spot_img

အနီကဒ်တွေ ဆက်တိုက် ပြခံနေရတာနဲ့ ပတ်သက်ပြီး အာဆင်နယ် အသင်းဖော်တွေကို သတိပေး စကားဆိုလိုက်တဲ့ အူဘာမီယန်း

အာဆင်နယ် အသင်း ခေါင်းဆောင် တိုက်စစ်မှူး အူဘာမီယန်း က ဆောက်သမ်တန် နဲ့ ပွဲမှာ ဂါဘရီယဲလ် နှစ်ဝါ တစ်နီ နဲ့ ထုတ်ပယ် ခံရပြီးနောက် အသင်းသားတွေ အနေနဲ့ ပွဲအတွင်းမှာ ခေါင်းအေးအေး ထားပြီး ကစားဖို့ လိုအပ်ကြောင်း သတိပေး စကား ဆိုသွားခဲ့ပါတယ် ။

ဆောက်သမ်တန် နဲ့ ပွဲမှာ ဂါဘရီယဲလ် ဟာ ချီအဒမ် ကို ပြစ်ဒဏ် ကျူးလွန်တာကြောင့် အဝါကဒ် ပြခံရပြီး လေးမိနစ် အကြာမှာ ဝဲလ်ကော့ ကို နောက်ကနေ ဆွဲခဲ့တာကြောင့် ဒုတိယ အဝါကဒ် ပြသ ခံရကာ ပွဲကနေ ထုတ်ပယ် ခံခဲ့ရပါတယ် ။ ဂါဘရီယဲလ် အတွက်တော့ အာဆင်နယ် ကစားသမားဘဝ ပထမဆုံး အနီကဒ် ဖြစ်ပါတယ် ။

myan789

အာဆင်နယ် အသင်း ကစားသမားတွေဟာ နောက်ဆုံး နှစ်ပွဲဆက် အနီကဒ် ပြသခံရတာ ဖြစ်ပြီး နောက်ဆုံး ကစားခဲ့တဲ့ ငါးပွဲမှာ အနီကဒ် ၃ ကြိမ် အထိ ရှိနေပါတယ် ။ အာတီတာ စတင်ကိုယ်တွယ်ကတည်းက အာဆင်နယ် အသင်း ကစားသမားတွေဟာ စုစုပေါင်း အနီကဒ် ၇ ကြိမ် အထိ ပြသ ခံထားရပြီး တခြား အသင်းတွေ အားလုံးထက် နှစ်ဆနီးပါး ပိုများနေပါတယ် ။ ( ဒေးဗစ်လူးဝဇ် ၂ ကြိမ် ၊ အူဘာမီယန်း ၊ အန်ခီးတီးယား ၊ ပေပေ ၊ ရှာကာ ၊ ဂါဘရီယဲလ် တစ်ကြိမ်စီ )

အူဘာမီယန်း က ဆောက်သမ်တန် နဲ့ ပွဲအပြီး Amazon နဲ့ အင်တာဗျူးမှာ ” ကျွန်တော်တို့ အတွက် ခက်ခဲတဲ့ ပွဲတစ်ပွဲပါပဲ ၊ ဒါပေမယ့် ဒီသရေ တစ်မှတ်ရဖို့ ကျွန်တော်တို့ အစွမ်းကုန် ပေးဆပ် ကစားခဲ့ပါတယ် ၊ အနည်းငယ်တော့ စိတ်ပျက်ရပါတယ် ၊ ကျွန်တော်တို့ ဒီပွဲ ကို အနိုင်ရခဲ့သင့်တာပါ ။ “

” ကျွန်တော်တို့ စိုးရိမ်စိတ်အတော်လေး ရှိခဲ့ပါတယ် ၊ အမှတ်တွေ လိုအပ်နေတာကြောင့်ပါ ။ တစ်ခါတစ်လေမှာ ကျွန်တော်တို့ မလုပ်သင့်တဲ့ ဆိုးရွားတဲ့ အမှားတွေ လုပ်မိတတ်ကြပါတယ် ၊ အမှတ်လို နေတဲ့ အချိန်မှာတော့ ကျွန်တော်တို့အနေနဲ့ ခေါင်းအေးအေးထားကစားဖို့ လိုအပ်ပါတယ် ။ “

” ဒီနေ့ညပွဲမှာ ကျွန်တော် ဂိုးသွင်းနိုင်တယ်ဆိုတာက အဓိက မဟုတ်ပါဘူး ၊ အသင်းကပဲ အဓိကပါ ၊ ကျွန်တော်တို့ အမှတ်တွေ လိုအပ် နေခဲ့ပါတယ် ၊ အရေးအကြီးဆုံးက အသင်း နိုင်ပွဲတွေ ရပြီး အမှတ်တွေ ရဖို့ပါပဲ ။ “

” အခု အချိန်မှာ အသင်းမှာ ဖြစ်ပျက်နေတဲ့ အရာတွေက မှားယွင်းနေတော့ ကျွန်တော် ကိုယ့်လမ်းကြောင်းပေါ်မှာပဲ နေပြီး အလုပ် အများကြီး လုပ်ပါတယ် ။ အသင်းအတွင်းမှာပဲ အကြံဉာဏ်တွေ ပေးပါတယ် ၊ ဒါကြောင့် ဒီတစ်ပတ်အတွင်းမှာ ကျွန်တော် ဘာစကားမှတောင် သိပ်မပြောဖြစ်ပါဘူး ၊ ဒါပေမယ့် ကျွန်တော် ကွင်းထဲမှာ ရှိနေပြီး အသင်းဖော်တွေကို စကား​ပြောချင်ပါတယ် ။ ” လို့ ပြောကြား လိုက်ပါတယ် ။

ဆောက်သမ်တန် နဲ့ ပွဲမှာ အနီကဒ် ပြသခံရတဲ့ ဂါဘရီယဲလ် ကတော့ ပွဲအပြီး အင်စတာဂရမ် အကောင့်မှာ ပရိသတ်တွေကို ပြန်လည် တောင်းပန် သွားခဲ့ပြီး အသင်းဖော်တွေကို ကူညီ နိုင်ဖို့ရာ ဆက်လက်ကြိုးစားသွားမယ်လို့ ရေးသား သွားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular