spot_img

အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာ မပြောတတ်သေးတဲ့ ကာဗာနီဟာ လူငယ်တွေကို ဘယ်လို ကူညီပေးနေသလဲဆိုတာ ဖွင့်ဟလိုက်တဲ့ ဆိုးလ်ရှား

လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ဂရင်းဝုဒ် (19 နှစ်) ၊ ဘရန်ဒန် ဝီလီယံ (20 နှစ်) နဲ့ အာရွန် ဝမ် ဘစ်ဆာကာ (22 နှစ်) တို့လို အသက် ငယ်ရွယ် သေးတဲ့ လူငယ် ကစားသမားတွေ အများကြီး ရှိနေကြတဲ့ အတွက် သရဲနီ တို့ဟာ လိဂ်ရဲ့ အသက် အငယ်ဆုံး လူငယ် ကစားသမား အင်အားစု တစ်ခုကို ပိုင်ဆိုင် နေတယ်လို့ ပြောလို့ ရပါတယ် ။

အခုတော့ ယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှားက Class 92 အသင်းကို အဲရစ် ကန်တိုနာက လမ်းညွှန် ကူညီပေးခဲ့သလို လက်ရှိ ယူနိုက်တက် အသင်းရဲ့ လူငယ် တွေကို အတွေ့အကြုံ ရင့်ကျက်တဲ့ အသက် 33 နှစ် အရွယ် တိုက်စစ်မှူး ကာဗာနီ က တစ်ဖက် တစ်လမ်း ကနေ ကူညီ ပေးနေ ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

myan789

ကာဗာနီဟာ အင်္ဂလန် မြေကို ရောက်လာတာ မကြာသေး ပါဘူး ။ ဒါ့ကြောင့် သူက အင်္ဂလိပ် စကားကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ပြောဆို နိုင်စွမ်း မရှိသေးပါဘူး ။ ဒါပေမယ့် သူဟာ အသက် 33 နှစ် ရှိနေတဲ့ ဝါရင့် တိုက်စစ်မှူး တစ်ဦး ဖြစ်နေတဲ့ အတွက် သူ့ရဲ့ အတွေ့အကြုံ တွေကို လေ့ကျင့်ရေး ကွင်းထဲ မျှဝေ ပေးနိုင်စွမ်း ရှိသူပဲ ဖြစ်ပါတယ် ။

” အီဒင်ဆန်ဟာ ဘောလုံး အားကစားမှာ ရရှိ နိုင်မယ့် အတွေ့အကြုံ စုံလင်စွာ ရှိနေ ပါတယ် ။ သူ့အတွက် အခက်အခဲ နဲ့ စိန်ခေါ်မှု တစ်ခု ကတော့ ဘရန်ဒန် ( ဝီလီယံ ) ၊ မေဆွန် ( ဂရင်းဝုဒ် ) တို့ကို အင်္ဂလိပ် ဘာသာ စကား နဲ့ ပြောဆို ညွှန်ပြ နိုင်ခြင်း မရှိသေးခြင်း ပါပဲ ”

” အီဒင်ဆန်ဟာ လက်ရှိ အချိန်မှာ အင်္ဂလိပ် ဘာသာ စကားကို ကျွမ်းကျွမ်းကျင်ကျင် မပြောဆို နိုင်သေး ပါဘူး ။ သူဟာ လေ့လာ နေသေးဆဲ ပါပဲ ။ ဒါပေမယ့် လူငယ် တွေက သူ့ရဲ့ ရည်မှန်းချက် ကြီးမားမှု ၊ ယုံကြည် နိုင်ဖွယ် ရှိအောင် အလုပ်တွေကို ကြိုးစားမှု တွေကို လေ့ကျင့်ရေး ကွင်းထဲမှာ နေ့စဉ် မြင်တွေ့ နိုင်ပါတယ် ”

” အသင်း အဖွဲ့ တစ်ခုမှာ ခင်ဗျား တို့ဟာ အတွေ့အကြုံ ရင့်ကျက်သူ နဲ့ လူငယ် ကစားသမား တွေကို သဟဇာတ ဖြစ်အောင် ပေါင်းထည့် ပေးနိုင်ဖို့ အထူး လိုအပ် ပါတယ် ။ လက်ရှိ အသင်းမှာ ဆိုရင် လူငယ်တွေကို လမ်းညွှန်ပေးဖို့ အတွက် ဟွမ်မာတာ ၊ နီမန်ဂျာ မာတစ် ၊ ဒေးဗစ် ဒီဂီယာ နဲ့ အီဒင်ဆန် တို့လို အသက် 30 ကျော် ဝါရင့် ကစားသမားတွေ ရှိနေကြ ပါတယ် ”

” ကျွန်တော်တို့ ဆီမှာ သူတို့လို ကစားသမားတွေ အများကြီးတော့ မရှိကြ ပါဘူး ။ ဒါပေမယ့် သူတို့ တွေဟာ အတွေ့အကြုံ ရင့်ကျက်ပြီး အရမ်း အရေးကြီးတဲ့ ကစားသမားတွေ ဖြစ်ကြ ပါတယ် ။ သူတို့ရဲ့ စိတ်အား ထက်သန်မှု ၊ ဘောလုံး အပေါ် ထားတဲ့ စိတ်ဓါတ် တွေကို ကျွန်တော် နှစ်သက်လှ ပါတယ် ”

” အသင်း တစ်သင်းမှာ ဒီလို ဝါရင့် ကစားသမားတွေ ရှိနေဖို့ တကယ်ပဲ လိုအပ်လှ ပါတယ် ။ ဒါ့ကြောင့်လည်း ကျွန်တော် တို့ဟာ အီဒင်ဆန်ကို အသင်းဆီ ခေါ်ယူ လာခဲ့ကြတာပါ ” လို့ ဆိုးလ်ရှား က စီနီယာ ကစားသမား တွေရဲ့ အရေးပါပုံ အကြောင်းကို ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

လက်ရှိ အချိန် အထိတော့ ကာဗာနီဟာ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် ပွဲထွက် ကစားပေး နိုင်ခြင်း မရှိခဲ့သေး ပေမယ့် ဒီတစ်ပါတ် ဝက်စ် ဘရွန်း အသင်း နဲ့ ရင်ဆိုင် ရမယ့် ပွဲစဉ်မှာ ပွဲထွက် ကစားပေးခွင့် စတင် ပိုင်ဆိုင် နိုင်လိမ့်မယ်လို့ ထင်ကြေး ပေးခံ နေရ ပါတယ် ။

ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်တဲ့ ဘာဘာတော့ဗ် ကတော့ သူဟာ အသင်း ရဲ့ အထောင် တိုက်စစ် နေရာမှာ ကာဗာနီ ၊ ဘယ် တောင်ပံမှာ အန်သိုနီ မာရှယ် နဲ့ ညာ တောင်ပံ မှာ မားကပ်စ် ရပ်ရှ်ဖို့ တို့ကို မြင်တွေ့ချင်ကြောင်း သူူ့ရဲ့ ဆန္ဒတွေကို ထုတ်ဖော် ပြောကြား ခဲ့ပါ သေးတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular