spot_img

ရာသီကုန်မှာ ချဲလ်ဆီးရဲ့ အထက်မှာ ရပ်တည်နိုင်မယ့် အသင်း ၂ သင်းကို ထုတ်ဖော်သွားခဲ့တဲ့ ပေါလ်စခိုးလ်

ပေါလ်စခိုးလ်ဟာ ချဲလ်ဆီးရဲ့ ခံစစ်ကို မာကျော ကျစ်လစ် စေခဲ့တဲ့ နောက်ခံလူ တီယာဂိုဆေးလ်ဗား ရဲ့ အရည်အသွေးကို ချီးကျူး သွားခဲ့ပြီး ဖရန့်လမ်းပတ် အနေနဲ့ ဘရာဇီး ဝါရင့် နောက်ခံလူကို ရာသီ တစ်လျှောက်လုံး သတိကြီးကြီး ထားကာ အသုံးပြု သွားရလိမ့်မယ်လို့ အကြံပေးလိုက် ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွေ့က ချဲလ်ဆီးတို့ ပီအက်ဂျီ နဲ့ စာချုပ် သက်တမ်း ကုန်ဆုံး သွားခဲ့တဲ့ ဆေးလ်ဗားကို ခေါ်ယူ လိုက်တဲ့ အချိန်မှာ လူတော်တော်များများ အံ့အားသင့် ခဲ့ကြပေမယ့်လည်း အသက် ၃၆ နှစ် အရွယ် ကစားသမားဟာ ကာလရှည် ဝေဖန်မှုတွေ ခံခဲ့ရတဲ့ လန်ဒန်ကလပ်ရဲ့ နောက်တန်းကို ကျစ်လစ်သွားအောင် ဦးဆောင် ကစား ပေးခဲ့ပါတယ်။

myan789

ချဲလ်ဆီး တာဝန်ရှိသူတွေဟာ ဆေးလ်ဗားရဲ့ စွမ်းဆောင်ရည်ကို သဘောကျ နှစ်သက်လျက် ရှိနေတာကြောင့် ၎င်းကို နောက်ထပ် ၁ နှစ် စာချုပ် သက်တမ်း တိုးသွားဖို့ ပြင်ဆင် နေပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက် ဂန္ထဝင် ကွင်းလယ်လူ ဖြစ်တဲ့ စခိုးလ်က လမ်းပတ် အနေနဲ့ ချဲလ်ဆီး အသင်း အတွက် အလွန် အရေးကြီးတဲ့ ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ် ပွဲစဉ်တွေမှာ ၎င်းကို ကြံ့ခိုင်မှု ပြသနာ ကင်းကင်းနဲ့ အသုံးချ သွားဖို့ အတွက် ဆိုရင် ဘရာဇီး နောက်ခံလူကို ရာသီတစ်လျှောက်လုံး ဂရုတစိုက် အသုံးပြု သွားသင့်တယ်လို့ အကြံပြု ခဲ့ပါတယ်။

စခိုးလ်က “တီယာဂို ဆေးလ်ဗားဟာ အသက် ၃၆ နှစ် ရှိနေပြီ ဖြစ်ပါတယ်။ လမ်းပတ် အနေနဲ့ ဒီရာသီ တစ်လျှောက်လုံး သူ့ကို ဂရုတစိုက် အသုံးပြု သွားဖို့ လုပ်ဆောင် သွားရမှာပါ။ လမ်းပတ်ဟာ ဆေးလ်ဗားကို အသင်းရဲ့ အရေးကြီး ပွဲစဉ်တွေ အားလုံးမှာ ပါဝင် ကစား စေချင်ပါလိမ့်မယ်။ သူဟာ ရာသီ တစ်လျှောက်လုံး ပွဲတွေ အများအပြား ကစား သွားနိုင်မှာ မဟုတ်ပါဘူး။

ဆေးလ်ဗားဟာ ဂိုးသမား မန်ဒီ နဲ့ အတူ ချဲလ်ဆီးရဲ့ ခံစစ်ကို မာကျော ကျစ်လစ် စေခဲ့တယ် ဆိုတာ ကတော့ သံသယ ဖြစ်စရာ မရှိပါဘူး။ တိုက်စစ်ပိုင်းမှာ ဆိုရင်လည်း လမ်းပတ် အနေနဲ့ အိုလီဗာဂျီရူး ဒါမှမဟုတ် တမ်မီအေဗရာဟမ် ဘယ်သူ့ကို ဦးစားပေး တိုက်စစ်မှုး အဖြစ် အသုံးချ သွားရမလဲ ဆိုတဲ့ ပြသနာ ရှိပါတယ်။” လို့ ဆိုသွား ပါတယ်။

လမ်းပတ်ရဲ့ အသင်းဟာ မနေ့ညက ဝုဖ်အသင်းကို အဝေးကွင်းမှာ ၂-၁ နဲ့ ရှုံးနိမ့် သွားခဲ့တာကြောင့် ၂ ပွဲဆက်တိုက် ရှုံးပွဲ ကြုံတွေ့ ခဲ့ရကာ အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာကို ရောက်သွားခဲ့ ပါတယ်။ စခိုးလ်က ချဲလ်ဆီးကို ရောက်လာ ခဲ့ပြီးနောက် လမ်းပတ်ဟာ အကောင်းဆုံး လုပ်ပြ ထားနိုင်ခဲ့တယ်လို့ ချီးကျူး သွားခဲ့ပေမယ့် စတန်းဖို့ဒ်ဘရစ်ချ် ကလပ်ရဲ့ အမှတ်ပေးဖလား အခွင့်အရေး ကိုတော့ ပယ်ချ သွားခဲ့ပြီး ပရီးမီးယားလိဂ် ဖလား အတွက် ချဲလ်ဆီးထက် ရေပန်းစားတဲ့ အသင်း ၂ သင်း ရှိတယ်လို့ ဆိုခဲ့ပါတယ်။

စခိုးလ်က “ချဲလ်ဆီးတို့ ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးနိုင်ဖို့ မျှော်လင့်ချက် ရှိသလား ဆိုတာ ကတော့ ကျွန်တော်လည်း သေချာ မသိပါဘူး။ သူတို့ဟာ အသင်းကောင်း တစ်သင်းပါ။ ဖရန့်ဟာ ပြီးခဲ့တဲ့ ရာသီ ကကော ဒီရာသီ မှာပါ ချဲလ်ဆီး အတွက် အကောင်းဆုံး လုပ်ပြ ထားခဲ့ ပါတယ်။ ဒါပေမယ့် သူတို့ဟာ လီဗာပူး နဲ့ မန်ချက်စတာစီးတီး တို့ရဲ့ အဆင့်အတန်း ကိုတော့ မရောက်သေးပါဘူး။ ဒီနှစ်သင်း ကသာ အမှတ်ပေးဖလား အတွက် အဓိက ကျော်ဖြတ် ရမယ့် အသင်းတွေပါ။ ကျွန်တော် ကတော့ ချဲလ်ဆီး အသင်းမှာ ပြသနာ တစ်ချို့ ရှိနေသေးတယ်လို့ ယူဆပါတယ်။” လို့ ဆိုသွား ခဲ့ပါတယ်။

မန်ချက်စတာစီးတီး ကလည်း မနေ့ညက အီတီဟတ်မှာ ဝက်ဘရွမ်းနဲ့ ၁ ဂိုးစီ သရေ ကျသွား ခဲ့တာကြောင့် ၂ ပွဲဆက်တိုက် သရေကျ သွားခဲ့ပြီး ထိပ်ဆုံးက တော့တင်ဟမ် ၊ လီဗာပူး တို့နဲ့ ၅ မှတ် အကွာကို ပြန်ရောက် သွားခဲ့ ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular