spot_img

ပွဲစဉ်တွေကျပ်နေတဲ့အပေါ် ဝေဖန်ပြောကြားလိုက်တဲ့ အန်ဆယ်လော့တီ

ရီးရဲလ်မက်ဒရစ် မန်နေဂျာ အန်ဆယ်လော့တီက ဒီရာသီမှာ ပွဲစဉ်တွေ အများအပြား ရှိနေတဲ့အပေါ် ထပ်မံပြီး ဝေဖန်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ၂၀၂၅ ခုနှစ်အစောပိုင်းမှာ ယူအီးအက်ဖ်အေချန်ပီယံလိဂ်မှာ ပြန်လည်အားကောင်းလာခဲ့ပြီး သူတို့ရဲ့ ချန်ပီယံဆုကို ကာကွယ်ဖို့ ကြိုးစားရာမှာ အစပိုင်းမှာ အခက်အခဲတွေ ကြုံခဲ့ရပါတယ်။

အသစ်ပြောင်းလဲထားတဲ့ လိဂ်ပုံစံကို အန်ဆယ်လော့တီက ဝေဖန်ခဲ့ပြီး ယခင်က ပွဲစဉ် ၆ ပွဲကနေ အပိုပွဲစဉ် ၂ ပွဲ ထပ်ပေါင်းထည့်လိုက်တာကြောင့်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် အပိုပွဲစဉ်တွေဟာ သူ့အသင်းကို ကယ်တင်ပေးခဲ့ပါတယ်။ ဆဲလ်ဘတ် နဲ့ စတာဒီဘက် တို့ကို အနိုင်ရပြီးနောက် ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ်ရဲ့ play-off အဆင့်သို့ ရောက်ရှိခဲ့ပါတယ်။ ဒါဟာ ဥရောပမှာ သူတို့အတွက် မရင်းနှီးတဲ့ အနေအထားတစ်ခုဖြစ်ပါတယ်။

myan789

play-off နေရာရခြင်းဟာ ပွဲစဉ်တွေ အများကြီးစီတန်းနေတဲ့ စာရင်းထဲမှာ နောက်ထပ် ပွဲစဉ် ၂ ပွဲ ထပ်ပေါင်းထည့်လိုက်သလို ဖြစ်စေပါတယ်။ အန်ဆယ်လော့တီရဲ့အသင်းဟာ ရှုံးထွက်အဆင့်သို့ ရောက်ဖို့ သူတို့ရဲ့ ရန်သူဟောင်းဖြစ်တဲ့ မန်စီးတီး ဒါမှမဟုတ် ဆဲလ်တစ်ကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ လက်ရှိမှာ လာလီဂါချန်ပီယံဆုအတွက် ဒုတိယနေရာက အက်သလက်တီကိုမက်ဒရစ်ကို ၄ မှတ် ဖြတ်ထားပြီး လာမယ့်ရက်သတ္တပတ်မှာ ဆီမြွန်နီနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ သို့သော်လည်း သူတို့က လိဂ်ပွဲ ၁၇ ပွဲ ကစားရအုံးမှာဖြစ်ပါတယ်။

လိဂ်နှင့် ဥရောပပွဲစဉ်တွေအပြင် အန်ဆယ်လော့တီရဲ့အသင်းဟာ ၂၀၂၅ ခုနှစ်အစောပိုင်းမှာ ကာတာနဲ့ ဆော်ဒီအာရေးဗျကို သွားရောက်ခဲ့ပြီး ဖေဖော်ဝါရီ ၅ ရက်မှာ လီဂါနက်စ် နှင့် ကိုပါဒဲရေးရဲ့ကွာတားဖိုင်နယ် အဆင့်မှာ ရင်ဆိုင်ရမှာ

Real Madrid is preparing for a decider against Atletico Madrid on February 8.

ဖြစ်ပါတယ်။ ပွဲစဉ်တွေ အများကြီးရှိနေတဲ့အပေါ် ဘယ်လိုပြင်ဆင်မလဲဆိုတဲ့မေးခွန်းကို အန်ဆယ်လော့တီက အနားယူဖို့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

“ပြင်ဆင်ချိန်နဲ့ အနားယူချိန် မရှိပါဘူး။ ပွဲစဉ်တွေကြားမှာ နားရက်က ၃ ရက်ပဲ ရှိတဲ့အခါ ပြင်ဆင်ချိန် မရှိပါဘူး။ ပြန်လည်အားဖြည့်ခြင်း ဗီဒီယိုကြည့်ခြင်းနဲ့ ပွဲစဉ်တွေပဲ ရှိပါတယ်။ ပြီးတော့ ထပ်ခါထပ်ခါ လုပ်ရပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၄၀ ရက်အတွင်း ဖြစ်နေတဲ့အရာပါ”

“ကျွန်တော်တို့ရဲ့အလုပ်က ကစားချိန်ထားတဲ့သူတွေကို အသင့်ဖြစ်အောင် နဲ့ စိတ်အားထက်သန်အောင် လုပ်ဖို့ပါ။ ဘာလို့လဲဆိုတော့ သူတို့ဟာ မရှိမဖြစ် လိုအပ်လာမှာပါ။ ဒီပွဲတွေမှာ ကစားသမားတွေကို အလှည့်ကျကစားခိုင်းတာကို နားလည်ပေးပါ။ ကျွန်တော်က ကစားသမားတိုင်းကို လိုအပ်ပါတယ်” လို့ Diario AS ကို အန်ဆယ်လော့တီက ပြောပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ လာမယ့်ရက်သတ္တပတ်မှာ ဇယားအောက်ခြေက ရုန်းကန်နေရတဲ့ အက်စ်ပန်ညိုနှင့်ကစားရမှာဖြစ်ပြီး အန်ဆယ်လော့တီက အသင်းရဲ့အင်အားကို ပြောင်းလဲကစားဖို့ မျှော်လင့်ထားပါတယ်။ ဖေဖော်ဝါရီ ၈ ရက် အက်သလက်တီကိုမက်ဒရစ်နှင့် ချန်ပီယံဆုအတွက် အဆုံးအဖြတ်ဖြစ်စေမယ့် ပွဲအတွက်ကို ရည်ရွယ်ပြင်ဆင်နေပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular