ဒဏ်ရာကြောင့် အနားယူနေရသည့် အေစီမီလန်တိုက်စစ်မှူး အီဘရာဟီမိုဗစ်သည် နှင်းတောထဲလေ့ကျင့်နေသော ဗီဒီယိုဖိုင်ကို ဖော်ပြ၍ အမြန်ဆုံးပြန်လည်ကစားနိုင်ရန် ပြင်ဆင်နေကြောင်း ပရိသတ်များကို အသိပေးခဲ့သည်။
အီဘရာဟီမိုဗစ်သည် နှင်းတောထဲလေ့ကျင့်နေသည့် ဗီဒီယိုဖိုင်နှင့်အတူ ”ကျွန်တော့်ကိုရပ်တန့်အောင် လုပ်ပြစမ်းပါ”ဟု အဓိပ္ပာယ်ရသည့် စာသားကိုလည်း ရေးသားခဲ့သည်။
Try to stop me pic.twitter.com/3yocVv8tIN
— Zlatan Ibrahimović (@Ibra_official) December 6, 2020
ပြီးခဲ့သည့် နိုဝင်ဘာလ (၂၂)ရက်၌ ကစားခဲ့သော နာပိုလီအသင်းနှင့်ပွဲတွင် အီဘရာဟီမိုဗစ် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
လက်ရှိရာသီတွင် အီဘရာဟီမိုဗစ်သည် အေစီမီလန်အသင်းအတွက် စီးရီးအေပွဲစဉ် (၆)ပွဲကစားထား ပြီး (၁၀)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု (၁)ကြိမ် ပြုလုပ်ထားသည်။
အီဘရာဟီမိုဗစ်က လက်ရှိရာသီမစတင်မီတွင် အနားယူရန် စိတ်ကူးခဲ့သော်လည်း အောင်မြင်မှုများ ထပ်မံရယူလိုသဖြင့် အနားမယူခဲ့ခြင်းဟု ဆိုခဲ့သည်။