spot_img

ချန်ပီယံလိဂ်မှ ထွက်ခွာခဲ့ရတဲ့နောက် အပြစ်တွေကို ခံယူရင်း အမှားတွေကို ဝန်ခံလိုက်တဲ့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာတော့ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ အုပ်စု အဆင့် နောက်ဆုံး ပွဲစဉ် အဖြစ် ဂျာမန် ထိပ်သီး ကလပ် အသင်း ဖြစ်တဲ့ RB လက်ပ်ဇစ် အသင်း နဲ့ ရင်ဆိုင် ကစားခဲ့ ရပြီး 3 – 2 ဆိုတဲ့ ရလဒ် နဲ့ အဝေးကွင်းမှာ စိတ်ပျက်ဖွယ် ရှုံးနိမ့် သွားခဲ့ရ ပါတယ် ။

အဆိုပါ ပွဲစဉ်မှာတော့ ယူနိုက်တက် တို့ဟာ ပွဲချိန် အစ 13 မိနစ် အတွင်း 2 ဂိုး ပေးခဲ့ရပြီး ပွဲချိန် 69 မိနစ် မှာလည်း မက်ဂွားယား နဲ့ ဒီဂီယာ တို့ရဲ့ အမှားတွေကြောင့် တတိယမြောက် ဦးဆောင်ဂိုး ပေးခဲ့ရ ပါတယ် ။ အဲ့ဒီနောက် ယူနိုက်တက်တို့ဟာ လူစားလဲမှု တွေကို လုပ်ဆောင်ပြီး comeback လုပ်နိုင်ဖို့ ကြိုးစားခဲ့ကြ ပါတယ် ။

myan789

အဲ့ဒီနောက် ပွဲချိန် 80 နဲ့ 82 မိနစ် တွေမှာ ဘရူနို (p) နဲ့ ပေါ့ဂ်ဘာ တို့က အသင်း အတွက် ဂိုးတွေ သွင်းယူ ပေးနိုင်ပြီး သရေ ရလဒ် ရရှိဖို့ နီးစပ်တဲ့ အနေအထား တစ်ခု ဖန်တီး နိုင်ခဲ့ကြပေမယ့် နောက်တစ်ဂိုး သွင်းယူ နိုင်စွမ်း မရှိတော့တဲ့ အတွက် သရဲနီ တို့ဟာ အရှုံး ရလဒ်နဲ့သာ ကျေနပ်လိုက် ရပြီး ပြိုင်ပွဲက လက်ပြ နှုတ်ဆက် ခဲ့ရ ပါတယ် ။

အဆိုပါ ပွဲစဉ်အပြီး အင်တာဗျူး အစီအစဉ် မှာတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား က တစ်မှတ်ရရုံနဲ့ နောက်တစ်ဆင့် တက်နိုင်မယ့် အနေအထား တစ်ရပ်မှာ ရှုံးနိမ့်ခဲ့ ရခြင်း အပေါ် မှတ်ချက်ပေးရင်း ဒါကို သူပဲ တာဝန်ယူ ရမှာ ဖြစ်ကြောင်း အပြစ်တွေ ခံယူ သွားခဲ့လိုက် ပါတယ် ။

” ကျွန်တော်တို့ တွေဟာ အသင်း တစ်သင်း အဖြစ်နဲ့ လုံလောက်စွာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို မပြသ နိုင်ခဲ့ကြပါဘူး ။ ဒါက မန်နေဂျာ တစ်ဦး အမြဲတမ်း တာဝန်ယူရမယ့် အရာ တစ်ခု ပါပဲ ။ လူတိုင်းကို အဆင်သင့်ဖြစ်အောင် လုပ်ဆောင်ရေးက မန်နေဂျာ ရဲ့ တာဝန် ပါပဲ ”

” သူတို့ဟာ အကောင်းဆုံး ပုံစံနဲ့ လာလိမ့်မယ် ၊ ဂိုးဧရိယာ အတွင်း ဖြတ်တင်ဘောတွေ လုပ်ဆောင် ကြလိမ့်မယ် ဆိုတာတွေကို ကျွန်တော်တို့ သိခဲ့ကြ ပါတယ် ။ ဒါပေမယ့် ကံမကောင်းစွာပဲ ကျွန်တော်တို့ တွေဟာ ပေးဂိုး နှစ်ဂိုး အထိ ပေးခဲ့ရပြီး ပုံစံကောင်း ပြန်လည် မပြသ နိုင်ခဲ့ကြ ပါဘူး ”

” အရင်က ကျွန်တော်တို့ ဂိုးအရင်ပေးခဲ့ရတဲ့ ပွဲစဉ်တွေမှာ နောက်က လိုက်ကစားတာ အတော်လေး ကောင်းမွန်ခဲ့ကြ ပါတယ် ။ ဒါပေမယ့် ဒီနေ့တော့ သူတို့ ဒုတိယမြောက်ဂိုး မသွင်းသေးတဲ့ အထိ ကျွန်တော်တို့ မပြောင်းလဲ နိုင်ခဲ့ကြ ပါဘူး ။ နှစ်ဂိုး ပေးခဲ့ရတဲ့နောက် ကျွန်တော်တို့ ရုတ်ချည်း ကောင်းမွန် လာခဲ့ကြ ပါတယ် ”

” 1 – 0 ဖြစ်ခဲ့တဲ့ အချိန် ကျွန်တော်တို့ အခွင့်အရေး တစ်ကြိမ် ပိုင်ဆိုင် ခဲ့ကြပါ သေးတယ် ။ မေဆွန် ( ဂရင်းဝုဒ် ) ဟာ အခွင့်အရေးကောင်း တစ်ကြိမ် ပိုင်ဆိုင်ခဲ့ပါ သေးတယ် ။ 2 – 0 ဖြစ်တဲ့နောက် ကျွန်တော်တို့ ကစားပုံ ပိုကောင်းခဲ့ပါတယ် ။ ဒုတိယပိုင်း ကတော့ ကြောက်မက်ဖွယ် ပါပဲ ”

” ကျွန်တော်တို့ ပိုကောင်းခဲ့ကြ ပါတယ် ။ ဒါပေမယ့် သူတို့တွေဟာ အခွင့်အရေး တစ်ကြိမ် ရတာနဲ့ နောက်တစ်ဂိုး သွင်းယူ နိုင်ခဲ့ကြပြန် ပါတယ် ။ သုံးဂိုး ပေးလိုက်ရတာက တစ်ကယ်ပဲ ခက်ခဲ သွားစေခဲ့ ပါတယ် ။ ဒါပေမယ့် သူတို့ ( ကစားသမား ) တွေက အရာရာ ပေးဆပ်ပြီး ဆက်လက် ကစားခဲ့ကြ ပါတယ် ”

” သူတို့တွေဟာ ကောင်းမွန်တဲ့ စရိုက် လက္ခဏာ ၊ အားစိုက်ထုတ်မှု တွေနဲ့ အမှား မရှိအောင် ကစားခဲ့ကြ ပါတယ် ။ ကျွန်တော် တို့ဟာ တတိယဂိုး ရဖို့ နီးစပ်ခဲ့ကြပါသေးတယ် ။ အကယ်လို့ အဲ့တာကိုသာ လုပ်နိုင်ခဲ့မယ် ဆိုရင် ဒါဟာ ပြိုင်ဖက်ကောင်း လက်ပ်ဇစ် ဆီက ကောင်းမွန်လွန်းတဲ့ ရလဒ် တစ်ခု ဖြစ်သွားနိုင်ခဲ့မှာပါ ”

” ကျွန်တော်တို့ လုံလောက်စွာ ကောင်းခဲ့တယ်လို့ ပြောလို့ မရနိုင်ပါဘူး ။ ကျွန်တော်တို့ လုံလုံလောက်လောက် မကောင်းနိုင်ခဲ့ကြ ပါဘူး ။ ကျွန်တော် တို့ဟာ ခက်ခဲတဲ့ အုပ်စု တစ်ခုထဲ ကျရောက်ပြီး အစကောင်းခဲ့ကြ ပါတယ် ။ ဒါပေမယ့် အစ္စတန်ဘူလ် နဲ့ အဝေးကွင်း ရလဒ်က အလှည့်အပြောင်း ဖြစ်သွားစေခဲ့ ပါတယ် ။ အဲ့ဒီမှာ ကျွန်တော်တို့ အမှတ် ဆုံးရှုံးခဲ့ကြ ပါတယ် ။ ကျွန်တော်တို့ အမှတ် ရခဲ့သင့်တာပါ ”

” ဒီနေ့တော့ ကျွန်တော်တို့ ဖြတ်တင်ဘော တွေကို ဟန့်တား နိုင်ဖို့ လိုအပ်ခဲ့ ပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ မလုပ်ဆောင် နိုင်ခဲ့ကြ ပါဘူး ။ ဒီညအတွက်တော့ ကျွန်တော်တို့ ကိုယ်တိုင် ဝမ်းနည်းမိကြ ပါတယ် ။ ဒါပေမယ့် အခုအချိန်မှာတော့ မန်စီးတီး နဲ့ ကစားရမယ့် ပွဲစဉ် အပေါ်ပဲ အာရုံစိုက်ဖို့ လိုအပ် နေပါပြီ ” လို့ ဆိုးလ်ရှား က ဝန်ခံ စကား ပြောကြား သွားခဲ့လိုက် ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular