spot_img

ဒီဂီယာအပေါ် ပေါလ် စခိုးလ်ရဲ့ ဝေဖန်မှုကို ပြန်လည် တုန့်ပြန်လိုက်တဲ့ ဆိုးလ်ရှား

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှား က ပြီးခဲ့တဲ့ တစ်ပါတ် အတွင်း ဝေဖန်မှု တွေနဲ့ ဆက်တိုက် ဆိုသလို ရင်ဆိုင်ခဲ့ရတဲ့ နံပါတ် တစ် ဂိုးသမား ဖြစ်သူ ဒေးဗစ် ဒီဂီယာရဲ့ လက်စွမ်းအပေါ် ယုံကြည်စိတ်ချ နိုင်ကြောင်း ကာကွယ် စကား ပြောကြား သွားခဲ့လိုက် ပါတယ် ။

ပြီးခဲ့တဲ့ ကြားရက်တုန်းက ယူနိုက်တက်တို့ လက်ပ်ဇစ် အသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ် ကစားခဲ့ရာမှာ ဒေးဗစ် ဒီဂီယာဟာ ပြိုင်ဖက် တိုက်စစ် ကစားသမား ဖြစ်သူ ဂျပ်စတင် ကလွိုက်ဗတ် ရဲ့ ဂိုးပေါက် ကန်ချက်ကို ဟန့်တား နိုင်စွမ်း မရှိခဲ့ ပါဘူး ။ ဒီလို ဖြစ်ရခြင်း ရဲ့ အကြောင်းအရင်း က သူဟာ နေရာယူပုံ ညံ့နေခဲ့လို့ပဲ ဖြစ်ခဲ့ ပါတယ် ။

myan789

အဆိုပါ အဖြစ်အပျက်အပေါ် ယူနိုက်တက် ဂန္ဓဝင် ပေါလ် စခိုးလ်က ‘ ငကြောက် ‘ လို့ ခေါင်းစဉ် တပ်ပြီး ဝေဖန် ထိုးနှက်မှုတွေကို ပြုလုပ်ခဲ့ပါသေးတယ် ။ ယူနိုက်တက် ပရိသတ်တွေကလည်း ဒီည ကစားရမယ့် မန်ချက်စတာဒါဘီ ပွဲစဉ်မှာ ဒီဂီယာကို ကျော်လွန်ပြီး အကယ်ဒမီထွက် ဂိုးသမားလေး ဒင်းန် ဟန်ဒါဆန် ကို အသုံးပြုဖို့ တိုက်တွန်း ခဲ့ကြပါ သေးတယ် ။

ဒါပေမယ့် ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ကတော့ စပိန် လက်ရွေးစင် ဂိုးသမား ဖြစ်သူ ဖက်မှ ကာကွယ် စကား ဆိုသွားခဲ့ လိုက်ပြီး မန်ချက်စတာ ဒါဘီ ပွဲစဉ်မှာ သူဟာပဲ နံပါတ် တစ် ဂိုး သမား အဖြစ် ဆက်လက် ရှိနေ လိမ့်မယ် ဆိုတဲ့ အကြောင်း အရိပ်အမြွတ် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ဒေးဗစ် က ထိပ်တန်း ဂိုးသမားလို့ ကျွန်တော် ထင်ပါတယ် ။ ဟုတ်ပါတယ် ၊ ကျွန်တော် ကတော့ အဲ့ဒီလိုပဲ တွေးနေပါတယ် ။ အမှန်အတိုင်း ပြောရမယ် ဆိုရင် သူဟာ ဥရောပ ရဲ့ အကောင်းဆုံး ဂိုးသမား စာရင်းဝင်တဲ့ စပါယ်ရှယ် ဂိုးသမားကောင်း တစ်ဦးပဲ ဖြစ်ပါတယ် ”

” ကျွန်တော့် အတွက်တော့ ဒေးဗစ် ဆိုတာက အရင်ကလည်း ဝေဖန်မှု တွေကို ကိုင်တွယ် ဖြေရှင်း နိုင်သူ ၊ အခက်အခဲ တွေကို ကျော်လွှား ပြနိုင်သူ တစ်ဦး ဖြစ်ခဲ့ရ ပါတယ် ။ သူက ကျွန်တော်တို့ ယုံကြည် စိတ်ချလို့ ရနိုင်မယ့် ဂိုးသမား တစ်ဦး ပါပဲ ။ ဝေဖန်မှုတွေ သူ့အပေါ် မသက်ရောက်စေဖို့ ကျွန်တော် မျှော်လင့် နေပါတယ် ”

” သူ ကိုယ်တိုင်ကလည်း အဲ့တာမျိုး အဖြစ်ခံမှာ မဟုတ်ပါဘူး ။ ဂိုးသမား တစ်ယောက် ဘယ်လို ဂိုးတွေပဲ ပေးနေရပါစေ ၊ ခင်ဗျားတို့ ကတော့ ဂိုး ပေးလိုက် ရတာ နဲ့ စိတ် မကျေမနပ် ဖြစ်နေ ကြမှာပဲ လေ ” လို့ ဆိုးလ်ရှား က အသင်းသား ဖက်မှ ကာကွယ် စကား ဆိုသွား ခဲ့လိုက်ပြီး ဒီဂီယာဟာ ချန်လှပ်လို့ ရနိုင်မယ့် ကစားသမားလားလို့ အမေးခံလိုက်ရတဲ့ အခါမှာတော့ …

” ရတာပေါ့ဗျာ ၊ ခင်ဗျားက ကစားသမား အားလုံးကို အကောင်းဆုံး ကစားစေဖို့ ၊ သူတို့ ဆီမှာ နေရာ တစ်ခု အတွက် ပြိုင်ဆိုင်မယ့် သူတွေ ရှိနေ ကြတယ် ဆိုတာကို ခံစား စေဖို့ အလိုရှိ နေမှာ ပါပဲ ။ ကျွန်တော့် ရဲ့ အသင်းမှာ နေရာ တစ်ခုချင်းစီ အတွက် ပြိုင်ဆိုင်မှု ရှိနေ ပါတယ်

” ဒင်းန်က အံ့ဖွယ် ဂိုးသမား ဖြစ်တယ် ဆိုတာကို ဒေးဗစ် သိနေသလို ဒေးဗစ် ကလည်း အံ့ဖွယ် ဂိုးသမားကောင်း တစ်ဦး ဖြစ်တယ် ဆိုတာကို ဒင်းန်လည်း သိပါတယ် ။ သူတို့ နှစ်ဦးဟာ တူညီတဲ့ဲ နေရာ တစ်ခုကို ရရှိရေး အတွက် တိုက်ပွဲဝင် ကြိုးစား နေခဲ့ကြ ပါတယ် ” လို့ ဆိုးလ်ရှား က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular