spot_img

လီဗာပူးလ်နှင့်ပွဲတွင် အသင်းကစားသမားများ ခြေစွမ်းပြနိုင်ရန် မျှော်လင့်ကြောင်း အာတီတာ ဆို

အာဆင်နယ်နည်းပြ အာတီတာက လီဗာပူးလ်အသင်းနှင့်ယှဉ်ပြိုင်မည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အသင်းကစားသမားများ ခြေစွမ်းပြနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အာဆင်နယ်အသင်းသည် အာတီတာလက်ထက်တွင် လီဗာပူးလ်အသင်းနှင့် (၂)ပွဲကစားခဲ့ရာတွင် လုံးဝရှုံးနိမ့်ခဲ့ခြင်းမရှိဘဲ ပရီးမီးယားလိဂ်တွင် (၂-၁)ဂိုးဖြင့် အနိုင်ရကာ ကွန်မြူနတီဒိုင်းပွဲတွင် ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရခဲ့သည်။

myan789

အာတီတာက လီဗာပူးလ်ကို အကောင်းဆုံးယှဉ်ပြိုင်နိုင်ရန်အတွက် အသင်းကစားသမားများ ခြေစွမ်းပြနိုင်ရန် လိုအပ်သည်ဟု လီဗာပူးလ်နှင့်ပွဲအတွက် ပြုလုပ်သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အာတီတာက “လီဗာပူးလ်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်တိုင်းက ခြားနားပါတယ်။ တစ်ပွဲက အီမရိတ်စ်မှာ ကစားခဲ့တာဖြစ်ပြီး နောက်တစ်ပွဲက ကွန်မြူနတီဒိုင်းပွဲပါ။ တနင်္လာနေ့မှာ ကစားမယ့် ပွဲစဉ်ကလည်း ခြားနားမယ် ထင်ပါတယ်။ ပရီးမီးယားလိဂ်မှာ လီဗာပူးလ်အနေနဲ့ အဆင့်အတန်းတစ်ခုကို ပြသထားတယ်ဆိုတာ ကျွန်တော်တို့ ကောင်းကောင်းသိပါတယ်။ သူတို့က ပွဲကိုစိုးမိုးပြီး ခြေစွမ်းတစ်သတ်မတ်တည်းနဲ့ ကစားနိုင်တဲ့အသင်းပါ။ အဲဒီလိုအသင်းကို ယှဉ်ပြိုင်ဖို့အတွက် ကျွန်တော်တို့ အကောင်းဆုံးကစားနိုင်ဖို့ လိုပါတယ်။ လီဗာပူးလ်နဲ့ပွဲမှာ ကောင်လေး(ကစားသမား)တွေ အကောင်းဆုံး ခြေစွမ်းပြနိုင်ဖို့ မျှော်လင့်ပါတယ်”ဟု ပြောကြားခဲ့သည်။

ထို့ပြင် အာတီတာက လီဗာပူးလ်အသင်းမှာ အားနည်းချက်အလွန်နည်းပြီး မိမိတို့အနေဖြင့် ပြိုင်ဘက်အားနည်းချက်ထက် ကိုယ်လုပ်နိုင်သည့် အလုပ်ကို အကောင်းဆုံးပြင်ဆင်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

“လီဗာပူးလ်က ပိုပိုပြီးကောင်းလာတယ်လို့ ကျွန်တော် ထင်တယ်။ သူတို့က အားနည်းချက် အလွန်နည်းပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ လုပ်နိုင်တာတွေကို အကောင်းဆုံးလုပ်ဆောင်သွားဖို့ပဲ ပြင်ဆင်သွားမှာပါ”ဟု အာတီတာက ပြောကြားခဲ့သည်။

လီဗာပူးလ်နှင့် အာဆင်နယ်အသင်းတို့သည် ပရီးမီးယားအဖွင့်ပွဲစဉ် (၂)ပွဲတွင် အနိုင်ရထားကြပြီး ပွဲစဉ်(၃)အဖြစ် စက်တင်ဘာ (၂၈)ရက်တွင် အန်ဖီးလ်ကွင်း၌ ထိပ်တိုက်တွေ့ဆုံမည်ဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular