spot_img

မန်ယူအသင်းအား တာဝန်ယူကိုင်တွယ်သည့် နှစ်နှစ်အတွင်း ပျော်ရွှင်ရသော်လည်း ဆံပင်မြန်မြန်ဖြူလာကြောင်း ဆိုးလ်ရှား ဝန်ခံ

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ၎င်း တာဝန်ယူကိုင်တွယ်သည့် နှစ်နှစ်အတွင်း ပျော်ရွှင်ရသော်လည်း ဆံပင်မြန်မြန်ဖြူလာကြောင်း ဝန်ခံပြောကြားခဲ့သည်။

ဆိုးလ်ရှားသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် မန်ယူအသင်း ယာယီနည်းပြ အဖြစ် စတင်ခန့်အပ်ခံရခြင်းဖြစ်ရာ လိဒ်စ်အသင်းနှင့်ပွဲမတိုင်မီ တစ်ရက်အလို စနေနေ့ တွင် နည်းပြသက်တမ်း နှစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ မန်ယူအသင်း နည်းပြထိုင်ခုံပူ တွင် နှစ်နှစ်ကြာထိုင်ခဲ့ရသည့် အတွေ့အကြုံကို သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များက မေးမြန်းရာ ဆိုးလ်ရှားက ယခုလို ဖြေကြားခဲ့ခြင်း ဖြစ်သည်။

myan789

“ဒီနှစ်နှစ်တာ ကာလအတွင်းမှာ ကျွန်တော် တကယ်ပျော်ရွှင်ရပါတယ်။ ဒီလို ကစားပွဲတွေကြောင့် ကျွန်တော့်ဆံပင်တွေ ပိုပြီးမြန်မြန်ဖြူလာပေမဲ့ ပျော်ရပါတယ်။ ကျွန်တော် ဘာတွေလုပ်ခဲ့ပြီးပြီလဲ၊ ဘယ်နေရာမှာ ရောက်နေပြီလဲ ဆိုတာတွေနဲ့ပတ်သက်ပြီး ပြောရတာကို သဘောမကျပါဘူး။ အဲဒီကိစ္စ တွေအကြောင်းပြောရရင် နည်းနည်းမှမပျော်ပါဘူး။ ကျွန်တော်က အရှေ့ကိုပဲ အမြဲတမ်း ကြည့်တတ်တဲ့သူပါ။ စံသတ်မှတ်ချက်ရဖို့၊ ကျွန်တော်လိုချင်တဲ့ အဆင့်တစ်ခုဆီရောက်ဖို့ လုပ်စရာတွေ ကျန်နေသေးတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒီလိုဖြစ်လာဖို့ ကျွန်တော်တို့ နေ့တိုင်း အလုပ်တွေလုပ်နေတာပါ” ဟု ၎င်းက ဆိုသည်။

ထို့ပြင် အိုးလ်ထရက်ဖို့ဒ်ကွင်း၌ ပရိသတ်များ ကြည့်ရှုခွင့်မရသေးသည့်အခြေအနေ နှင့်ပတ်သက်၍ ဆိုးလ်ရှားက “ပရိသတ်တွေကို ကွင်းထဲဝင်ကြည့်ခွင့်ပြုဖို့ ဘာကြောင့်တားမြစ်သင့်လဲဆိုတဲ့အကြောင်း ကျွန်တော်မသိပါဘူး။ ဒါက ဖြေရခက်ပါတယ်။ အိုးလ်ထရက်ဖို့ဒ်မှာ လူ ၂၀၀၀ ဒါမှမဟုတ် ၄၀၀၀ လောက် ကို ကြည့်ရှုခွင့်ပြုတာက ကျွန်တော်တို့အတွက် ပြဿနာတစ်ခုခုဖြစ်စေမယ်လို့ မထင်ပါဘူး။ ပရိသတ်တွေကြည့်ခွင့်ရမယ့်အချိန်ကို ကျွန်တော်တို့ မစောင့်နိုင်တော့ပါဘူး။ တချို့အသင်းတွေ ပရိသတ်ကြည့်ရှုခွင့်ရတာက မမျှတဘူးလို့ မပြောချင်ပေမဲ့ ဒါက သူတို့အတွက်တော့ အားသာချက်ဖြစ်စေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပရိသတ်အားလုံးက ကိုယ့်အသင်းကို အားပေးခွင့်ရတာကို နှစ်သက်ကြလို့ပါ။ ဆိုတော့ ကျွန်တော်တို့ဘက်က စောင့်နေရုံပါပဲ။ နောက်တစ်ကြိမ်ကျရင်တော့ ခွင့်ပြုချက်ရမယ်လို့ မျှော်လင့်ပါတယ်။ တနင်္ဂနွေနေ့ကစားမယ့် လိဒ်စ်အသင်းနဲ့ပွဲက ခက်ခဲတဲ့ပွဲဖြစ်လာမှာပါ။ သူတို့ကစားပုံက ဖျော်ဖြေမှုပေးနိုင်ပါတယ်” ဟု ဆက်လက်ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular