ဒီတစ်ပတ် တနင်္ဂနွေနေ့ မှာတော့ တော့တင်ဟမ် နဲ့ အာဆင်နယ် တို့ရဲ့ လန်ဒန်ဒါဘီ ပွဲကြီးပွဲကောင်း ရှိနေပြီး ဒါဟာ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး ပွဲစဉ် တစ်ပွဲ ဖြစ်ပါတယ်။ မော်ရင်ညိုရဲ့ အသင်းဟာ ပုံစံကောင်းမှာ ရှိနေပြီး လက်ရှိမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည် နေပါတယ်။ သူတို့ရဲ့ လန်ဒန် မြို့ခံပြိုင်ဘက် ကတော့ ဂိုးတွေ သွင်းယူနိုင်ဖို့ ရုန်းကန် နေရပါတယ်။ ဒါပေမယ့် ဒီလို ပွဲစဉ်မျိုးမှာ ပြီးခဲ့တဲ့ form တွေဟာ သိပ်ပြီး အရေးပါလေ့ မရှိပါဘူး။ ဘာဘာတော့ဖ်က ထုံးစံအတိုင်းပဲ ဒီတစ်ပတ် ပွဲစဉ်တွေ အတွက် ခန့်မှန်းမှုတွေ လုပ်ပေး ခဲ့ပါတယ်။
၁~မန်စီးတီး vs ဖူဟမ္
ကျွန်တော့်ရဲ့ အသင်းဟောင်း ဖူဟမ်ဟာ လက်စတာ နဲ့ပွဲစဉ်မှာ ကစားပုံ တအား ကောင်းခဲ့ပြီး နိုင်ပွဲ ရယူနိုင်ခဲ့ကာ အားလုံးကို အံ့အားသင့်စေ ခဲ့ပါတယ်။ ဒါပေမယ့် စီးတီးဟာ ဖူဟမ် အတွက် တအားကို ကောင်းလွန်း နေတဲ့ အသင်း ဖြစ်ပါတယ်။ ပက်ဂွာဒီယိုလာ ရဲ့ အသင်းပဲ သက်တောင့်သက်သာ နိုင်ပွဲ ရယူ သွားနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။
ခန့်မှန်းချက် း ၃-၀
၂~ဝက်ဟမ်း vs မန်ယူနိုက်တက်
သရဲနီ တို့ဟာ လာမည့် အင်္ဂါနေ့မှာ ရက်ဘူးလိုက်ပ်ဇစ် အသင်းနဲ့ အရေးကြီး ချန်ပီယံလိဂ် ပွဲစဉ်ကို ကစား သွားရမှာ ဖြစ်ပြီး ဒါဟာ နောက်တဆင့်ကို တက်ရောက်နိုင်ဖို့ အတွက် အဆုံးအဖြတ် ဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ပိုင်းကို တက်ရောက် နိုင်ဖို့ လိုအပ်နေတာကြောင့် သူတို့ အနေနဲ့ အဓိက ကစားသမားတွေကို အနားပေးဖို့ မဖြစ်နိုင် ပါဘူး။ စုစည်းမှုကောင်းမွန်လှတဲ့ ဝက်ဟမ်းနဲ့ ပွဲစဉ် ဖြစ်နေတာကြောင့် ဒါဟာ အကြိတ်အနယ် ဖြစ်မယ့် ပွဲစဉ် တစ်ပွဲ ဖြစ်လာပါလိမ့်မယ်။
ခန့်မှန်းချက် း ၁-၁
၃~ချဲလ်ဆီး vs လိဒ်
ချဲလ်ဆီးဟာ အရှိန်အဟုန်ကောင်း ရနေပြီး ဖရန့်လမ်းပတ်ဟာ အကောင်းဆုံး လုပ်ပြ နေပါတယ်။ လိဒ်ယူနိုက်တက်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်မှာ အဲဗာတန်ကို အနိုင်ယူကာ အရေးကြီး နိုင်ပွဲ တစ်ပွဲ ရယူနိုင် ခဲ့ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးကို စတန်းဖို့ဘရစ်ချ်မှာ ရင်ဆိုင် ရမယ့် ပွဲစဉ် ကတော့ ဘီယယ်ဆာရဲ့ အသင်း အတွက် အရမ်း strong ဖြစ်လွန်း ပါတယ်။
ခန့်မှန်းချက် း ၂-၁
၄~တော့တင်ဟမ် vs အာဆင်နယ်
ကျွန်တော် ကတော့ ဒီပွဲစဉ် အတွက် ကိုယ့်ရဲ့ အသင်းဟောင်းကိုပဲ ထောက်ခံ ပါတယ်။ စပါးတို့ အနိုင် ၃ မှတ် ရတာကို ကျွန်တော် မြင်ချင်ရုံတင် မကပါဘူး။ မော်ရင်ညိုရဲ့ အသင်းဟာ အကောင်းဆုံး ကစားနေပြီး ရလဒ်ကောင်းတွေ ရယူ နေလို့ ဖြစ်ပါတယ်။ ကျွန်တော် ကတော့ စပါးဟာ မြောက်လန်ဒန်ဒါဘီမှာ နိုင်ပွဲ ရယူပြီး သူတို့ရဲ့ အရမ်း ကောင်းတဲ့ နှစ်ကို ဆက်လက် တည်ရှိအောင် လုပ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။
ခန့်မှန်းချက် း ၂-၀
၅~လီဗာပူး vs ဝုဖ်
ဝုဖ်ဟာ ဒီအချိန် ပြန်လည် ခြေတွေ့ လာခဲ့ပြီး နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်မှာ အာဆင်နယ်ကို အမ်းမရိတ်မှာ အနိုင် ရရှိထားခဲ့ပါတယ်။ နူနိုဆန်တိုရဲ့ အသင်းဟာ ဒီရာသီ top 6 ဒါမှမဟုတ် top 4 ထဲကို ဝင်ရောက် နိုင်စွမ်း ရှိနေ ပါတယ်။ ဒါပေမယ့် အန်ဖီးမှာ လီဗာပူး ဟာ ဝုဖ် အတွက် အရမ်းကို တောင့်တင်း လွန်းနေ ပါတယ်။ ဒီအတွက်ကြောင့် အိမ်ရှင် တို့ရဲ့ နိုင်ပွဲက လွဲပြီး ကျွန်တော် ဘာကိုမှ မမြင်မိ ပါဘူး။
ခန့်မှန်းချက် း ၃-၁
အခြား ပွဲစဉ်များ
ဘန်လေ ၂-၁ အဲဗာတန်
ဝက်ဘရွမ်း ၁-၁ ခရစ်စတယ်ပဲလေ့စ်
ရှက်ဖီးယူနိုက်တက် ၁-၀ လက်စတာ
ဘရိုက်တန် ၁-၁ ဆောက်သမ်တန်