ဒီမီတာ ဘာဘာတော့ဗ် ဟာ ၂၀၀၈ ခုနှစ် ရာသီ အကုန် မှာ မန်ချက်စတာ ယူနိုက်တက် ကို ပြောင်းလာ ရင်း ခရစ္စတီယာနို ရိုနယ်ဒို နဲ့ ၁ ရာသီ သိကျွမ်းခဲ့ ရ ပါတယ် ။ အဲ့ဒိ ၁ နှစ် ဆိုတဲ့ အချိန် ကာလ ဟာပဲ ဘူဂေးရီးယား သားကြီး အဖို့ ရိုနယ်ဒို ရဲ့ အကြောင်းတွေကို ကောင်းကောင်း သိနားလည်ဖို့ လုံလောက် စေခဲ့ တာပါ ။ ရိုနယ်ဒို ဟာ အဲ့ဒိ အချိန် တုန်းက အခုလို ရွှေဘောလုံး ၅ ဆုရှင် ၊ ဂိုးပေါင်း 700 ကျော် သွင်းယူ ထားတဲ့ ကစား သမား မဟုတ် သေးပါဘူး ။
ဒါပေမယ့် အဲ့ဒိ အချိန် ကတည်းက ရိုနယ်ဒို ဟာ ရွှေဘောလုံး ဆု ကို ပထမဆုံး အကြိမ် ရရှိ ထားခဲ့ ဖူးသလို အကောင်း တကာ့ အကောင်းဆုံး အနေအထား မှာ ဆက်လက် ရပ်တည် နိုင်ဖို့ အတွက် အစဉ်အမြဲ ကြိုးစား နေသူ ဖြစ်နေ ခဲ့ပါပြီ ။
လက်ရှိ မှာတော့ ဘာဘာတော့ဗ် ဟာ ၃၉ နှစ် ရှိနေပြီ ဖြစ်ကာ ဘောလုံး သမား ဘ၀ ကို ပြည်ဖုံးကား ချနိုင် ခဲ့ပါပြီ ။ တော့တင်ဟမ် ဟော့စပါး နဲ့ မန်ချက်စတာ ယူနိုက်တက် တို့မှာ ဂိုးပေါင်း များစွာ သွင်းယူ ခဲ့တဲ့ တိုက်စစ်မှူးကြီး ကတော့ ခရစ္စတီယာနို ရိုနယ်ဒို လို ကစား သမားမျိုး နဲ့ ဆုံတွေ့ ခဲ့ရတာဟာ သူ့အတွက် ကံကောင်း တဲ့ ကိစ္စ တစ်ခုလို့ မှတ်ယူ ထားခဲ့ ပါတယ် ။
“သူ ( ရိုနယ်ဒို ) နဲ့ တစ်ရာသီ အတူ ကစား ဖြစ်ခဲ့တာ ကျွန်တော့ အတွက် ကံကောင်း ခဲ့တာပါပဲ ။ သူ နဲ့ အတူ လေ့ကျင့်ရတာက ကျွန်တော့ကို အများကြီး တိုးတက် စေခဲ့ ပါတယ် ။ သူက အမြဲတမ်း အကောင်းဆုံး ဖြစ်ချင် နေတဲ့ သူပါ ။ လေ့ကျင့်ရေး ကွင်းမှာ တောင်မှ နံပါတ် ၁ ဖြစ်ချင် ခဲ့သူပါ”
“သူ နဲ့ လေ့ကျင့်ရတာ က စစ်ဖြစ် နေရသလိုပါပဲ ။ ဒါက ကောင်းပါတယ် ၊ အမြဲတမ်း အနိုင်ရချင် စိတ်နဲ့ ပြင်းပြင်း ထန်ထန် ကြိုးစားမှု ရဲ့ ဆိုးကျိုး ကို ကျွန်တော် အခုထိ မမြင်မိ သေးပါဘူး ။ ပြီးတော့ သူ က လူကောင်း တစ်ယောက်ပါ ၊ ဟာသ ဉာဏ်လည်း ရွှင်ပါတယ်”
“ဒါပေမယ့် ဘယ်ပါတီ မှ သူ့ကို မတွေ့ရ နိုင်ပါဘူး ။ အခုလို ခရစ္စမတ် အချိန် မှာတောင် သူ့ကို သောက်ဖို့ အဖော်ညှိလို့ မရတာပါ ။ ဘာလို့လည်း ဆိုတော့ သူက ဘောလုံး အပေါ် မှာ အပြည့်အ၀ စိတ်နှစ် ထားပြီး ဒီ အလုပ် အပေါ်မှာ အရမ်း ပရော်ဖက်ရှင်နယ် ကျလို့ ပါပဲ”
“ရိုနယ်ဒို က သူ့ကိုယ်သူ အရမ်း ဂရုစိုက် ပါတယ် ။ လေ့ကျင့်ရေး ကွင်းကို အစောကြီး လာတယ် ၊ Gym ခန်းထဲ မှာ လေ့ကျင့်တယ် ၊ ပြန်ရင်လည်း နောက်အကျဆုံး မှပဲ ပြန်ပါတယ် ။ အသင်းလိုက် လေ့ကျင့်ခန်းတွေ ပြီးသွားရင် တစ်ယောက်တည်း ဘောလုံး တွေနဲ့ ဂိုးကန် ကျင့်နေတာပါ ။ အားလုံး ပြီးသွားရင် ရေကူးပါတယ် ၊ ပြီးရင် Gym ခန်းထဲ တစ်ခေါက် ပြန်သွား သေးတာပါ ။ ဒီလိုမျိုးနဲ့ အကောင်းဆုံး ဖြစ်လာဖို့ သူ လေ့ကျင့် ခဲ့တာပါပဲ” လို့ ဘာဘာတော့ က ပြောဆို သွားခဲ့ ပါတယ် ။
ဒါပေမယ့် ဘာဘာတော့ ဟာ လက်ရှိ ဘောလုံး ကမ္ဘာမှာ ရေပန်း အစားဆုံး မေးခွန်း တစ်ခု ဖြစ်တဲ့ မက်ဆီ – ရိုနယ်ဒို မေးခွန်း ကိုတော့ ရှောင်လွှဲ သွားခဲ့ပြီး ၂ ယောက်စလုံး အနားယူ သွားတဲ့ အချိန် မှသာ ဆုံးဖြတ်ဖို့ သင့်ပါတယ် လို့ ဖြေကြား သွားခဲ့ ပါတယ် ။
“သူတို့ နားသွားရင် နောက်ထပ် ဘောလုံး စတားတွေ ရောက်လာ ကြဦး မှာပါ ။ ဒါပေမယ့် သူတို့ မနားခင် အထိ ကတော့ ၂ ယောက်စလုံး ကို အကောင်းဆုံးတွေ လို့ သတ်မှတ် ရမှာပါပဲ ။ သူတို့ ဘောလုံး နဲ့ လုပ်ခဲ့သမျှ တွေ က သမိုင်းတွင် ကျန်ရစ် နေခဲ့မှာပါ” လို့ ဘာဘာတော့ဗ် က ဆိုသွားခဲ့ ပါတယ် ။
ဆက်လက်ပြီး ဘာဘာတော့ဗ် က အေးဂျင့်ရွိုင်းအိုလာ ရဲ့ နှုတ်ထွက် ပြောဆိုမှုကြောင့် အသင်း နဲ့ အနာဂါတ် မငြိမ်မသက် ဖြစ်နေတဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာ နဲ့ ပတ်သက်ပြီး လည်း အကောင်းဆုံး ဖြစ်လာပါ စေလို့ ဆုတောင်း ပေးခဲ့သလို အရင်လို ပုံစံမျိုး နဲ့လည်း ပြန်ပြီး ခြေစွမ်း ပြနိုင် ပါစေလို့ ပြောဆို ပေးသွားခဲ့ ပါတယ် ။