spot_img

ယခုရာသီတွင် ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ရန် မျှော်လင့်ကြောင်း ဂွါဒီယိုလာ ဆို

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက မိမိတို့အနေဖြင့် ယခုရာသီတွင် ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ဂွါဒီယိုလာသည် မန်စီးတီးအသင်းနှင့် ယခုရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အသင်းနှင့်အတူ ချန်ပီယံလိဂ်ဖလားကို ရယူရန် မျှော်လင့်နေခြင်းဖြစ်သည်။

myan789

သို့သော် မန်စီးတီးအသင်းသည် ဂွါဒီယိုလာလက်ထက်တွင် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ကွာတားဖိုင်နယ်အဆင့်သာ အမြင့်ဆုံးတက်ရောက်နိုင်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၉-၂၀ ရာသီကလည်း ကွာတားဖိုင်နယ်တွင် လိုင်ယွန်အသင်းကို ရှုံးနိမ့်ခဲ့သည်။

ပေါ်တိုနှင့်ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်အကြို ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ဂွါဒီယိုလာက “ချန်ပီယံလိဂ်ဖလားကို ရရှိဖို့ နီးစပ်လာပြီလို့ ကျွန်တော် ခံစားရပါတယ်။ ပြီးခဲ့တဲ့ရာသီတွေက ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာတွေကို လေ့လာကြည့်တဲ့အခါ ကျွန်တော်တို့အနေနဲ့ ချန်ပီယံလိဂ်ဖလားနဲ့ နီးလာပြီလို့ ထင်ပါတယ်။ ဒါပေမဲ့ အမှားတွေကြောင့် ကျွန်တော်တို့ဟာ ချန်ပီယံလိဂ်ဖလားနဲ့ လွဲချော်နေတုန်းပါပဲ။ ပြည်တွင်းပြိုင်ပွဲတွေမှာ ဗိုလ်စွဲပြီးရင် နောက်ထပ်ပစ်မှတ်က ချန်ပီယံလိဂ်ဖလားပါပဲ။ ကျွန်တော့်တို့အနေနဲ့ ချန်ပီယံလိဂ်ဖလားကို ရယူဖို့ အခွင့်အရေးကောင်းတွေ ရှိပါတယ်။ ကျွန်တော့်တို့အနေနဲ့ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲက ထွက်ခွာခဲ့ရတာတွေကို ပြန်ကြည့်မယ်ဆိုရင် ပြိုင်ဘက်တွေနဲ့ သိပ်မကွာတာကို တွေ့ရမှာပါ။ ကွာဟချက်အနည်းငယ်ကို ကျွန်တော် ဖြေရှင်းရမှာပါ။ ဒါကို မဖြေရှင်းနိုင်ရင်တော့ ချန်ပီယံလိဂ်ဖလားဟာ ကျွန်တော်တို့နဲ့ မထိုက်တန်သေးပါဘူး”ဟု ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ၂၀၂၀-၂၁ ရာသီ ချန်ပီယံလိဂ်အုပ်စု (C) တွင် အိုလံပီယာကော့စ်၊ မာဆေးလ်၊ ပေါ်တိုအသင်းတို့နှင့်အတူ ကျရောက်နေပြီး အောက်တိုဘာ (၂၁)ရက်တွင် ပေါ်တိုနှင့် အဖွင့်ပွဲအဖြစ် အိမ်ကွင်းတွင် ကစားရမည်ဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular