မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက် မှာတော့ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲ မြို့ခံပြိုင်ဖက် အသင်း ဖြစ်တဲ့ မန်စီးတီး အသင်းကို ဧည့်ခံရင်း မန်ချက်စတာ ဒါဘီ ပွဲစဉ် ကစားခဲ့ရပြီး ဂိုးမရှိ သရေ ရလဒ် ၊ တစ်မှတ်စီ ခွဲယူရင်းနဲ့သာ ကျေနပ် ခဲ့လိုက်ရ ပါတယ် ။ ဒါဟာ ပရိသတ်တွေ အတွက်တော့ အိပ်ရေးပျက်ရတဲ့ ပွဲစဉ် တစ်ပွဲသာ ဖြစ်သွားခဲ့ရ ပါတယ် ။
သူတို့ နှစ်သင်းဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက လေးကြိမ် အထိ ထိပ်တိုက် ရင်ဆိုင်ခဲ့ရာမှာတော့ နှစ်သင်းပေါင်း 10 ဂိုး အထိ သွင်းယူ ထားနိုင် ခဲ့ကြ ပါတယ် ။ ဒီနေ့ ပွဲစဉ်မှာလည်း အနိုင် ရရှိတဲ့ အသင်းဟာ အမှတ်ပေး ဇယား ထိပ်ပိုင်းကို တက်ရောက် နိုင်မှာ ဖြစ်တဲ့ အတွက် ပွဲမြိုင်လိမ့်မယ်လို့ သုံးသပ်သူတွေ ရှိခဲ့ကြ ပါတယ် ။
ဒါပေမယ့် လက်တွေ့ မှာတော့ နှစ်ဖက် အသင်းရဲ့ ကစားပုံ တွေက ဂိုး ရရှိဖို့ အတွက် စိတ်အား ထက်သန်မှုတွေ ကင်းမဲ့ နေခဲ့ပြီး အနည်းဆုံး သရေ တစ်မှတ် ရရှိ နိုင်ဖို့ အတွက်ကိုသာ ဦးတည် ကစားပုံ ပေါ်နေခဲ့ပါတယ် ။ ဒါ့ကြောင့် သတင်းသုံးသပ်သူ တွေက ဒီပွဲကို အေးတိအေးစက် နိုင်တဲ့ပွဲလို့ ဝေဖန်ခဲ့ကြတာပဲ ဖြစ်ပါတယ် ။
အခြား တစ်ဖက် မှာတော့ ယခင်က အကြိတ်အနယ် ကစားမှု တွေကြောင့် အဝါကဒ် ၊ အနီကဒ်တွေ မကြာခန မြင်တွေ့ခဲ့ရတဲ့ မန်ချက်စတာ ဒါဘီ ပွဲစဉ်ဟာ ဒီတစ်ကြိမ် မှာတော့ မဖြစ်စလောက် ပြစ်ဒဏ် ကျူးလွန်မှု ၊ ပြိုင်ဆိုင်လိုမှု အနည်းငယ်သာ မြင်တွေ့ခဲ့ ရမှု တွေနဲ့ အတူ အဝါကဒ် နှစ်ကဒ်သာ မြင်တွေ့ခဲ့ရတဲ့ အထိ အေးတိအေးစက် ဖြစ်နေခဲ့ရ ပါတယ် ။
ဒီလို ပွဲစဉ်နဲ့ ရလဒ်မျိုး က ပရိသတ်တွေ အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရ ပေမယ့် နည်းပြ ဆိုးလ်ရှား ကတော့ သူ့ရဲ့ ယူနိုက်တက် နည်းပြ ဘဝ မန်စီးတီး အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ် တွေမှာ ဒါဟာ စွမ်းဆောင်ရည် အကောင်းဆုံး ပွဲစဉ် တစ်ပွဲ ဖြစ်ခဲ့ကြောင်း ၊ သရေ ရလဒ်က အားလုံး အတွက် ပျော်စရာ ဖြစ်သင့်ကြောင်း ထုတ်ဖော် ပြောကြားရင်း ပရိသတ် တွေကို ဆက်လက် စိတ်ပျက် သွားစေခဲ့ ပါတယ် ။
” ကျွန်တော်ရဲ့ ယူနိုက်တက် နည်းပြ ဘဝ မန်စီးတီး အသင်း နဲ့ ရင်ဆိုင်ခဲ့ ရတဲ့ ပွဲစဉ်တွေ မှာတော့ ဒါဟာ စွမ်းဆောင်ရည် အကောင်းဆုံး ပွဲစဉ် တစ်ပွဲ ဖြစ်သွား ခဲ့ရ ပါတယ် ။ ဒါက အကောင်းဆုံး ရလဒ်ကို ပိုင်ဆိုင် ခဲ့တယ်လို့ မဆိုလိုပါဘူး ။ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသ နိုင်ခဲ့တယ်လို့ ပြောချင်တာပါ ”
” ဒါဟာ ကစားရ ခက်ခဲတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်ခဲ့ရ ပါတယ် ။ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ကျွန်တော် တို့ဟာ သူတို့ကို အကြိမ် အနည်းငယ် အနိုင် ကစားနိုင် ခဲ့တာ ကျွန်တော် သိပါတယ် ။ ဒါပေမယ့် အဲ့တာတွေက အခု အနေအထားထက် ခြားနားတဲ့ ပွဲစဉ်တွေ ဖြစ်ခဲ့ကြ ပါတယ် ”
” သူတို့ တွေဟာ ကြီးမားတဲ့ အခွင့်အရေး အချို့ကို ပိုင်ဆိုင် နိုင်ခဲ့ကြ ပါတယ် ။ နည်းစနစ်ပိုင်း အရ သူတို့ တွေဟာ ကျွန်တော် တို့ကို ပြသနာ အနည်းငယ် ပေးနိုင် လိမ့်မယ် ဆိုတာကို ကျွန်တော်တို့ ကြိုတင် သိခဲ့ကြ ပါတယ် ။ ဒါပေမယ့် ခံစစ် ကစားပုံအရ ကျွန်တော်တို့ အရမ်း ကောင်းခဲ့ကြ ပါတယ် ”
” အသင်းရဲ့ ခံစစ် ကစားပုံ ကျစ်လျစ်ခဲ့မှု အပေါ် ကျွန်တော် ကြည်နူးမိ ပါတယ် ။ ကျွန်တော်တို့ ကတော့ ဘောလုံး ကိုင်ခွင့်ရတဲ့ အခါ တွေမှာ အခွင့်အရေးတွေကို လိုချင်သလောက် မဖန်တီးနိုင်ခဲ့ကြ ပါဘူး ။ သူတို့တွေ ကတော့ ဖွင့်ကစားတာ ကနေ ကောင်းမွန်တဲ့ အခွင့်အရေး အချို့ကို ပိုင်ဆိုင် နိုင်ခဲ့ကြ ပါတယ် ”
” ဘယ်လိုပဲ ဖြစ်နေပါစေ ၊ သရေ ရလဒ် အတွက် အားလုံးပဲ ပျော်ရွှင် နေသင့် ပါတယ် ။ ဒါဟာ ချန်ပီယံလိဂ် ပြိုင်ပွဲက ထွက်ခွာခဲ့ ရတဲ့ ကျွန်တော်တို့ အသင်း အတွက် စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှု တွေကို ရင်ဆိုင်ရတဲ့ ပွဲစဉ် တစ်ပွဲပဲ ဖြစ်ခဲ့ရ ပါတယ် ။ ကျွန်တော် တို့ဟာ စိတ်ပိုင်း ဆိုင်ရာ ထိခိုက်မှု တွေကို တွန်းလှန် ပြနိုင် ခဲ့ကြ ပါတယ် ” လို့ ဆိုးလ်ရှား က မှတ်ချက် ပေးဆောင် သွားခဲ့လိုက် ပါတယ် ။