spot_img

စပိန်လာလီဂါပွဲစဉ် (၁၁) ပွဲကြိုသုံးသပ်ချက်

ဘာစီလိုနာ – အိုဆာဆူနာ (တနင်္ဂနွေည ရး၃၀ နာရီ)
ဘာစီလိုနာရပ်ဝန်းမှာ မိုးတွေ ညှို့နေတယ်။ ကွင်းတွင်း ကွင်းပြင် ပြဿနာတွေနဲ့အတူ ဘာစီလိုနာ အခြေအနေသိပ်မ လှဘူး။ အသင်းကလည်း အခြေအနေဆိုးတစ်ခုကို ကျော်ဖြတ် နေရချိန်မှာ ဒဏ်ရာပြဿနာတွေကပါ နှိပ်စက်လာလို့ ဘာစီလို နာရဲ့ ကျဉ်းထဲကျပ်ထဲအခြေအနေလို့တောင် ပြောနိုင်တယ်။ အခုရင်ဆိုင်ရမဲ့ အိုဆာဆူနာက ဘာစီလိုနာ ပြီးခဲ့တဲ့ရာသီမှာ (၂)ကျော့စလုံး အနိုင်မရတဲ့အသင်းပါ။ အိုဆာဆူနာရဲ့ လက်ရှိ ခြေစွမ်းက အားရစရာမရှိပေမဲ့ ဘာစီလိုနာကိုယ်တိုင်ကလည်း ပုံစံကောင်းမရှိချိန်ဆိုတော့ ဒီပွဲလည်း ခက်ခက်ခဲခဲကစားရမှာ သေချာတယ်။ အထူးသဖြင့် ခံစစ်ပိုင်းမှာ ပီကေး၊ ဆာဂျီရော ဘတ်တို၊ အမ်တီတီတို့ ဒဏ်ရာကြောင့် ကာလရှည်အနားယူရ ဖို့ရှိနေတာက ကိုးမန်းအတွက် ခံစစ်ပိုင်း ခေါင်းစားစရာဖြစ်လာ တယ်။ တိုက်စစ်ကလည်း အိုဆာဆူနာသာ ခံစစ်ပိတ်ကစားရင် ဂိုးရဖို့ ရုန်းကန်ရဦးမယ်ထင်တယ်။ ဒါပေမဲ့ မဖြစ်မနေအနိုင်ကစား ရဖို့လိုနေတဲ့ ဘာစီလိုနာနဲ့ ဂိုးအများကိုပဲ ရွေးထားချင်တယ်။

ဂီတာဖေး – ဘီလ်ဘာအို (တနင်္ဂနွေည ၉း၄၅ နာရီ)
ဒီရာသီ ဂီတာဖေးကို အခက်တွေ့နေစေတာက တိုက်စစ် က ပုံမှန်ဂိုးသွင်းနှုန်းမရှိတာပဲဖြစ်တယ်။ ဒါ့အပြင် နောက်ဆုံးက စားထားတဲ့ အိမ်ကွင်း (၂)ပွဲဆက် အရှုံးပေါ်ထားတာကလည်း ဘီလ်ဘာအိုလိုအသင်းကို ရင်ဆိုင်ရာမှာ ဂီတာဖေးဘက်က အားနည်းမှုလိုဖြစ်နေနိုင်တယ်။ ဒါပေမဲ့ ဘီလ်ဘာအိုရဲ့ ဒီရာသီ အဝေးကွင်းခြေစွမ်း သိပ်မစွံလှတာ၊ အဝေးကွင်းတိုက်စစ် အား နည်းလွန်းနေတတ်တာတွေက ဂီတာဖေးအတွက် အခွင့်အရေး ပြန်ပေးထားသလိုဖြစ်နေတယ်။ ဂီတာဖေးနဲ့ ဂိုးအနည်းပါပဲ။

myan789

ဆယ်လ်တာဗီဂို – ဂရန်နာဒါ (တနင်္ဂနွေည ၁၂း၀၀ နာရီ)
ဥရောပပွဲတွေရှိနေချိန်မှာ ဂရန်နာဒါရဲ့လာလီဂါခြေစွမ်းကို သိပ်မျှော်လင့်ထားလို့မရဘူး။ ဆယ်လ်တာဗီဂိုကလည်း ဇယား အောက်ဆုံးရောက်နေပြီဖြစ်လို့ အိမ်ကွင်းမှာ နိုင်ပွဲတွေနဲ့ အမှတ် ပြန်ရှာရမယ့်အချိန်ဖြစ်နေပါပြီ။ ဆယ်လ်တာဗီဂိုပဲ ကြိုက်တယ်။

ဆိုစီဒက် – ဗီလာရီးယဲလ် (တနင်္လာနံနက် ၂း၃၀ နာရီ)
ဒီပွဲကတော့ ပြိုင်ဆိုင်မှုအား အတော်လေးကောင်းမှာ သေချာတယ်။ လက်ရှိမှာ နှစ်သင်းစလုံးက လာလီဂါဘက်မှာ ခြေစွမ်းပိုင်းတည်ငြိမ်မှု ပြနေကြတယ်။ တစ်ပွဲစီသာရှုံးထားသေးပြီး ဆိုစီဒက်ဆိုရင် အောက်တိုဘာလကစလို့ လာလီဂါ (၆)ပွဲဆက် နိုင်ပွဲရတဲ့အထိ ခြေစွမ်းပိုင်းတည်ငြိမ်နေတယ်။ ဗီလာရီးယဲလ် ကတော့ ဆိုစီဒက်လောက် နိုင်ပွဲမဆက်နိုင်ပေမဲ့လည်း အသင်း က ရှုံးပွဲမကြုံအောင် ကောင်းကောင်းထိန်းကစားနိုင်နေပြီး နောက်ဆုံးကစားထားတဲ့ပွဲမှာ ရီးယဲလ်မက်ဒရစ်ကိုလည်း သ ရေ ကစားပြထားတယ်။ ဒါ့အပြင် ဆိုစီဒက်ကွင်းမှာ နောက်ဆုံး ကစားခဲ့တဲ့ (၂)ပွဲစလုံးကိုလည်းအနိုင်ရထားခဲ့တာက အခု ဆိုစီဒက်ကို ရင်ဆိုင်ဖို့ ဗီလာရီးယဲလ်မှာ ယုံကြည်မှုခွန်အား အပြည့်ရှိနေမှာလည်း သေချာတယ်။ လက်ရှိမှာ ဆိုစီဒက်ရဲ့ တိုက်စစ်စုဖွဲ့မှုက အားရစရာကောင်းပေမဲ့ ဗီလာရီးယဲလ်က လည်း လိုအပ်လာရင် ဂိုးရအောင် ညှစ်ကစားနိုင်တဲ့အသင်းဖြစ် တယ်။ ဒါကြောင့် ဒီပွဲက ဆိုစီဒက်အိမ်ရှင်ဆိုပေမဲ့ စိတ်ကြိုက်က စားဖု့ိ မလွယ်ပါဘူး။ ဗီလာရီးယဲလ်နဲ့ ဂိုးအများကိုပဲ ကြိုက်တယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular