spot_img

ဂျာမဏီ သမိုင်းမှာ အအောင်မြင်ဆုံး ဘောလုံးသမား ဖြစ်လာခဲ့တဲ့ သောမတ်စ်မူလာ

ယမန်နေ့ ညက ကစား ခဲ့တဲ့ ဥရောပ စူပါ ဖလား ပွဲစဉ် အပြီး မှာတော့ သောမတ်စ် မူလာ ဟာ ဂျာမန် ဘောလုံး သမိုင်း ရဲ့ မှတ်တမ်းဝင် ကစား သမား ဖြစ်လာခဲ့ ပါတယ် ။ ဘိုင်ယန် မြုးနစ် အသင်းက ဆီဗီးလား အသင်း ကို ၂ – ၁ နဲ့ အနိုင် ရ ဗိုလ်စွဲ ခဲ့တဲ့ ဒီပွဲ မှာ မူလာ ဟာ ဘိုင်ယန် အသင်း ဘက်ကနေ ပါဝင် ခဲ့ပြီး အကောင်းဆုံး ကစားကာ ပွဲရဲ့ Man of the Match ဖြစ်ခဲ့ ပါတယ် ။ ဒါတင် မကပါဘူး ၊ မူလာ ဟာ ဂျာမန် ဘောလုံး သမိုင်း ရဲ့ အခမ်းနားဆုံး တစ်ယောက် လည်း ဖြစ်လာခဲ့ ပါတယ် ။

ဟန်ဂေရီ နိုင်ငံ ပွတ်ရှ်ကပ် အားကစား ကွင်းကြီး ထဲမှာ ယမန်နှစ် ရာသီက ချန်ပီယံလိဂ် ချန်ပီယံ ဘိုင်ယန် မြုးနစ် နဲ့ ယူရိုပါ လိဂ် ချန်ပီယံ ဆီဗီးလား တို့ ယှဉ်ပြိုင် ကစား ခဲ့ကြတာ ဖြစ်ပြီး ဘိုင်ယန် က အချိန်ပို မှာ အနိုင် ရရှိ သွားခဲ့ ပါတယ် ။

myan789

ဆီဗီးလား အတွက် လူးကပ် အိုကမ်ပိုစ့် က ပွဲအစ ၁၃ မိနစ် မှာ ပင်နယ်တီ ကနေ ဦးဆောင်ဂိုး စသွင်း ခဲ့ပေမယ့် ဘိုင်ယန် အတွက် လီယွန် ဂေါ်ရက်ဇ်ကာ က ပထမပိုင်း မှာတင် ပြန်လည် ချေပ ပေးခဲ့ ပါတယ် ။ ဒုတိယပိုင်း မှာတော့ ၂ သင်းစလုံး ပိုမို အကြိတ်အနယ် ရှိလာခဲ့ ကြပါတယ် ။

ဘိုင်ယန် မြုးနစ် ဘက်က လီဝန်ဒေါ့စကီး နဲ့ လီရွိုင် ဆာနေး တို့ရဲ့ သွင်းဂိုးတွေ ဟာ VAR နဲ့ ပယ်ဖျက် ခံခဲ့ ရသလို ဘိုင်ယန် ဂိုးသမား နူအာ ကလည်း တကယ် ကောင်းမွန်တဲ့ ကမ္ဘာ့ အဆင့် ကာကွယ်မှု တစ်ခု ကို ပြုလုပ် ပေးသွားခဲ့ ပါတယ် ။ အချိန်ပို ၁၀၄ မိနစ် မှာတော့ ဂျာဗီ မာတီနက် က ဘိုင်ယန်မြုးနစ် အတွက် အနိုင်ဂိုး ကို ခေါင်းတိုက် သွင်းယူ ပေးသွားခဲ့ ပါတယ် ။

ဒါဟာ ဘိုင်ယန် အတွက် ၂၀၂၀ ခုနှစ် အတွင်းမှာ စတုတ္ထ မြောက် ဆုဖလား ဖြစ်စေခဲ့ ပါတယ် ။ ဘိုင်ယန် ဟာ ပြီးခဲ့တဲ့ ရာသီက ဂျာမန် ဘွန်ဒစ်လီဂါ အမှတ်ပေး ဖလား ၊ ဂျာမန် ပိုကယ် ရှုံးထွက် ဖလား နဲ့ UEFA ချန်ပီယံလိဂ် တို့ကို ရယူ ထားခဲ့ပြီး ၂၀၁၃ ခုနှစ် က ဖလား ၃ လုံး အောင်ပွဲ ကို လိုက်မီ နိုင်ခဲ့ ပါတယ် ။

ဘောလုံး သမား ဘ၀ တစ်ခုလုံး ကို ဘိုင်ယန်မြုးနစ် အသင်းမှာ မြှပ်နှံ ထားခဲ့တဲ့ သောမတ်စ် မူလာ အတွက်လည်း ဒီဆုဖလား ဟာ ၂၆ ခုမြောက် ဆုဖလား ဖြစ်လာ စေခဲ့ ပါတယ် ။ ဒါဟာ မူလာ အနေနဲ့ ဘိုင်ယန် မြူးနစ် အသင်းဖော်ဟောင်း ဘတ်စတီယန် ရှဝိန်းစတိုင်ဂါ ရဲ့ မှတ်တမ်း နဲ့ တူညီသွား စေခဲ့ပြီး ဂျာမန် သားတွေ အနက် ဆုဖလား အများဆုံး ရယူနိုင်သူ ဖြစ်လာခဲ့ ပါတယ် ။

ဘိုင်ယန် ဟာ လာမယ့် အပတ် ဗုဒ္ဓဟူးနေ့ မှာတော့ ဂျာမန် စူပါ ဖလား ပွဲစဉ် အဖြစ် ဒေါ့မွန် အသင်းနဲ့ ယှဉ်ပြိုင် ကစား ရမှာ ဖြစ်ပြီး အဆိုပါ ပွဲမှာ ထပ်မံ ဖလား ရခဲ့ပါက မူလာ အနေနဲ့ ရှဝိန်း စတိုင်ဂါ ကို ကျော်ဖြတ် နိုင်တော့ မှာပဲ ဖြစ်ပါတယ် ။

ဒီလို ခမ်းနားတဲ့ အောင်မြင်မှုတွေ ရယူနိုင် ခဲ့သလို ကလပ် အသင်းရော လက်ရွေးစင် အသင်း မှာပါ ပုံစံကောင်း ပြသ နိုင်ခဲ့ ပေမယ့် မူလာ ဟာ ဘောလုံး လောက မှာ ထင်ပေါ်ခြင်း မရှိခဲ့ ပါဘူး ။ မူလာ ဟာ မော်ဒန် ဘောလုံး ကမ္ဘာ ရဲ့ Underrated အဖြစ်ဆုံး ကစား သမား ဖြစ်လာ ခဲ့ပြီး ယခုနှစ် ရဲ့ UEFA Player of the Year ဆု အတွက် စကာတင် စာရင်း မှာလည်း အံ့အား သင့်ဖွယ် ကျန်ရစ် ခဲ့ရ ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular