spot_img

၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်) ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဗင်နီဇွဲလား – ချီလီ (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၈ ရက် နံနက် ၃း၃၀ နာရီ)
ခြေစစ်ပွဲအဖွင့်(၃)ပွဲမှာ အီကွေဒေါရဲ့ရလဒ်ပိုင်းက မျှော်လင့်ထားတာထက် များစွာသာလွန်နေတယ်။ ကိုလံဘီယာအနေနဲ့ ဒီပွဲထပ်ရှုံးရင် နည်းပြ ကွီရော့ဇ်ရဲ့အနာဂတ်ပါ ရိုက်ခတ်သွားနိုင်တယ်။ ကိုလံဘီယာ အမှတ်ရလိမ့်မယ်။

အီကွေဒေါ – ကိုလံဘီယာ (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၈ ရက် နံနက် ၃း၃၀ နာရီ)
ဗင်နီဇွဲလားအသင်းက (၃)ပွဲစလုံး အရေးနိမ့်ထားပြီး သွင်းဂိုးလည်း လုံးဝမရသေးဘူး။ ချီလီကတော့ နိုင်ပွဲစရထားပေမဲ့ အဝေးကွင်းဆိုရင် စိတ်ချလို့မရတဲ့အသင်းပါ။ အိမ်ရှင် ဗင်နီဇွဲလား အမှတ်စရနိုင်တယ်။

myan789

ဥရုဂွေး – ဘရာဇီးလ် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၈ ရက် နံနက် ၅း၃၀ နာရီ)
ဘရာဇီးလ်အသင်းက ရာနှုန်းပြည့်နိုင်ပွဲတွေနဲ့ ခရီးဆက်နေတယ်။ ဗင်နီဇွဲလားနဲ့ပွဲတုန်းက နေမာမပါတဲ့ တိုက်စစ်မှာ ဖေမီနို၊ ဂျေးဇူး၊ ရစ်ချာလီဆန်တို့ ကစားခဲ့ပြီး ဒီအတွဲအဖက်က မာကျောတဲ့ ဥရုဂွေးနောက်တန်းကို ထိုးဖောက်ဂိုးသွင်းဖို့ မလွယ်လှဘူး။ ဥရုဂွေးခံစစ်မှာ ဂိုဒင်နဲ့ ဟီမင်နက်ဇ်တို့အကြား ကာလရှည်တည်ဆောက်ထားတဲ့ နားလည်မှုက တောင်အမေရိကဘယ် ပြိုင်ဘက်အသင်းနဲ့မဆို သာလွန်ပါတယ်။ လက်ရှိခံစစ်ပိုင်းကြောင့် အိမ်ရှင်အသင်း အမှတ်ရဖို့ရှိပါတယ်။

ပါရာဂွေး – ဘိုလစ်ဗီးယား (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၈ ရက် နံနက် ၅း၃၀ နာရီ)
ပါရာဂွေးအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ဖို့ မျှော်လင့်ချက်ထားတယ်ဆိုရင် ဒီလိုပွဲမျိုးကို မဖြစ်မနေအနိုင်ကစားဖို့ လိုအပ်ပါတယ်။ လတ်တလောခြေစွမ်းအရလည်း ပါရာဂွေးဘက်ကပဲ ရပ်တည်သင့်တယ်။

ပီရူး – အာဂျင်တီးနား (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၈ ရက် နံနက် ရးဝ၀ နာရီ)
အာဂျင်တီးနားနည်းပြ စကာလိုနီအနေနဲ့ အသင်းတိုက်စစ်ပိုင်းကို အပြောင်းအလဲလုပ်ချိန်တန်ပြီ။ မက်ဆီ-အိုကမ်ပို့စ်-လော်တာရိုမာတီနက်ဇ် အတွဲအဖက်ကို ပါရာဂွေးနဲ့ပွဲမှာ ဆက်သုံးတာကိုက အံ့အားသင့်စရာကောင်းခဲ့ပြီး စကာလိုနီအဖို့ ခေါင်းမမာသင့်တော့ဘူး။ ပီရူးက နိုင်ပွဲမရသေးတဲ့အသင်းဖြစ်ပြီး အိမ်ကွင်းလည်းဖြစ်လို့ ပိုရုန်းကန်လာနိုင်တယ်။ ဘရာဇီးလ်ကိုတောင် အနိုင်ရလုနီးပါးခြေစွမ်းနဲ့ ပီရူးအသင်း ကစားနိုင်ခဲ့လို့ လျှော့တွက်လို့မရဘူး။ အာဂျင်တီးနားကတော့ နည်းပြရဲ့ အပြောင်းအလဲပေါ်မူတည်ပြီး ဒီမာရီယာကိုသုံးရင် တောင်ပံတွေ ပိုကောင်းနိုင်တယ်။ အာဂျင်တီးနားကို ကြိုက်တယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular