spot_img

အဲဗာတန် နဲ့ ပွဲမှာ ပူလီဆစ် ဘာလို့ မပါဝင်ခဲ့တာလဲ ဆိုတာ ရှင်းလင်းခဲ့တဲ့ လမ်းပတ်

ချဲလ်ဆီး အသင်း ရဲ့ အမေရိကန် လက်ရွေးစင် တောင်ပံ ကစားသမား ခရစ်တီယန် ပူလီဆစ် ဟာ မနေ့ည က ကစားခဲ့တဲ့ အဲဗာတန် နဲ့ ပွဲအတွက် ကစားသမား စာရင်းထဲမှာပင် ပါဝင်လာခဲ့ခြင်း မရှိပါဘူး ။ ဒါဟာ တောင်ပံ တိုက်စစ် အားကိုးနေရတဲ့ ချဲလ်ဆီး အတွက် တကယ့် ထိုးနှက်ချက် တရပ် ဖြစ်ခဲ့ပါတယ် ။

ပြီးခဲ့တဲ့ အပတ် လိဒ်စ်ယူနိုက်တက် နဲ့ ပွဲစဉ် ပြီးကတည်းက တောင်ပံ တိုက်စစ် ကစားသမား ၂ဦး ဖြစ်တဲ့ ဟာကင် ဇီယက်ချ် နဲ့ ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်း တို့ တံကောက်ကြော ဒဏ်ရ ရခဲ့လို့ ၊ ညာတောင်ပံ တိုက်စစ် နေရာ အတွက် လစ်လပ်မှု ရှိခဲ့ပါတယ် ။

myan789

အခုတခါမှာ ပူလီဆစ် ဟာလည်း တံကောက်ကြော နေရာမှာ အနည်းငယ် ထိခိုက်မှု ရှိခဲ့လို့ ၊ မနေ့ည က ပွဲကို မပါဝင်နိုင်ခဲ့တာ ဖြစ်တယ် လို့ ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် က အတည်ပြုခဲ့ပါတယ် ။ ဒီတော့ ၎င်းရဲ့ နေရာ ကို တိုက်စစ်မှူး တီမို ဗာနာ က ဖြည့်ကစား ပေးခဲ့ရပါတယ် ။

ညာတောင်ပံ အတွက်လည်း ကွင်းလယ် တိုက်စစ် ကစားသမား ကိုင်ဟာဗက်ဇ် က သူ ကစားနေကျနေရာ မဟုတ်ပေမယ့် ၊ ဝင်ကစားပေးခဲ့ရပါတယ် ။ ဘယ်တောင်ပံ အခြမ်း က ခြေစွမ်းမပြနိုင်ခဲ့သလို ၊ ညာတောင်ပံ တိုက်စစ် ဖက်မှာလည်း ရိစ်ဂျိမ်းစ် တဦးဆီကသာ ဖြတ်တင်ဘောတွေ ထွက်ခဲ့ပါတယ် ။

ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် ကတော့ ပူလီဆစ် ဟာ ဒဏ်ရာကြောင့် မဖြစ်မနေ ချန်လှပ်ခံရဖို့ လိုနေတဲ့ ကစားသမား ဖြစ်လို့ သူ့အတွက် ဆုံးဖြတ်ချက်ချရတာ ခက်ခဲခဲ့ခြင်း မရှိကြောင်း ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ အခုလိုပဲ ဖွင့်ဟလာပါတယ် ။

လမ်းပတ် က ” ဒီ ဆုံးဖြတ်ချက် က မခက်ခဲခဲ့ပါဘူး ။ ဒါဟာ အချက်အလက် ဖြစ်ပါတယ် ။ ခရစ်တီယန် ဟာ ဒီပွဲမှာ ချန်ကို ချန်လှပ်ခံရဖို့ လိုခဲ့ပါတယ် ။ ဒီတပတ် လေ့ကျင့်ရေး အစီအစဉ် မှာ သူ့ကို ကြည့်ရတာ သိပ်ပြီး သက်တောင့်သက်သာ မရှိခဲ့ပုံပါပဲ ။ “

” မနေ့က ဆေးစစ်ချက် အရ သူဟာ ပရီးမီးယားလိဂ် ပွဲတပွဲစာ ပွဲထွက်ဖို့ ၊ မိနစ် ၉၀ စာ ကစားပေးဖို့ သက်သာလာခဲ့ခြင်း မရှိပါဘူး ။ ဒီတော့ ကျွန်တော်တို့ရဲ့ တောင်ပံ တိုက်စစ် ကစားသမား ၃ယောက်လုံး က အခု ဒဏ်ရာ ကိုယ်စီနဲ့ပါ ။ အရင်က ဇာတ်လမ်းဟောင်း ကို ပြန်ရောက်လာပြီပဲ ဆိုကြတာပေါ့ ။ “

” ပရီးမီးယားလိဂ် တလွှားမှာလည်း ကလပ် အသင်းတိုင်းလိုလို ကြွက်သား ဒဏ်ရာ ပြဿနာ အသီးသီး ရှိကြပါတယ် ။ ဒီနေ့ ပြိုင်ဖက် အဲဗာတန် အသင်းက ဆိုရင်လည်း ဟားမက်စ် ရိုဒရီဂွက်ဇ် ဟာ ကြွက်သား ဒဏ်ရာကြောင့် မပါနိုင်ခဲ့ပါဘူး ။ “

” ခင်ဗျား ဟာ အဲဗာတန် – ချဲလ်ဆီး ပွဲကို ကြည့်တဲ့အခါ ဒီလို တောင်ပံ တိုက်စစ် နေရာက စိတ်လှုပ်ရှားဖွယ် ကစားဟန်တွေကို မြင်တွေ့လိုမှာ အသေအချာပါပဲ ။ ဒါပေမယ့် ဒီနေ့ပွဲမှာ ဒီ အခြင်းအရာ ကို မမြင်ရခဲ့တာ ဟာ ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး ကစားပုံ တရပ် ကို မတွေ့လိုက်ရတာနဲ့ အတူတူပါပဲ ။ “

” အခုလို ဒဏ်ရာ ပြဿနာတွေ ပြန်ဖြစ်လာခြင်း ဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေက ကျွန်တော် ပြောခဲ့ဖူးတဲ့ လူစားလဲခွင့် ၅ဦး အထိ ခွင့်ပြုဖို့ ကိစ္စ ဆီကို ပြန်ပြီး စိတ်ရောက်စေပါတယ် ။ ကစားသမား တွေရဲ့ ကြံ့ခိုင်မှု အနေအထား ဖက်က ကြည့်ရင် ၊ ၃ရက်ခြား တပွဲနှုန်း ကစားရတာ ၊ တနိုင်ငံ နဲ့ တနိုင်ငံ ၊ ဟိုသွားဒီသွား ခရီးထွက်ရခြင်းတွေက သူတို့ရဲ့ ရေရှည် ကြံ့ခိုင်မှု အခြေအနေ ကို ပိုမို ထိခိုက်စေပါတယ် ။ “

” ဒါဟာ အမြင်ကျယ်ကျယ် နဲ့ မြင်ရမယ့် ကိစ္စ တခုပါ ။ အခုလို ကစားသမားတွေ တယောက်ပြီး တယောက် ဒဏ်ရာ ရနေတာ က ကလပ်တိုင်း အတွက် စိတ်ပျက်စရာ ဖြစ်စေပါတယ် ။ အသင်းတိုင်း မှာ တောင့်တင်းတဲ့ ကစားသမား စာရင်း ကိုယ်စီ ရှိကြပါတယ် ။ ဒီတော့ အသင်းတိုင်း အတွက် ရှုပ်ထွေးတဲ့ ပွဲကာလ ကို ဖြတ်သန်းဖို့ ၊ လူစားလဲခွင့် ကို ပိုတိုးပေးသင့်ပါတယ် ။ “

” ဒီနေ့ပွဲမှာ တောင်ပံ တိုက်စစ် ကစားသမား တွေကို ကျွန်တော်တို့ လွမ်းဆွတ်နေခဲ့သလား ? ဟုတ်ပါတယ် ။ လွမ်းဆွတ်မိပါတယ် ။ ဘာလို့လဲ ဆိုတော့ သူတို့ဟာ ကျွန်တော်တို့ အတွက် ကြီးကျယ်တဲ့ ကစားသမားတွေ ဖြစ်လို့ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular