း ပထမပိုင်း ပြီးခါနီးမှာ မီနာ က ခေါင်းတိုက်ပြီး အဲဗာတန် အတွက် ဦးဆောင်ဂိုး ပြန်လည် သွင်းယူ ပေးခဲ့ပါတယ် ။ ဒုတိယပိုင်းမှာ အာဆင်နယ် အသင်းဟာ ကစားပုံ ပိုကောင်းလာခဲ့ပေမယ့် လိုအပ်နေတဲ့ ချေပဂိုးကို မသွင်းနိုင်တာကြောင့် အမှတ်ဗလာ နဲ့ အိမ်ပြန် ခဲ့ရပါတယ် ။

အဲဗာတန် အသင်းကို ရှုံးနိမ့် တာဟာ အာဆင်နယ် အတွက် ဒီရာသီ ၈ ပွဲမြောက် ရှုံးပွဲ ဖြစ်ပြီး ၁၄ ပွဲ ကစားအပြီးမှာ တစ်ပွဲ တစ်မှတ်နှုန်း နဲ့ ရမှတ် ၁၄ မှတ်သာ ရရှိထားပါတယ် ။ အာဆင်နယ် ပရိသတ်တွေကတော့ အာတီတာ ကို ထုတ်ပြီး နည်းပြ အပြောင်းအလဲ လုပ်ဖို့ ဆန္ဒ ရှိနေကြပါတယ် ။

အာတီတာ ကတော့ အဲဗာတန် နဲ့ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ သူ့ကို ထုတ်ပယ်စေချင် နေကြတဲ့ အပေါ် ” ဒါကို ကျွန်တော် နားလည် သဘောပေါက်ပါတယ် ။ ကျွန်တော် အခု အာရုံစိုက် လုပ်ဆောင်နေတာကလည်း ဒီအခြေအနေဆိုးတွေကနေ ရုန်းထွက်နိုင်ဖို့ နဲ့ အသင်းလိုက် စိတ်ဓတ်ကို ထိန်းသိမ်းထားနိုင်ဖို့ပါပဲ ။ ”

” ကွင်းထဲမှာ ကစားခွင့် ရတဲ့ အချိန်တိုင်း ကျနော့် ကောင်လေးတွေရဲ့ တိုက်ပွဲဝင်စိတ်ဓတ် ရှိမှု နဲ့ အားသွန်ခွန်စိုက် ကစားကြမှုကို ခင်ဗျားတို့လည်း မြင်တွေ့ ကြမှာပါ ၊ ဒါက ငြင်းပယ်လို့ မရတဲ့ အရာပါပဲ ။ ”

” ကျွန်တော်တို့ ရလဒ်တွေ ဆိုးရွားနေတာတော့ ဟုတ်ပါတယ် ၊ ဒီရလဒ်တွေက အာဆင်နယ် လို အသင်းတစ်သင်းရဲ့ အဆင့်အတန်း နဲ့ မကိုက်ညီဘူး ဆိုတာလည်း သိပါတယ် ၊ ဒီအရာတွေက ကျွန်တော်တို့ အတွက် စိန်ခေါ်မှုတွေဖြစ်ပြီး ရင်ဆိုင် ဖြေရှင်းရမှာပါပဲ ။ ”

ဆက်လက်ပြီး အာတီတာ က လက်ရှိ အချိန်မှာ ဖိအားတွေ ခံစား နေရသလဲ ဆိုတဲ့ မေးခွန်းကို ” တကယ့်ကို ရှုပ်ထွေး ခက်ခဲတဲ့ အခြေအနေ ပါပဲ ။ ဒါပေမယ့် ကစားသမားတွေရဲ့ ကြိုးစား အားထုတ်မှုကို မြင်ရတာ အားတက်မိပါတယ် ။ ”

” ကျွန်တော်တို့ တိုးတက်ဖို့ လိုအပ်နေသေးတယ်ဆိုတာ တွေးမိပါတယ် ၊ ဒါပေမယ့် ကျွန်တော်တို့ အသင်းက ရလဒ်​တွေ အများအပြား မစုဆောင်းထားနိုင်တာက အရမ်း အရမ်းကို ကံဆိုး နေတာကြောင့်လို့ ထင်မိပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular