spot_img

လာလီဂါပွဲစဉ် (၃) ပွဲကြိုသုံးသပ်ချက်

အလာဗတ်စ် – ဂီတာဖေး (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၆ ရက်၊ ညနေ ၅:၃၀ နာရီ)
အလာဗတ်စ်က ပြီးခဲ့တဲ့ရာသီသိမ်းမှာ ကျဆင်းသွားတဲ့ခြေစွမ်းကို ပြန်ဆွဲတင်နိုင်ဖို့ ကြိုးစားနေရဆဲပါပဲ။ အသင်းကစားပုံ ကျစ်လျစ်လာသလိုရှိပေမယ့် တို်က်စစ်က ပုံမှန်မဖြစ်သေးတာ ပြဿနာပါပဲ။ ဂီတာဖေးကလည်း အရင်လိုပြန်မဖြစ်သေးဘူး။ ဂိုးနည်းပြီး သရေကျဖို့များတဲ့ပွဲပါပဲ။

ဗလင်စီယာ – ဟွယ်ဆကာ (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၆ ရက်၊ ည ၈:၃၀ နာရီ)
တန်းဆက် ဟွယ်ဆကာရဲ့ခြေစွမ်းက အားရစရာမရှိသေးပါဘူး။ အဝေးကွင်းပွဲဦးထွက်မှာ ဗီလာရီးယဲလ်ကို သရေကစားနိုင်ခဲ့ပေမယ့် ခံစစ်ပိုင်း စိတ်မချရသလို၊ တိုက်စစ်ကလည်း ဂိုးသွင်းအား မရှိလှဘူး။ ဒါကြောင့် တိုက်စစ်ဖွင့်ကစားပြီး အိမ်ကွင်းမှာ အလုပ်ပိုဖြစ်နေတဲ့ ဗလင်စီယာကို တောင့်ခံကစားနိုင်ဖို့ မလွယ်ဘူးထင်တယ်။ ပြီးခဲ့တဲ့ပွဲမှာ ဆယ်လ်တာဗီဂိုကို ရှုံးခဲ့လို့လည်း အခုပွဲမှာ ဗလင်စီယာတို့ ပြန်ပြီးပေါက်ကွဲလာနိုင်တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ (၂)ပွဲမှာ (၄)ဂိုးပေးထားရတဲ့ ခံစစ်ကတော့ စိုးရိမ်စရာပါ။ ဗလင်စီယာကို ရွေးထားမယ်။ ဂိုးလည်းများမယ်။

myan789

အယ်လ်ချီ – ဆိုစီဒက် (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၆ ရက်၊ ည ၁၁:၀၀ နာရီ)
အယ်လ်ချီအတွက် ပွဲဦးထွက်ဆိုပေမယ့် ခြေစမ်းပွဲတွေမှာတော့ ခံစစ်ပိုင်းကို သေချာဂရုစိုက်ပြင်ဆင်ထားနိုင်တာ တွေ့ရတယ်။ ဆိုစီဒက်ကတော့ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး တိုက်စစ်ပျောက်နေသလိုတောင်ဖြစ်နေတယ်။ ပွဲဦးထွက်မှာ တက်ကြွနေနိုင်တဲ့ အယ်လ်ချီနဲ့ ဂိုးအနည်းပဲ ကြိုက်တယ်။

ဘက်တစ် – ရီးယဲလ်မက်ဒရစ် (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၇ ရက်၊ နံနက် ၁:၃၀ နာရီ)
ရီးယဲလ်မက်ဒရစ်က ပွဲဦးထွက်မှာ ဆိုစီဒက်ကို ဂိုးရအောင် မကစားနိုင်ခဲ့ဘဲ (ဝ-ဝ)သရေသာ ကစားနိုင်ခဲ့တယ်။ ပွဲအပြီး နည်းပြ ဇီဒန်းကလည်း သူ့အသင်း ခံစစ်ကစားပုံကို စိတ်ကြိုက်တွေ့ပေမယ့် တိုက်စစ်က အားနည်းနေသေးကြောင်း၊ တိုက်စစ်ပိုင်းတိုးတက်အောင် လုပ်ဖို့လိုသေးကြောင်း ထုတ်ပြောခဲ့တယ်။ အဲဒီပွဲမှာ ဇီဒန်းဟာ (၄-၂-၃-၁)ပုံစံကို သုံး ကြည့်ခဲ့ပြီး ဒီပုံစံမပျက်အောင် ပွဲပြီးတဲ့အထိ လူစားလဲတာကအစ ထိန်းထိန်းသိမ်းသိမ်းရှိစေခဲ့တယ်။ ဘက်တစ်ကတော့ ပြီးခဲ့တဲ့ (၂)ပွဲစလုံး အနိုင်ကစားထားပြီး ပေးဂိုးမရှိအောင်ပါ ကစားပြထားလို့ နည်းပြ ပယ်လီဂရီနီအတွက် ကျေနပ်စရာပါ ပဲ။ အထူးသဖြင့် ခံစစ်ပိုင်း တည်ငြိမ်မှုပြလာနို်င်တဲ့အနေအထား က ဒီပွဲမှာ တိုက်စစ်အားနည်းနေသေးတဲ့ ရီးယဲလ်မက်ဒရစ်အ တွက် စိန်ခေါ်မှုလိုဖြစ်နေတာ သေချာတယ်။ နောက်ဆုံးတွေ့ ထားတဲ့ (၃)ကြိမ်စလုံးမှာလည်း ဘက်တစ်ကို အနိုင်မရခဲ့တဲ့ ရီးယဲလ်မက်ဒရစ်ကို ဒီပွဲအတွက် ယုံထားလို့မဖြစ်သေးဘူး ထင်တယ်။ ဘက်တစ်နဲ့ ဂိုးအနည်းပဲ ရွေးထားချင်တယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular