spot_img

ဇယားထိပ်ဆုံးတက်လှမ်းခွင့် ဆုံးရှုံးခဲ့တဲ့ လီဗာပူးလ်

ဖူလ်ဟမ် ၁-၁ လီဗာပူးလ်

ဖူလ်ဟမ်ရဲ့အံ့သြစရာအကောင်းဆုံးခြေစွမ်းကို လီဗာပူးလ် ရင်ဆိုင်ခဲ့ရတာဖြစ်တယ်။ အမှတ်ပေးဇယားရပ်တည်မှုအရကြည့်ရင် ဖူလ်ဟမ်က အားရစရာမဟုတ်ပေမဲ့ ဖူလ်ဟမ်ရဲ့ခြေစွမ်းကောင်းကို မြင်နေရတာ တော်တော်လေးကြာနေပါပြီ။ နိုင်ပွဲရဖို့အတွက် လုံလောက်တဲ့ ကံကြမ္မာကောင်းကို မပိုင်ဆိုင်ထားတာကြောင့် အမှတ်တွေဆုံးရှုံးနေတယ်လို့ပဲ ပြောရမယ်။ ဒီပွဲမတိုင်ခင် မန်စီးတီးကို ရှုံးခဲ့တဲ့ပွဲမှာ ကစားပုံမဆိုးသလို၊ ဒီပွဲမှာလည်း လီဗာပူးလ်ကို အိမ်ကွင်းမှာ အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့တာ တွေ့ရတယ်။

myan789

လီဗာပူးလ်လိုအသင်းမျိုးနဲ့ကစားပေမဲ့ ခံစစ်မှာ ပိတ်ဆို့ရှင်းထုတ်နေတာမျိုးမဟုတ်ဘဲ အပြန်အလှန်တိုက်စစ်ကစားခဲ့တာ တွေ့ရပြီး ဒါက သူတို့ ကစားနေကျပုံစံလည်းဖြစ်တယ်။ စကော့ပါကားရဲ့ ဒီပွဲအတွက် နည်းဗျူဟာရွေးချယ်မှုဟာလည်း တိုက်စစ်ပဲ ဖြစ်နေခဲ့တာကို တွေ့ခဲ့ရတယ်။ ဖူလ်ဟမ်ရဲ့ ပထမပိုင်းကစားပုံက လီဗာပူးလ်ကို ပြိုလဲစေလောက်တဲ့အထိ မဟုတ်ပေမယ့် ယိုင်သွားစေတာတော့ အမှန်ပဲ။ ပယ်နယ်တီ တစ်ကြိမ်ရပေမဲ့ VAR ကြောင့် မရခဲ့ဘူး။ ဒါပေမဲ့ အဖွင့်ဂိုးကိုတော့ လှလှပပ သွင်းယူနိုင်ခဲ့တယ်။ လီဗာပူးလ်ဟာ နာရီဝက်လောက်အထိ တိုက်စစ်တောင် ကောင်းကောင်းမဆင်နိုင်ခဲ့ဘူး။

ပထမပိုင်းပြီးခါနီးနဲ့ ဒုတိယပို်င်းရောက်မှ ပွဲကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်တယ်။ ဒါတောင် လီဗာပူးလ်ရဲ့ တိုက်စစ်ကို ထိန်းချုပ်တဲ့အပိုင်းတွေမှာ ဖူလ်ဟမ်က အဆင်သင့်ရပ်စောင့်ကာ ဖျက်ထုတ်နေတာမျိုးမြင်ရပြီး လီဗာပူးလ်တိုက်စစ်က ဒီပွဲမှာ မထက်မြက်ခဲ့တာ သိသာပါတယ်။ ပယ်နယ်တီ မပေးခဲ့ရတဲ့ လီဗာပူးလ်က (၇၇)မိနစ်မှာတော့ ပယ်နယ်တီရခဲ့ပါတယ်။ လုံးဝကို အငြင်းပွားစရာ ပယ်နယ်တီပါ။ ဒီလိုဘောလုံးမျိုးဟာ သေချာပေါက်လူကိုထိမယ့်ဘောလုံးမျိုးလည်းဖြစ်၊ ပုံမှန်မဟုတ်တဲ့ လက်အနေအထားလို့လည်း ပြောဖို့မလွယ်ပေမဲ့ ပယ်နယ်တီပေးခဲ့ရပြီး၊ ဒီပယ်နယ်တီကို ဆာလာက ချေပဂိုးအဖြစ် သွင်းယူခဲ့ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular