spot_img

စိန့်ဂျိမ်းစ်ပတ်ခ်မှာ နိုင်ပွဲရယူပြီး အဆင့် (၁)နေရာကို ယာယီတက်လှမ်းနိုင်ခဲ့တဲ့ ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းရဲ့ လက်ရှိရလဒ်ပိုင်းနဲ့ ခြေစွမ်းက ချန်ပီယံပြေးလမ်းထဲကို မဖြစ်မနေထည့်သွင်းရတော့မယ့် စွမ်းဆောင်ရည်ပါ။ ရလဒ်တွေဆက်တိုက်ကောင်းမွန်လာတာနဲ့အမျှ ချယ်လ်ဆီးအသင်းရဲ့ ကစားအားနဲ့ ကစားပုံက ယုံကြည်မှုရှိတဲ့ပုံစံကိုတဖြည်းဖြည်းပြလာတယ်။ ပြိုင်ဘက်ကိုအသာစီးယူပြီးကစားလာနိုင်တယ်။ အချိန်တန်ရင်ဂိုးသွင်းနိုင်ရမယ်ဆိုတဲ့ ယုံကြည်မှုမျိုးကိုတွေ့နေရတယ်။

ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ် (၉)မှာလည်း ချယ်လ်ဆီးအသင်းဟာ နယူးကာဆယ်အသင်းကို စိန့်ဂျိမ်းစ်ပတ်ခ်မှာ (၂-ဝ)ဂိုးနဲ့အနိုင်ယူပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ယာယီတက်လှမ်းနိုင်ခဲ့တယ်။ ဒီနိုင်ပွဲဟာ ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံနောက်ဆုံး (၉)ပွဲဆက်ရှုံးပွဲမရှိရလဒ်ဖြစ်ခဲ့သလို၊ ပြိုင်ပွဲစုံနောက်ဆုံး (၅)ပွဲဆက်အနိုင်ရတာလည်းဖြစ်ခဲ့တယ်။

myan789

လမ်းပတ်လက်ထက်မှာ စိုးရိမ်ရေမှတ်ကိုရောက်နေတဲ့ ချယ်လ်ဆီးခံစစ်ပိုင်းကလည်း ပြိုင်ပွဲစုံနောက်ဆုံး (၉)ပွဲမှာ ဂိုးမပေးရတဲ့ပွဲ (၇)ပွဲအထိရှိခဲ့တယ်။ (၄)ဂိုးပဲခွင့်ပြုခဲ့ရတယ်။ ဒါဟာ ချယ်လ်ဆီးအသင်းအတွက်ထောင့်ပေါင်းစုံက အပြုသဘောဆောင်မှုပါပဲ။

ရာသီအစပိုင်းကာလတွေမှာ ဝေဖန်မှုတွေခံနေရတဲ့ ဇူးမား၊ မေဆန်မောင့်၊ အေဘရာဟမ်တို့လိုကစားသမားတွေရဲ့ ကောင်းမွန်တဲ့ပုံစံကို တောက်လျှောက်မြင်တွေ့ခဲ့ရတာက လမ်းပတ်အတွက်ကျေနပ်စရာဖြစ်ခဲ့သလို၊ ပွဲဆက်တွေ၊ ပွဲကျပ်တွေနဲ့ ချယ်လ်ဆီးအသင်းအတွက်လည်း ကစားသမားစုဖွဲ့မှုနဲ့ပတ်သက်ပြီး ယုံကြည်မှုပိုစေပါလိမ့်မယ်။

ဗာနာ၊ ဇီယာ့ချ်၊ အေဘရာဟမ်တို့ရဲ့ တိုက်စစ်ပိုင်းချိတ်ဆက်မှုတွေ၊ မေဆန်မောင့်၊ ကိုဗာချစ်၊ ကွန်တေတို့ရဲ့ ကွင်းလယ်မောင်းနှင်အားတွေက နယူးကာဆယ်အသင်းကို လွယ်လွယ်ကူကူပဲစိုးမိုးနိုင်ခဲ့ပါတယ်။

ကြားရက်မှာနိုင်ငံတကာပွဲတွေဆက်တိုက်ကစားခဲ့ရပေမယ့် လမ်းပတ်ဟာအသင်းရဲ့အခင်းအကျင်းကို အကောင်းဆုံးစီမံနိုင်ခဲ့ပြီး ဒီလိုပွဲဆက်နေတဲ့အချိန်မျိုးမှာတော့ ဒါဟာ သေချာပေါက်အမှတ်ပေးရဲ့ စွမ်းဆောင်ရည်ပါပဲ။ ချယ်လ်ဆီးအသင်းရဲ့တောင့်တင်းတဲ့ကစားသမားစုဖွဲ့မှုကလည်း လမ်းပတ်အတွက် ရွေးချယ်စရာများစေခဲ့ပါတယ်။

နယူးကာဆယ်အသင်းကတော့ အိမ်ကွင်းမှာ အမှတ်ရဖို့အတွက် (၅)ယောက်တန်းခံစစ်အစုအဖွဲ့နဲ့ပြင်ဆင်လာခဲ့ပြီး ချယ်လ်ဆီးအသင်းရဲ့တိုက်စစ်ကိုထိန်းချုပ်ဖို့ကြိုးစားခဲ့တာပါ။

ဒါပေမဲ့ ပွဲစကတည်းက ကစားကွက်ဝင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းကပဲ ပွဲကိုစိုးမိုးနိုင်ခဲ့ပြီး ပထမပိုင်းမှာ ဗာနာ၊ အေဘရာဟမ်တို့အခွင့်အရေးတွေကိုအသုံးမချနိုင်ခဲ့လို့သာ နယူးကာဆယ်အသင်းသက်သာရာရခဲ့တာပါ။

ချယ်လ်ဆီးအသင်းအတွက်ဂိုးတွေကို ပွဲချိန် (၁၀)မိနစ်မှာ မေဆန်မောင့်ရဲ့ဖြတ်တင်မှုကိုတားဆီးရာကနေ နယူးကာဆယ်နောက်ခံလူ ဖက်ဒရီကိုဖာနန်ဒက်ဇ်က ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ပြီး၊ ဒုတိယဂိုးကိုတော့ ပွဲချိန် (၆၅)မိနစ်မှာ ဗာနာရဲ့လှပတဲ့ပေးပို့မှုကနေ အေဘရာဟမ်က သွင်းယူပေးခဲ့ပါတယ်။

ဒီပွဲရဲ့ပွဲချိန်အများစုကို ချယ်လ်ဆီးအသင်းကပဲစိုးမိုးခဲ့ပြီး၊ နယူးကာဆယ်အသင်းအနေနဲ့ ဒုတိယပိုင်းမှာ ဂိုးရနိုင်တဲ့အခွင့်အရေးတွေရှိခဲ့ပေမယ့် တိုက်စစ်ပိုင်းကအသုံးမချနိုင်ခဲ့သလို၊ ချယ်လ်ဆီးဂိုးသမားမန်ဒီလက်စွမ်းပြခဲ့တာကြောင့် ချေပဂိုးနဲ့ဝေးခဲ့ရတာပါ။

ပွဲအပြီးတော့ ချယ်လ်ဆီးအသင်းက အဝေးကွင်းမှာ (၂-ဝ)ဂိုးနဲ့အနိုင်ရခဲ့ပြီး စနေညအစောပိုင်းပွဲအပြီးမှာ အဆင့် (၁)နေရာကို ယာယီတက်လှမ်းနိုင်ခဲ့သလို၊ ချန်ပီယံခြေစွမ်းနဲ့အတူ ပြိုင်ဘက်တွေကို တပ်လှန့်နိုင်ခဲ့ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular