spot_img

အချက် ၂ ခုကို သဘောတူရင် UFC ကြိုးဝိုင်းထဲ ကို ပြန်လာမယ့် ခါဘစ်

ပြီးခဲ့တဲ့ အောက်တိုဘာ လ တုန်းက ဂျပ်စတင် ဂတ်ဂျေး ကို အနိုင်ယူ ထိုးသတ်ပြီး ၂၉ ပွဲမှာ ၂၉ ပွဲ အနိုင် စံချိန် နဲ့ အတူ UFC ဖိုက်တာ ဘ၀ ကို စွန့်လွှတ် အနားယူ လိုက်တဲ့ ချန်ပီယံ ခါဘစ် နူမာဂိုမီဒေါ့ က သူ ဟာ ကြိုးဝိုင်း ထဲ ကို တစ်ခေါက် ပြန်ဝင် လာဖို့ အခြေအနေ ရှိလာ နိုင်တယ်လို့ ဖွင့်ဟ ပြောဆို လာခဲ့ ပါတယ် ။ ဒီစကားကို UFC ဥက္ကဌ ဒါနာဝှိုက် နဲ့ တွေ့ဆုံဖို့ စီစဉ် ထားမှု မတိုင်ခင် ပြောဆို ခဲ့တာ ဖြစ်ပြီး ခါဘစ် က သူ့အတွက် ထိုးသတ်ကြေး ကိုပါ ဖွင့်ဟ ပြောဆို သွားခဲ့ ပါတယ် ။

ခါဘစ် ဟာ UFC ကစား သမား ဘ၀ မှာ ၂၉ ပွဲ ယှဉ်ပြိုင် ထိုးသတ် ခဲ့ပြီး ၂၉ ပွဲ စလုံးကို အနိုင် ရရှိ ခဲ့ ပါတယ် ။ ကိုရိုနာ ဗိုင်းရပ်စ် ကာလ အတွင်း ဖခင် ဖြစ်သူ ကွယ်လွန် သွား အပြီး မှာတော့ ခါဘစ် ဟာ UFC ကစား သမား ဘ၀ ကို အနားယူဖို့ ဆုံးဖြတ်ခဲ့ကာ ဂတ်ဂျေး နဲ့ ပွဲ အပြီးမှာတော့ အနားယူ ကြောင်း ကြေညာ သွားခဲ့ ပါတယ် ။

myan789

ဒါပေမယ့် ခါဘစ် က ဒါနာဝှိုက် အနေနဲ့ သူ့ကို ထိုးသတ်ကြေး ဒေါ်လာ သန်း ၁၀၀ ( ပေါင် 75 သန်း ) ပေးမယ် ဆိုပါက အကြိမ် ၃၀ မြောက် နိုင်ပွဲ အတွက် အခွင့်အရေး ကို ငြင်းပယ်ဖို့ ခက်ခဲ ပါလိမ့်မယ် လို့ ဖြေကြား သွားခဲ့ ပါတယ် ။

“ကိုယ်က နားဖို့ ဆုံးဖြတ်ပြီးပြီ ဆိုတော့ တကယ် နားနေ ပါပြီ ။ ဒါပေမယ့် ဒါနာဝှိုက် က ကျွန်တော့ကို ပိုက်ဆံ လာပေး ရင်တော့ တစ်မျိုး ဖြစ်ချင် ဖြစ်သွား နိုင်ပါတယ် ။ ဥပမာ ပြောရရင် ဒေါ်လာ သန်း ၁၀၀ လောက်ပေါ့ ။ ဒါဆိုရင် ဆုံးဖြတ်ချက် ချဖို့ ခက်ခဲ သွားလောက် ပါတယ်”

“အခု သူ ( ဒါနာဝှိုက် ) ဘာတွေတွေး နေလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့် သွားမှာပါ ။ ဒီ ကြိုးဝိုင်းတွေ ၊ ဖိုက်တင်ပွဲတွေ က ကျွန်တော့ နောက်ကို နောက်ဆုံး အချိန်အထိ အရိပ်တစ်ခု လို လိုက်နေ ဦးမှာ ကတော့ သေချာပါတယ်” လို့ ခါဘစ် က စပိန် အားကစား သတင်းစာ Marca ကို ပြောဆို သွားခဲ့ ပါတယ် ။

UFC ပရိသတ်တွေ ကတော့ ခါဘစ် နဲ့ ကော်နာ မက်ဂရီဂေါ် တို့ကို မကြေပွဲ ပြန်လည် ထိုးသတ်ဖို့ ဆန္ဒ ရှိနေကြ ပါတယ် ။ သူတို့ ၂ ယောက်ဟာ ၂၀၁၈ အောက်တိုဘာ တုန်းက ရင်ဆိုင် ခဲ့ကြပြီး ခါဘစ် က အနိုင် ရခဲ့ ပါတယ် ။ ပွဲ အပြီးမှာ ပြဿနာတွေ ဖြစ်ခဲ့ ကြပြီး အခုချိန် အထိ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု ကို ရရှိ ထားခဲ့ ပါတယ် ။

ဒါပေမယ့် ခါဘစ် က သူ ဟာ ကြိုးဝိုင်း ထဲ ကို နောက်တစ်ခေါက် ပြန်ဝင် ဖြစ်ခဲ့ ပါကလည်း ကော်နာ မက်ဂရီဂေါ် နဲ့ ထိုးသတ် မှာ မဟုတ်ဘူးလို့ ပြောဆို ခဲ့သလို ကော်နာ ဟာ သူနဲ့ ထိုးရ လောက်တဲ့ အဆင့်မဟုတ်ဘူး လို့လည်း ခါဘစ် က ပြောဆို ခနဲ့ သွားခဲ့ ပါတယ် ။

ကြိုးဝိုင်းထဲ ပြန်ဝင် ဖြစ်ပါက ကော်နာ မက်ဂရီဂေါ် ၊ ဒပ်စတင် ပီရီယာ တို့နဲ့ ထိုးသတ်ဖြစ် မလား ဆိုတဲ့ မေးခွန်း ကို ခါဘစ် က “စိတ် မဝင်စား ပါဘူး ။ ၂ ယောက် စလုံးကို အေးဆေး နိုင်ပါတယ်” လို့ ဖြေကြား ခဲ့ ပါတယ် ။ ဆက်လက်ပြီး ခါဘစ် က သူ့ရဲ့ မူလ အစီအစဉ် ဟာ အနားယူဖို့ ဖြစ်ပြီး အဆိုပါ ကိစ္စ ကို သာ အဓိက ထား စဉ်းစား သွားမှာ ဖြစ်တယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular