အာဆင်နယ်နည်းပြ အာတီတာက ဂိုးပေါက်ပျောက်နေသည့် အသင်းခေါင်းဆောင် တိုက်စစ်မှူး အူဘာမီယန်းကို သတိပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
အူဘာမီယန်းသည် ယခုရာသီတွင် ပြိုင်ပွဲစုံ၌ (၄)ဂိုးသာ သွင်းယူထားနိုင်သလို၊ ပရီးမီးယားလိဂ်၌ (၂)ဂိုးသာ သွင်းယူထားနိုင်သည်။
ထို့ကြောင့် အာတီတာက ပွဲထွက်ကစားသမား စာရင်းမှ ချန်လှပ်ခံရနိုင်ကြောင်းနှင့် မည်သည့်ကစားသမားမျှ ပွဲထွက် ခွင့်အတွက် အာမခံချက်မရှိကြောင်း သတိပေးခဲ့ခြင်းဖြစ်သည်။
သို့သော် အာတီတာက အူဘာမီယန်း၏ စွမ်းဆောင်ခဲ့မှုများကို လျစ်လျူရှုမည်မဟုတ်ဟုလည်း ဆိုခဲ့သည်။