တော့တင်ဟမ် ဟော့စပါး နဲ့ မန်ချက် စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင်းကြီး ဒီမီတာ ဘာဘာတော့ဗ် က ယူဗင်တပ် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒို နဲ့ ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ် မက်ဆီ တို့ ဟာ ၂၀၂၀ ခုနှစ် အတွက် ဖီဖာ ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစား သမား ဆု စကာတင် စာရင်းမှာ မပါဝင် သင့်ဘဲ သူတို့ ထက် ပိုပြီး ထိုက်တန်တဲ့ ကစား သမားတွေ ရှိနေ ကြတယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။
ရိုနယ်ဒို နဲ့ မက်ဆီ တို့ဟာ ဘိုင်ယန်မြုးနစ် တိုက်စစ်မှူး ရောဘတ် လီဝန်ဒေါ့စကီး နဲ့ အတူ ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် က ကြီးမှူး ပေးအပ်တဲ့ ၂၀၂၀ ခုနှစ် အတွက် တစ်နှစ်တာ အကောင်းဆုံး ဘောလုံး သမားဆု ( FIFA The Best Award ) အတွက် နောက်ဆုံး စကာတင် ၃ ဦး စာရင်းမှာ ပါဝင် ခဲ့ကြ ပါတယ် ။
လီဝန် ဒေါ့စကီး ဟာ ပြီးခဲ့တဲ့ ရာသီ တုန်းက ဘိုင်ယန်မြုးနစ် နဲ့ ဖလား ၃ လုံး အောင်ပွဲ ကို ရယူ နိုင်ခဲ့သလို ပြိုင်ပွဲစုံ ၅၅ ဂိုး သွင်းယူကာ အသင်းကို များစွာ အထောက် အကူ ဖြစ်စေခဲ့ ပါတယ် ။ ဒါကြောင့်လည်း UEFA Player of the Year ဆုကို ရခဲ့သလို ဖီဖာ ရဲ့ ဆုအတွက် လည်း ထိပ်ဆုံး ကနေ ရေပန်း စားနေခဲ့ ပါတယ် ။
မက်ဆီ နဲ့ ရိုနယ်ဒို တို့ ကတော့ ပြီးခဲ့တဲ့ ရာသီ မှာ ကြီးမားတဲ့ အောင်မြင်မှု တွေ မရှိခဲ့ ပါဘူး ။ ရိုနယ်ဒို ဟာ စီးရီးအေ ဖလား တစ်ခုသာ ရခဲ့ပြီး မက်ဆီ ကတော့ တစ်ကိုယ်တော် ဆု အဖြစ် လာလီဂါ ရွှေဖိနပ်ဆု ကို ရခဲ့ပေမယ့် ဖလား လက်မဲ့ ရာသီကို ဖြတ်သန်းခဲ့ရ ပါတယ် ။
ဒါကြောင့် ဘာဘာတော့ဗ် က အခုလို စာရင်းမှာ သူတို့ ၂ ယောက်ပါဝင် လာမှု ကို အံ့သြ မိပြီး ၂၀၂၀ အတွင်း မှာ သူတို့ ၂ ယောက်ထက် ပိုကောင်းတဲ့ ကစား သမားတွေ အများကြီး ရှိနေကြောင်း နဲ့ အဆိုပါ ကစား သမားတွေ ဟာ နောက်ဆုံး စကာတင် စာရင်းထဲ ကို ပါဝင်သင့်ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။
“FIFA The Best ဆု နောက်ဆုံး စကာတင် စာရင်းမှာ မက်ဆီ နဲ့ ရိုနယ်ဒို ပါလာတာ ကျွန်တော် အံ့သြ မိပါတယ် ။ သူတို့ ဒီ တစ်ပွဲ အတွက် ထိုက်တန်တယ် လို့ မထင်မိ ပါဘူး ။ လီဝန် ဒေါ့စကီး က အထိုက်တန် ဆုံးပါ ၊ သူပဲ ဒီနှစ် အတွက် ဆုကို ရသင့်ပါတယ်”
“တကယ်လို့ လီဝန်ဒေါ့စကီး သာ မရခဲ့ဘူး ဆိုရင် ဒါဟာ တကယ့်ကို မမျှတတဲ့ ပွဲပါပဲ ။ ရွှေဘောလုံး ဆု ( Ballon D’or ) ကို ဒီနှစ် မပေးတာလည်း လီဝန်ဒေါ့စကီး အတွက် မမျှတသလို ခံစား မိပါတယ် ။ သူဟာ ကျွန်တော် အပါအဝင် လူအတော် များများ ရဲ့ နံပါတ် ၁ ပါ”
“လီဝန်ဒေါ့စကီး ဟာ မော်ဒန် ဘောလုံး လောက ရဲ့ အကောင်းဆုံး တိုက်စစ်မှူး တစ်ယောက်ပါ ။ အတိတ် တုန်းက သူ့ထက် ပိုကောင်းတဲ့ ကစား သမားတွေ ရှိချင် ရှိနိုင် ပါတယ် ။ ဒါပေမယ့် လောလောဆယ် မှာတော့ အထူးသဖြင့် ဒီနှစ် ထဲမှာ သူက အကောင်းဆုံးပါ ၊ ဒါကို ငြင်းလို့ မရပါဘူး”
“ကိန်း ၊ မက်ဆီ ၊ ရိုနယ်ဒို ၊ အဂွေရို တို့ ဟာ နှစ်ပေါင်း များစွာ ဂိုးတွေ သွင်းခဲ့ပြီး အကောင်းဆုံးတွေ ဆိုတာ သက်သေ ပြခဲ့ ပါတယ် ။ ဒီနှစ် မှာတော့ လီဝန်ဒေါ့စကီး သက်သေ ပြတဲ့ နှစ်ပါပဲ ။ ကျွန်တော့ အကြိုက် ၃ ယောက် ကို ရွေးရမယ် ဆိုရင်တော့ လီဝန်ဒေါ့စကီး ၊ နေမာ နဲ့ ကင်မစ်ချ် တို့ပဲ ဖြစ်မှာပါ” လို့ ဘာဘာတော့ဗ် က ပြောဆို သွားခဲ့ ပါတယ် ။
ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် ဖီဖာ ဟာ လွန်ခဲ့တဲ့ ၄ နှစ် က စပြီး The Best Award ကို ပေးအပ် ချီးမြှင့် ခဲ့ရာမှာ ရိုနယ်ဒို က ၂ ကြိမ် ၊ မိုဒရစ် က ၁ ကြိမ် နဲ့ မက်ဆီ က ၁ ကြိမ် ဆွတ်ခူး ရရှိ ထားခဲ့ ပါတယ် ။ လာမယ့် ဆုပေးပွဲမှာ အမျိုးသား ၊ အမျိုးသမီး ၊ နည်းပြ အကောင်းဆုံးဆု တွေ အပြင် တစ်နှစ်တာ အကောင်းဆုံး သွင်းဂိုး ဆုတွေ ကိုပါ ပေးအပ် ချီးမြှင့် သွားမှာပဲ ဖြစ် ပါတယ် ။