spot_img

ပရီးမီးယားလိဂ်ပွဲစဉ် (၈) ပွဲကြိုသုံးသပ်ချက်

ဝက်စ်ဘရွန်း – စပါး (တနင်္ဂနွေညနေ ၆း၃၀ နာရီ)
ဝက်စ်ဘရွန်းက ချယ်လ်ဆီးကို သရေကစားခဲ့တဲ့ပွဲမှာမြင်ရတဲ့ တိုက်စစ်နဲ့ ကံကောင်း မှုကလွဲလို့ နောက်ပိုင်း သရေပွဲ၊ ရှုံးပွဲတွေက အားရစရာသိပ်မရှိပါဘူး။ စပါးက ယုံကြည်မှု မြင့်တက်နေတဲ့အသင်းဖြစ်ပြီး ခံစစ်၊ ကွင်းလယ်၊ တိုက်စစ်နေရာစုံမှာ အားထားရတဲ့ ကစား သမားတွေများနေတယ်။ Squad Depth ဖြစ်လာတယ်။ ယုံကြည်မှုကလည်း မြင့်မားနေ တယ်။ လီဗာပူးလ် ပွဲကျပ်နေတဲ့အချိန်မှာ နိုင်ပွဲကို မဖြစ်မနေယူပါလိမ့်မယ်။

လက်စတာ – ဝုလ်ဗ် (တနင်္ဂနွေည ၈း၃၀ နာရီ)
လက်စတာကလည်း လီဗာပူးလ်ပွဲကျပ်နေချိန်မှာ စပါးလိုပဲ ကျော်တက်ဖို့ ကြိုးစားရ မဲ့အသင်းဖြစ်တယ်။ ဒါပေမဲ့ ပွဲကတော့ ကျပ်တယ်။ ဝုလ်ဗ်က ရာသီအစ ရလဒ်ဆိုးတွေ ကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ပြီး နို်င်ပွဲတွေဆက်လာတာတွေ့ရတယ်။ မနှစ်က နှစ်ကျော့စလုံး ဂိုးမရှိသရေကျခဲ့ပြီး၊ ခြေစွမ်း၊ လူအင်အား၊ ရလဒ်ပိုင်း အစစအရာရာမကွာတဲ့အသင်းနှစ် သင်းပါ။ ဒီရာသီလည်း သရေပဲ ကျဖို့များတယ်။

myan789

မန်စီးတီး – လီဗာပူးလ် (တနင်္ဂနွေည ၁၁းဝ၀ နာရီ)
လီဗာပူးလ်က အမှတ်ပေးဇယားထိပ်ဆုံးကို ပြန်ရောက်လာတယ်။ ရလဒ်ပိုင်းကောင်းတယ်လို့ ပြောနိုင်ပေမဲ့ ခြေစွမ်း ပိုင်းက အကောင်းဆုံးပုံစံမဟုတ်ဘူး။ အထူးသဖြင့် ခံစစ်မှာ ပြဿနာရှိနိုင်တယ်။ မာတစ် ပြန်ကစားမယ်ဆိုရင်တောင် မန်စီးတီး လိုအသင်းမျိုးကို ထိန်းချုပ်ဖို့ကတော့ ဗန်ဒိုက်မပါရင် ပြဿနာရှိတယ်။ ဂိုးမက်ဇ်နဲ့ လူငယ်တစ်ဦးဦးတွဲကစားရင်တော့ ပိုဆိုး လိမ့်မယ်။ မန်စီးတီးက အဝေးကွင်းတွေမှာ ရုန်းကန်နေရပေမဲ့ အိမ်ကွင်းရလဒ်တွေကတော့ ကောင်းပါတယ်။ အထူးသဖြင့် ဒီယက်စ်ပါလာပြီးနောက်ပိုင်း ခံစစ်ပိုင်းစွမ်းဆောင်ရည် တိုးတက်လာတာတွေ့ရတယ်။ အဓိက ပြဿနာက တိုက်စစ်ပိုင်း ဂိုးအ ရနည်းနေတာဖြစ်ပြီး၊ ဒီပွဲမှာတော့ ဂျေးဇူးပြန်ပါလာနိုင်တာကြောင့် မန်စီးတီးတိုက်စစ်က ပိုအားကောင်းလာမယ်။ စတာလင်၊ မာရက်ဇ်တို့ရဲ့တောင်ပံတွေကလည်း ဂျေးဇူးပြန်ပါလာခြင်းနဲ့အတူ ကစားပုံ ပိုကောင်းလာနိုင်တယ်။ လီဗာပူးလ်က အမှတ်ပေး ဇယားထိပ်ဆုံးမှာ ရှိနေပြီး နိုင်ပွဲတွေ ဆက်နေပေမဲ့ မန်စီးတီး မရှုံးနိုင်လောက်ဘူး ထင်တယ်။

အာဆင်နယ် – အက်စတွန်ဗီလာ (တနင်္လာနံနက် ၁း၄၅ နာရီ)
အာဆင်နယ်က ပွဲကျပ်တွေဆက်တိုက်ကစားနေရပြီး၊ ခြေစွမ်းပိုင်းကတော့ တော် တော်လေး တည်ငြိမ်တယ်။ အရမ်းအားကောင်းတာမျိုးမဟုတ်ပေမဲ့ ဖရိုဖရဲဖြစ်နေတာမျိုး ရှားတယ်။ အူဘာမီယန်း ဂိုးပေါက်ပြန်တွေ့ခဲ့တာလည်း အသင်းအတွက် ကောင်းပါတယ်။ ဗီလာက အကောင်းဆုံးပုံစံပြနေရာက နှစ်ပွဲဆက်ရှုံးခဲ့တယ်။ ကစားတာ မညံ့ဘူး။ အာ ဆင်နယ်အတွက် ခက်ခဲနိုင်တယ်။ ဒါပေမဲ့ ဂိုးမပြတ်ဘဲ အာဆင်နယ်နိုင်ဖို့များတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular