spot_img

ခရာစနိုဒါ နဲ့ ပွဲမှာ ပင်နယ်တီ တာဝန်ပြန်ယူခဲ့တဲ့ ဂျော်ဂျင်ဟို နဲ့ ပတ်သက်ပြီး ဖြေရှင်းချက် ပေးလာတဲ့ လမ်းပတ်

ချဲလ်ဆီး အသင်း ရဲ့ ကွင်းလယ်လူ ဂျော်ဂျင်ဟို ဟာ ရုရှားမြေမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ဒုတိယမြောက် ပွဲစဉ် မှာ ဒီရာသီ ပင်နယ်တီ ကန်သွင်းမှု ဒုတိယ အကြိမ်မြောက် လွဲချော်ခဲ့လို့ ၊ ၎င်းဟာ ပင်နယ်တီ ကန်ခွင့် ကို အသင်းဖော်သစ် ဂျာမနီ လက်ရွေးစင် တိုက်စစ်မှူး တီမို ဗာနာ ဆီ လွှဲပြောင်းပေးခဲ့ရပါတယ် ။

ဂျော်ဂျင်ဟို ဟာ ဒီရာသီ အစပိုင်း လီဗာပူး အသင်း ကို စတမ်းဖို့ဒ်ဘရစ်ချ် မှာ ၀ – ၂ နဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲမှာလည်း ပင်နယ်တီ ကန်ခွင့် တကြိမ် လွဲချော်ထားခဲ့ပါတယ် ။ သို့ပေမယ့် အင်္ဂါနေ့ည က ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံးပွဲ ဖြစ်တဲ့ ခရာစနိုဒါ နဲ့ အိမ်ကွင်းပွဲမှာ ပင်နယ်တီ ကန်ခွင့် ကို ဂျော်ဂျင်ဟို က တာဝန်ယူ အဆုံးသတ်ခဲ့ပါတယ် ။

myan789

ထို ပွဲစဉ် အတွင်း မှာ အဓိက ကစားသမား အားလုံးနီးပါး ကို အနားပေးထားပေမယ့် ၊ ဂျော်ဂျင်ဟို ရဲ့ ပင်နယ်တီ ကန်ခွင့် ကို ပွဲထွက် ပါဝင်ခွင့်ရခဲ့တဲ့ တိုက်စစ်မှူး တမ်မီ အေဘရာဟမ် နဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ကိုင်ဟာဗက်ဇ် တို့က အစားထိုး ကန်သွင်းခွင့် ရှိခဲ့ပါတယ် ။

သို့ပေမယ့် ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် ဟာ ဒီနေရာမှာ ဂျော်ဂျင်ဟို ပင်နယ်တီ တာဝန် အတွက် ဆက်လက် ယုံကြည်နေဆဲ ဖြစ်တာကို တွေ့ရမှာ ဖြစ်ပါတယ် ။ မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ လမ်းပတ် က ဂျော်ဂျင်ဟို ရဲ့ ပင်နယ်တီ ကန်နိုင်တဲ့ အရည်အသွေး အပေါ် လုံးဝ သံသယမရှိခဲ့ကြောင်း ဖြေရှင်းချက် ပြန်ပေးခဲ့ပါတယ် ။

လမ်းပတ် က ” ဂျော်ဂျင်ဟို အကြောင်း ပြောရရင် ကျွန်တော် ဟာ သူ့ရဲ့ ပင်နယ်တီ ကန်နိုင်တဲ့ အရည်အချင်း အပေါ် လုံးဝ ယုံမှား သံသယ မဝင်ခဲ့ပါဘူး ။ တဖက်မှာ ကလပ် နဲ့ နိုင်ငံ အသင်း အတွက် ဒိုင်ခံ ပင်နယ်တီ တာဝန်ယူနေရတဲ့ ဂျော်ဂျင်ဟို အဖို့ တခါတလေ ပင်နယ်တီ လွဲတယ် ဆိုတာက ဖြစ်တတ်ပါတယ် ။ “

” ဒီရာသီ မှာတော့ သူဟာ ပင်နယ်တီ ၂ကြိမ် လွဲချော်ထားပါတယ် ။ ဒါပေမယ့် ခရာစနိုဒါ နဲ့ ပွဲမှာ သူ ပင်နယ်တီ တာဝန် ပြန်ယူခဲ့တာ ကို ခင်ဗျားတို့ အားလုံးလည်း တွေ့မြင်ခဲ့ကြရမှာပါ ။ သူဟာ ကိုယ့်စတိုင်လ် အပေါ် အပြည့်အဝ ယုံကြည်ခဲ့သလို ၊ ကျွန်တော်လည်း သူ့အပေါ် ယုံကြည်နေဆဲပါ ။ ဒီတော့ ပင်နယ်တီ တာဝန် က ကိစ္စ သိပ်မရှိပါဘူး ။ “

” ဟုတ်ပါတယ် ။ ဂျော်ဂျင်ဟို ဟာ ပွဲထွက် ကစားရင်ပဲ ဖြစ်ဖြစ် ၊ လေ့ကျင့်တဲ့အခါပဲ ဖြစ်ဖြစ် ဒု – အသင်းခေါင်းဆောင် အဖြစ် အရာရာ ပေးဆပ်နေကြ ဖြစ်ပါတယ် ။ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော် ဝမ်းသာအားရမိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ချဲလ်ဆီး အသင်း ဟာ ကြားရက် က ချန်ပီယံလိဂ် အုပ်စု နောက်ဆုံးပွဲမှာ ဘာရလဒ်ပဲ ထွက်ထွက် ၁၆ သင်း အဆင့် ကို တက်ရောက်သွားပြီ ဖြစ်လို့ ၊ တပတ်လုံး ကို မနက်ဖြန်ည အဲဗာတန် နဲ့ အဝေးကွင်း ပွဲအတွက် ကြိုတင် ပြင်ဆင်ခွင့် ရှိခဲ့ပါတယ် ။

ဒါ့အပြင် ၁၆ သင်း အဆင့် ပွဲတွေကလည်း ဖေဖော်ဝါရီ လကုန်ပိုင်းမှ ကစားမှာ ဖြစ်လို့ လမ်းပတ် နဲ့ ချဲလ်ဆီး အသင်းသားတွေ အနေနဲ့ ထိုကာလ အတွင်း ပြည်တွင်းလိဂ် ပွဲစဉ်တွေကို အပြည့်အဝ အာရုံစိုက်လို့ ရပြီ ဖြစ်ပါတယ် ။ ဒီအကြောင်း နဲ့ ပတ်သက်ပြီး လမ်းပတ် က အခုလိုပဲ မှတ်ချက်ပေးခဲ့ပါတယ် ။

လမ်းပတ် က ” ဟုတ်ပါတယ် ။ ဖေဖော်ဝါရီလကုန်ပိုင်း မတိုင်ခင် အထိ ပရီးမီးယားလိဂ် ပြိုင်ပွဲ အပေါ် မှာ အပြည့်အဝ အာရုံစိုက်ခွင့် ရသွားတာ က အရမ်း အရေးကြီးပါတယ် ။ ဒီကြောင့်လည်း ချန်ပီယံလိဂ် အုပ်စုဗိုလ် နဲ့ ၁၆ သင်း အဆင့် ကို တက်ရောက်သွားတာ က အပေါင်း လက္ခဏာဆောင်ခဲ့ခြင်း ဖြစ်ပါတယ် ။ “

” ဒီက တဆင့် ကျွန်တော် တို့ဟာ ယုံကြည်မှု ပိုမြင့်တက်လာရသလို ၊ ချန်ပီယံလိဂ် အကြောင်း ကို လောလောဆယ် ဘေးဖယ်ထားလို့ ရပြီး ၊ ဒီဇင်ဘာ နဲ့ နယူးရီးယား ကာလ ပွဲကြပ် ကာလတွေ အကြောင်း ကို ပြန်ပြီး အာရုံစိုက်ခွင့် ရှိလာပါတယ် ။ “

” ခင်ဗျား တို့ဟာ ကျွန်တော် တို့ရဲ့ ရှေ့လာမယ့် ပွဲစဉ်တွေကို ကြည့်ရင် ၊ အခု လာမယ့် အဲဗာတန် နဲ့ ပွဲပြီးရင် ၊ ဝုလ်ဗ်စ် ၊ ဝက်စ်ဟမ်း တို့ကို ယှဉ်ပြိုင်ရမှာ ဖြစ်သလို ၊ Boxing day မှာ အာဆင်နယ် နဲ့ ကစားရဖို့ ရှိပါတယ် ။ အချိန်တို အတွင်း ဒီလို အသင်းကောင်းတွေကို ရင်ဆိုင်ရမှာ ဖြစ်လို့ ကျွန်တော်တို့ အတွက် တကယ် ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်လာမှာပါ ။ “

” ကျွန်တော်တို့ အတွက် ပရီးမီးယားလိဂ် ကို အာရုံစိုက်ဖို့ အရေးကြီးတဲ့ အကြောင်း သိထားဖို့ လိုပါတယ် ။ နောက်ပြီး ဒီ ကာလ ဟာ ခက်ခဲပြီး ၊ ရလဒ် တခုခု ချွတ်ချော်သွားရင် ခွင့်လွှတ်နိုင်စရာ မရှိပါဘူး ။ ဒီတော့ လောလောဆယ် မှာ ပရီးမီးယားလိဂ် အကြောင်း ကိုပဲ အာရုံစိုက်နေတယ် လို့ ပြောပါရစေ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular