လက်တလော မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ပတ်သက်လို့ သတင်းကြီး နေခဲ့တဲ့ အရာတွေ ကတော့ ချန်ပီယံလိဂ် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရမှု ၊ ပေါ့ဂ်ဘာ နဲ့ ယူနိုက်တက် အကြား ဇာတ်လမ်းတွေ ဇာတ်သိမ်းပြီလို့ ပြောလိုက်တဲ့ ရွိုင်အိုလာ ရဲ့ မှတ်ချက် စကား တွေပဲ ဖြစ်ပါတယ် ။
ယူနိုက်တက်တို့ လက်ပ်ဇစ် အသင်းနဲ့ ရင်ဆိုင်ကြမယ့် ချန်ပီယံလိဂ် အဆုံးအဖြတ် ပွဲစဉ်မတိုင်မီမှာ ရိုင်အိုလာက ပေါ့ဂ်ဘာဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ မပျော်ရွှင်တော့ကြောင်း ၊ သူရဲ့ ယူနိုက်တက် ကစားသမား ဘဝ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း ပြောဆို သွားခဲ့တာပဲ ဖြစ်ပါတယ် ။
အခုတော့ ယူနိုက်တက်တို့ရဲ့ ချန်ပီယံလိဂ် သတင်းတွေ သွေးအေး သွားခဲ့တဲ့နောက် ဘောလုံး သတင်း သုံးသပ်သူ တွေက ယူနိုက်တက်တို့ အနေနဲ့ ပေါ့ဂ်ဘာကို အသင်းမှာ ဆက်ထားသင့် သလား ၊ ရောင်းထုတ်လိုက် သင့်ပြီလား ဆိုတဲ့ဖက်ကို ဦးတည် မေးခွန်းထုတ် ၊ သုံးသပ်မှုတွေ လုပ်ဆောင် ခဲ့ကြ ပါတယ် ။
အဲ့ဒီထဲက စပေါ့ မေးလ် ရဲ့ ဘောလုံး အားကစား ကျွမ်းကျင်သူ သုံးဦး ဖြစ်ကြတဲ့ ခရစ် ဆပ်တွန် ၊ အီယန် လေဒီမန်း နဲ့ ခရစ် ဝှီလာ တို့ရဲ့ သုံးသပ်ချက် ၊ မှတ်ချက်ပေးမှု တွေကို ဖော်ပြ ပေးလိုက် ပါတယ် ။
ခရစ် ဆပ်တွန် : ကျွန်တော် ကတော့ အဖြေ တစ်ခုပဲ တွေ့မိ ပါတယ် ။ သူ့ကို ကန်ထုတ်ပြီး အေးဂျင့် နဲ့လည်း အဆက်ဖြတ်လိုက်ဖို့ပါပဲ ။ မီနို ရိုင်အိုလာ ဆိုတာ တစ်ကယ့် ပြသနာကောင် တစ်ယောက်ပါ ။ အကယ်လို့ ကျွန်တော့်ရဲ့ အေးဂျင့်က မှားယွင်းတဲ့ နည်းလမ်းနဲ့ ကျွန်တော့်ကို ကိုယ်စားပြုနေမယ်ဆိုရင် ကျွန်တော်ဟာ အသင်းနဲ့ ပရိသတ် တွေကို ရှင်းရှင်းလင်းလင်း ပြောပြလိုက်မှာပါ ။
ပေါ့ဂ်ဘာ က ယူနိုက်တက် အသင်းကို ရှင်းရှင်းလင်းလင်း စကားပြောဆိုခြင်း မရှိခဲ့သေး ပါဘူး ။ ဒီအတွက် ရိုင်အိုလာ ကိုလည်း ရပ်တန့် စေနိုင်မယ့်သူဟာ မရှိဘူး ဖြစ်နေခဲ့ရ ပါတယ် ။ ဆိုရှယ် မီဒီယာ အထက်မှာ ဆိုရင် သူဟာ ပရိသတ် သန်း 50 လောက် ရှိနေ ပါတယ် ။ စခိုးလ် ကတော့ ပေါ့ဂ်ဘာ သူဟာ ကောင်းမွန်တဲ့ ကောင်လေး တစ်ယောက်လို့ ပြောတယ် ၊ ကောင်းမွန်တဲ့ ကောင်လေး တစ်ယောက်ရဲ့ အပြုအမူက ဒီလို မဟုတ်ပါဘူး ။
သူဟာ တိတ်တိတ်ဆိတ်ဆိတ် နေနေခဲ့ပြီး သူ့ရဲ့ အေးဂျင့်ကို စိတ်ကြိုက် ဖျက်စီးခွင့် ပေးနေခဲ့ ပါတယ် ။ အဲ့ဒီလို အနေအထားတွေကြောင့်ပဲ ဆိုးလ်ရှားက ဗန်ဒီ ဘိခ်ကို ပထမပိုင်း ပြီးတဲ့နောက် ထည့်သွင်း ကစားစေခဲ့တာလား ? ရိုင်အိုလာရဲ့ ပြောစကား တွေရဲ့ သက်ရောက်မှု တွေကြောင့် ပေါ့ဂ်ဘာ က နောက်ကျပြီးမှ လူစားဝင် ကစားခွင့် ရတာလား ဆိုတာ တွေးစရာ ပါပဲ ။
ဒီလို လုပ်ရခြင်း အကြောင်းအရင်း ကရော ဆိုးလ်ရှား က ပေါ့ဂ်ဘာ အပေါ် ယုံကြည်စိတ် နည်းပါး နေခဲ့ပြီလို့ ဖော်ပြချင်တာလား ? ဒီလိုသာ ဖြစ်နေခဲ့မယ် ဆိုရင် နည်းပြ အတွက်တော့ စိတ်ပျက်စရာ ပါပဲ ။ ဒါဟာ တစ်ကယ့်ကို စိတ်ပျက်စရာ ကောင်းတဲ့ အနေအထား တစ်ခု ပါပဲ ။
ခရစ် ဝှီလာ : ပေါ့ဂ်ဘာ ရဲ့ သတင်းတွေ ကတော့ တစ်ကယ့်ကို ပျင်းရိစရာ ပါပဲ ။ သူ ရောက်လာ ကတည်းက အလုပ် မဖြစ်ခဲ့သေး ပါဘူး ။ ဒါက အလုပ် မဖြစ်သေး ပါဘူး ။ အခုက ပေါ့ဂ်ဘာ ကို Goodbye လို့ ပြောပြီး သူ့ရဲ့ စိတ်ပျက်စရာ ကောင်းတဲ့ အေးဂျင့် ကိုလည်း ကန်ထုတ်လိုက်သင့် ပါပြီ ။
လက်ရှိ အနေအထားက ဘယ်သူ ဝယ်မလဲ ဆိုတာကို ရှာဖွေဖို့ အတွက် စိန်ခေါ်မှုတွေ ရင်ဆိုင်ရမယ် ဆိုတာ ပါပဲ ။ သူ့ကို ခေါ်ယူ ခဲ့စဉ် တုန်းက ပေးချေခဲ့ရတဲ့ ပေါင် 89 သန်းကို ဘယ်သူတွေ ပေးနိုင်မလဲ ၊ အရှုံး မထွက်အောင် ဘယ်လို လုပ်ဆောင်ရမလဲ ဆိုတာက ကြီးမားတဲ့ စိန်ခေါ်မှု တစ်ခု ဖြစ်နေပါပြီ ။
အီယန် လေဒီမန်း : ဒီနေရာမှာလည်း ကျွန်တော်တို့ရဲ့ သဘောထားတွေ တိုက်ဆိုင် နေခဲ့ပါပြီ ။ ပေါ့ဂ်ဘာကို ဝန်းရံပြီး အသင်းကို တည်ဆောက်ဖို့ ဆိုတဲ့ စိတ်ကူးက အချိန်နှောင်းနေခဲ့ပါပြီ ။ ယူနိုက်တက် တို့က ဘရူနို ဖာနန်ဒက်စ်ကို ခေါ်ယူခဲ့ကြ ပါတယ် ။ သူတို့ နှစ်ယောက်လုံး တူညီတဲ့ နေရာ တစ်ခုမှာပဲ ကစားလိုနေကြ ပါတယ် ။ ဒါ့ကြောင့် အခုက ပေါ့ဂ်ဘာ နဲ့ ပတ်သက်လို့ အဆုံးအဖြတ် တစ်ခု ချမှတ်ရမယ့် အချိန် ကျရောက်ခဲ့ ပါပြီ ။
ဒီတစ်ပါတ် ပေါ့ဂ်ဘာရဲ့ အေးဂျင့် ပြောခဲ့တာတွေက စိတ်ပျက်စရာတွေ ပါပဲ ။ ခရစ် ( ဆပ်တွန် ) ပြောခဲ့သလိုပဲ သူ ပြောစရာ ရှိရင် ပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ်။ ဖြစ်နိုင်ရင် ပေါ့ဂ်ဘာကို ဇန်နဝါရီမှာ ရောင်းထုတ်လိုက်သင့်ပါပြီ ။ အဲ့တာဆို ငွေဝင်ပြီးတော့ လစာငွေကိုလည်း လျော့ချ နိုင်ပါ လိမ့်မယ် ။ ဒါကို အခြား နေရာမှာ သုံးလို့ ရပါတယ် ။
ဒါပေမယ့် ယူနိုက်တက် အသင်း အနေနဲ့လည်း ပေါ့ဂ်ဘာကို ရောင်းထုတ်လိုက်ရုံနဲ့ မဖြစ်သေးပါဘူး ။ ရာသီဝက် ကုန်ဆုံးမယ် ဆိုရင် ရှေ့ဆက်ပြီးလည်း သူတို့တွေဟာ ခက်ခဲတဲ့ ပွဲစဉ်တွေကို ဆက်တိုက် ကစားရပါလိမ့်ဦးမယ် ။ ဒါ့ကြောင့် အစားထိုး နိုင်မယ့်သူကို ရရှိမှ သူတို့ ပေါ့ဂ်ဘာကို လက်လွှတ်သင့် ပါတယ် ။