spot_img

လီဗာပူး အတွက် ပြန်ကစားပေးနိုင်ချေ ရှိတဲ့ အကြောင်းအရာတွေကို ငြင်းဆန်ခြင်း မရှိခဲ့တဲ့ ကော်တင်ဟို

ကော်တင်ဟို ဆိုတဲ့ နာမည်တစ်ခုကို ကမ္ဘာ့ဘောလုံး စင်မြင့်ထက်ဆီ လွှင့်တင်ပေးခဲ့တဲ့ အသင်းက လီဗာပူး ဖြစ်ပါတယ်။ အင်တာမီလန် မှာ အောင်မြင်ခြင်း မရှိခဲ့တဲ့ သူ့ကို ၊ ဘရန်ဒန် ရော်ဂျာ က ခေါ်ယူလိုက်ပြီး ၊ ထိပ်တန်း ကွင်းလယ် ဖန်တီးရှင် တစ်ယောက် ဖြစ်အောင် ပြုစု ပျိုးထောင်ပေးခဲ့တာပါ။

သို့သော် ကမ္ဘာ့အဆင့်မီ ခြေစွမ်းမျိုးတွေကိုတော့ ယာဂန် ကေလာ့ပ်ရဲ့ လက်ထက်ရောက်မှ တည်တည်ငြိမ်ငြိမ် နဲ့ ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကော်တင်ဟို ဟာ လီဗာပူး ကစားသမားဘဝမှာ ဖလား တစ်လုံးမှ ဆွတ်ခူးပေးနိုင်ခဲ့ခြင်း မရှိပေမယ့် ၊ ပရိသတ်တွေ ရဲ့ အချစ်တော် ကစားသမား တစ်ယောက် အဖြစ် ခိုင်ခိုင်မာမာ ရပ်တည်သွားနိုင်ခဲ့ပါတယ်။

myan789

ကာယကံရှင် ကိုယ်တိုင်ကလဲ လီဗာပူး အတွက် ကစားပေးခွင့် ရခဲ့တဲ့ အခိုက်အတန့်တိုင်းကို တန်ဖိုးထားသွားမယ်လို့ ဆိုလိုက်ပြီး ၊ အနာဂတ်မှာ အန်ဖီးဆီ ပြောင်းလည်ပြောင်းရွှေ့ နိုင်ချေ ရှိတဲ့ အကြောင်းကိုလဲ ငြင်းဆန်ခဲ့ခြင်း မရှိပါဘူး။

World Soccer နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ သူက “ ပရီးမီးယား လိဂ် ဟာ ကမ္ဘာပေါ်က စိတ်လှုပ်ရှားစရာ အကောင်းဆုံး ပြိုင်ပွဲတွေ ထဲက တစ်ခု ဖြစ်ပါတယ်။ အဲဒီလို နေရာမှာ လီဗာပူးလို အသင်းမျိုး နဲ့ ကစားခွင့်ရခဲ့တာတွေကို ၊ မြတ်မြတ်နိုးနိုး နဲ့ ထာဝရ သိမ်းဆည်းသွားမှာပါ။

လီဗာပူး အတွက် ပြန်ကစားပေးနိုင်လား ဆိုတာတေ့ာ မသိပါဘူး။ ဘောလုံးမှာ ဘာတွေ ဆက်ဖြစ်လာနိုင်တယ် ဆိုတာ ကြိုပြောထားလို့ မရဘူးလေ။ လောလောဆယ် ကျနော့် စိတ်ထဲမှာတော့ ဘာစီလိုနာ နဲ့ အတူ အောင်မြင်မှုတွေ ရယူသွားဖို့ ပစ်မှတ်ထားနေပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

ကော်တင်ဟို ဟာ ဘာစီလိုနာ နည်းပြဟောင်းတွေ ဖြစ်တဲ့ ဗယ်ဗာဒီ ၊ ဆက်တီယန် တို့ရဲ့ လက်ထက်မှာတော့ ကစားခွင့် မရခဲ့လို့ ဝေဖန်မှု တစ်ချို့ နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ ဘိုင်ယန် မြူးနစ် အသင်းဆီကို တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့ ကစားခဲ့ပြီး ၊ ပြည်တွင်း ဖလား 2 လုံး အပြင် ၊ ချန်ပီယံလိဂ် ဖလားကြီးကိုပါ ထပ်မံ ဆွတ်ခူးနိုင်အောင် ကူညီပေးနိုင်ခဲ့ ပါတယ်။

“ ပြီးခဲ့တဲ့ ဘောလုံးရာသီ က ကျနော် ဟာ ဖလား 3 လုံး အထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဲဒီ အထဲမှာ ဘွန်ဒက်လီဂါ ဖလားကြီး နဲ့ ချန်ပီယံလိဂ် ဖလားတွေ ပါဝင်ထားတယ်လေ။ ဒါကြောင့်မို့ ကျနော့် ရဲ့ အငှားအပြောင်းအရွှေ့ဟာ အများကြီကို အောင်မြင်မှု ရခဲ့တယ်လို့ သတ်မှတ်လို့ ရပါတယ်။

ချန်ပီယံလိဂ် ဖလားကြီး ကို ကိုင်မြှောက်ဖို့ အတွက် ဆိုတာ ကျနော့် ရဲ့ အကြီးမားဆုံး ရည်မှန်းချက် တစ်ခုပါ။ ဒါကို ဘိုင်ယန် နဲ့ အတူ လုပ်ပြနိုင်ခဲ့တယ် ဆိုတော့ ပိုပြီးတော့ ခမ်းနားခဲ့တာပေါ့။ အခုတော့ ဘာစီလိုနာ နဲ့ နောက်တစ်ကြိမ် ဆွတ်ခူးနိုင်ဖို့ အတွက် ပစ်မှတ်ထားနေပါပြီ။

ဘိုင်ယန် မှာ ရှိခဲ့တဲ့ အချိန်တိုင်းကိုလဲ အမြဲတမ်း သတိရနေမှာပါ” လို့ ပြောဆိုသွားခဲ့ ပါတယ်။

ကော်တင်ဟို ဟာ နည်းပြသစ် ရော်နယ် ကိုးမန်း လက်ထက်မှာတော့ ခြေစွမ်းတွေ ဆက်တိုက် ပြန်လည် ပြသလျှက် ရှိနေပြီး ၊ ပွဲထွက် ကစားသမား နေရာကိုလဲ ခိုင်ခိုင်မာမာ ရယူထားပါတယ်။

ပေါင်ဒဏ်ရာကြောင့် 4 ပွဲ အထိ လွဲချော်ခဲ့ပေမယ့် ၊ ဒိုင်နမိုကိဗ် နဲ့ ပွဲမှာ ပြန်လည် ပါဝင် ကစားပေးနိုင်ခဲ့သလို ၊ မနေ့ညက အိုဆာစူနာ နဲ့ ပွဲမှာ ဆိုရင် သွင်းဂိုး တစ်ဂိုးတောင် ရယူပေးနိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေ အတွင်းမှာတုန်းကတော့ သူ့ရဲ့ အနာဂတ် ဟာ တော်တော်လေးကို ဝေေ၀ဝါးဝါး ဖြစ်ခဲ့တာပါ။ အာဆင်နယ် က ခေါ်ယူချင်တဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးသလို ၊ လီဗာပူး က ပြန်ခေါ်ဖို့ အတွက် စဉ်းစားနေတယ်လို့တောင် သတင်းတွေ ကျယ်လောင်ခဲ့ဖူးပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular