spot_img

ပရီးမီးယားလိဂ်ပွဲစဉ် (၂) ပွဲကြိုသုံးသပ်ချက်

ဆောက်သမ်တန် – စပါး (တနင်္ဂနွေညနေ ၅း၃၀ နာရီ)
ဟာဆန်တူဟယ်လ်က မနှစ်က ရာသီကုန်ခါနီးမှာ မော်ရင်ဟိုရဲ့စပါးကို အနိုင်က စားခဲ့ဖူးတယ်။ ဒီရာသီမှာတော့ နှစ်သင်းစလုံး အဖွင့်ပွဲတွေမှာ ရှုံးပွဲတွေ့ခဲ့ပြီး ခြေစွမ်းက တော့ အဆိုးကြီးမဟုတ်ပါဘူး။ လက်ရှိအနေအထားအရ ဆောက်သမ်တန်က ရှုံးပေမယ့် သက်သောင့်သက်သာရှိပြီး စပါးကတော့ ဖိအားတွေ၊ ပြဿနာတွေရှိနေသလိုပဲ။ ဒီပွဲလည်း ဆောက်သမ်တန်ကို ကြိုက်တယ်။ မော်ရင်ဟို အလွန်ဆုံးသရေလောက်ပဲ ရမယ်။

နယူးကာဆယ် – ဘရိုက်တန် (တနင်္ဂနွေည ရး၃၀ နာရီ)
နယူးကာဆယ်က ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ဝက်စ်ဟမ်းကို အဝေးကွင်းမှာ အနိုင် ရခဲ့သလို၊ လိဂ်ဖလားပွဲမှာလည်း ဘလက်ဘန်းကို ထပ်နိုင်ခဲ့တယ်။ ဘရိုက်တန်ကတော့ ချယ်လ်ဆီးကို ဂိုးပြတ်ရှုံးခဲ့တဲ့ပွဲမှာ ကစားတာ မဆိုးပါဘူး။ မာမာကျောကျောတုံ့ပြန်နိုင်ခဲ့ပြီး အချိတ်အဆက်မိတာလည်း တွေ့ရတယ်။ ခြေသိပ်မကွာတဲ့အသင်းတွေဖြစ်ပြီး ဘရိုက်တန် က နယူးကာဆယ်ဆီကနေ အမှတ်ခွဲယူနိုင်ပါတယ်။

myan789

ချယ်လ်ဆီး – လီဗာပူးလ် (တနင်္ဂနွေည ၁၀း၀၀ နာရီ)
ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ် နိုင်မယ့်အသင်းတစ်သင်းနဲ့ လက်ရှိချန်ပီယံ ထိပ်တိုက်တွေ့တဲ့ပွဲဖြစ်ပြီး နှစ်သင်း စလုံးက အဖွင့်ပွဲစဉ်တွေမှာ နိုင်ပွဲကိုယ်စီရခဲ့ကြတယ်။ ချယ်လ်ဆီးအတွက်က ဒီပွဲကိုသာ အနိုင်ကစားနိုင်ခဲ့မယ်ဆိုရင် ဒီရာသီ မှာချန်ပီယံပြေးလမ်းထဲဝင်လာဖို့ အဆင်သင့်ဖြစ်နေပြီလို့ ကြေညာလိုက်တဲ့သဘောဖြစ်ပြီး ရှုံးခဲ့ရင်တော့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေမယ့်လို့ ယူဆရတယ်။ ချယ်လ်ဆီးက အဖွင့်ပွဲမှာ ဘရိုက်တန်ကို အနိုင်ရခဲ့ပြီး မျှော်လင့်ထားသလောက်တော့ မက စားနိုင်ခဲ့ဘူး။ နောက်ခံလူ (၂)ဦးရဲ့ဂိုးတွေက ကယ်တင်ခဲ့ပေမယ့် ဒီလိုအနေအထားမျိုးက အမြဲမျှော်လင့်လို့မရဘူး။ လီဗာပူးလ် က ဆာလာ ခြေစွမ်းပြခဲ့တယ်။ ဒါပေမဲ့ စိတ်ချရပါတယ်ဆိုတဲ့ ခံစစ်မှာ ပြဿနာတွေပေါ် ခဲ့တာလည်း တွေ့ရတယ်။ ဆာလာက အသင်းဟောင်းနဲ့ ဆုံတွေ့မှာဖြစ်သလို၊ ဗာနာကလည်း သူ မပြောင်းဖြစ်ခဲ့တဲ့အသင်းနဲ့ ပြန်ရင်ဆိုင်ရမှာပါ။ ဂိုးတွေမြင်ရဖို့ ရှိတယ်။ အပြန်အလှန် သွင်းနိုင်တယ်။ (၂-၂) ဂိုးစီလောက် သရေကျသွားနိုင်တယ်။

လက်စတာ – ဘန်လေ (တနင်္လာနံနက် ၀၀း၃၀ နာရီ)
အဖွင့်ပွဲမှာ (၃)ဂိုးပြတ်နိုင်ခဲ့တဲ့အတွက် လက်စတာ ဒီပွဲအတွက်လည်း ယုံကြည်မှု ပိုရှိနေပါလိမ့်မယ်။ ဒါပေမဲ့ ဝက်စ်ဘရွန်းနဲ့ပွဲတုန်းက ကစားခဲ့တဲ့ခြေစွမ်းက အရမ်းအားရ စရာကောင်းတဲ့ ပုံစံလို့တော့ မထင်ဘူး။ ဘန်လေက ဒီပွဲမှ ကစားတာဖြစ်ပြီး ထုံးစံအတိုင်း မာကျောတဲ့အသင်းတစ်သင်းဖြစ်နေဦးမှာတော့ သေချာပါတယ်။ ဒါပေမဲ့ လက်စတာနိုင် လိမ့်မယ်။ ဂိုးမပြတ်ဘူး။ ထုံးစံအတိုင်း (၂-၁၊ ၁-ဝ)လောက်ပဲ ဖြစ်မယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular