လီဗာပူးလ် ၄-၀ ဝုလ်ဗ်
ဒဏ်ရာပြဿနာတွေကို ဖြတ်သန်းခဲ့တဲ့ ကာလတစ်လျှောက်လုံး အမှတ်တွေရသလောက် စုဆောင်းပြီး အမှတ်ပေးဇယားထိပ်ပိုင်းမှာ ရပ်တည်နိုင်ခဲ့ခြင်းအတွက် လီဗာပူးလ်က ချီးကျူးဂုဏ်ပြုမှုတွေနဲ့ ထိုက်တန်ပါတယ်။ ဒီလောက်ကြီးမားတဲ့ ပြဿနာတွေနဲ့ ကြုံတွေ့နေရပေမဲ့ ရှိတဲ့လူနဲ့ပဲ ချန်ပီယံလိဂ်မှာရော၊ ပရီးမီးယားလိဂ်မှာပါ ဟန်ချက်ညီညီ ဖြတ်သန်းသွားခဲ့တယ်။ ဒီပွဲမှာလည်း ဝုလ်ဗ်လို မာကျောတဲ့အသင်းတစ်သင်းကို အကောင်းဆုံးပုံစံနဲ့ ကျော်ဖြတ်ပြနိုင်ခဲ့တယ်။
ကွင်းလယ်က ဟန်ဒါဆန်၊ ဝိုင်နယ်လ်ဒမ်းတို့ရဲ့လုပ်အားနှုန်းက ဒီလိုအချိန်တွေမှာ ပိုသိသာပြီး၊ တိုက်စစ်ပိုင်းက ကစားသမားတွေကလည်း လိုအပ်တဲ့အချိန်မှာ သွင်းဂိုးတွေနဲ့ အသင်းကို ကူညီနိုင်ခဲ့တယ်။ ဟီမင်နက်ဇ်မပါတဲ့ ဝုလ်ဗ်အသင်းကတော့ အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပေမဲ့ အဆုံးသတ်မယ့်သူ မရှိခဲ့ဘူး။ ဒါကြောင့် ခြေမကွာခဲ့တဲ့အနေအထားကနေ လီဗာပူးလ်ရဲ့သွင်းဂိုးတွေကို ထိုင်ကြည့်ရင်း ပြိုလဲသွားခဲ့တယ်။ ပထမပိုင်းမှာ လီဗာပူးလ်က ဆာလာရဲ့ သွင်းဂိုးတစ်ဂိုးနဲ့သာ ဦးဆောင်ခဲ့ပေမဲ့ ဒုတိယပိုင်းမှာတော့ ဂိုးတွေ ထပ်သွင်းခဲ့တယ်။
လီဗာပူးလ်အတွက် ကျေနပ်စရာကောင်းခဲ့တာက မတ်လနောက်ပိုင်း ကွင်းထဲမှာ You’ll will never walk alone အသံတွေ ဆူညံနေခြင်းနဲ့ ကာလအတန်ကြာအနားယူနေရတဲ့ အာနိုုးလ် ပြန်ကစားလာနို်င်ခြင်းတို့ဖြစ်တယ်။ လီ ဗာပူးလ်အတွက် ဂိုးတွေကို (၂၄)မိနစ်မှာ ဆာလာ၊ (၅၈)မိနစ်မှာ လှပတဲ့ အဝေးကန်ချက်နဲ့ ၀ိုင်နယ်လ်ဒမ်း၊ (၆၇)မိနစ်မှာ မိုဆာလာရဲ့ဖြတ်တင်ဘောကနေ မာတစ်နဲ့ (၇၈)မိနစ်မှာ ဆယ်မီဒိုက Own Goal သွင်းယူခဲ့တာဖြစ်တယ်။